Saturday 20 July 2013

Silver (1993)

http://www.imdb.com/title/tt0108162/

ကျနော်ပြီးခဲ့တဲ့ အပတ်က ရှရွန်စတုန်းရဲ့ ကား Basic Instinct အကြောင်း ပြောလိုက်တော့၊ ဒီတစ်ပတ်လည်း သူရဲ့ နောက်ထပ်ကား တစ်ကားကို ထပ်ပြောချင်လာတယ်ဗျာ။ ဒါကလည်း ကျနော် လူငယ်ဘ၀တုန်းက ဖြစ်ခဲ့တဲ့ စိတ်ခံစားမှုတစ်ခုကို ပြန်သတိရလို့ပါ။ ပြောခဲ့သလိုပေါ့ဗျာ။ ဒီမင်းသမီးက Basic Instinct မှာ ပေါင်ကား၊ ပေါင်ဖြဲပြတာရော၊ ခပ်ကြမ်းကြမ်း ချစ်ခန်းတွေကြောင့်ရော အတော်ကို နာမည်ကြီးသွားတယ်။ ကိုယ်တွေလည်းပဲ တော်တော် နှစ်ခြိုက်ခဲ့တယ်ဆိုပါတော့။ အဲဒါနဲ့တင် ဒီမင်းသမီးတော့ ဘာကားဆက်ထွက်မလဲဆိုတာ မျှော်ရတာပေါ့ဗျာ။ ကျနော်တို့ လူငယ်ဘ၀တုန်းက အခုခေတ်လိုမျိုး အင်တာနက်က မပေါ်သေးတော့ ဂူဂဲလ်မှာ ရိုက်ထည့်ပြီး နောက်ဘာကားရိုက်နေလဲဆိုတာ မသိနိုင်ဘူးလေ။ မျှော်တလင့်လင့်ပဲ ဖြစ်နေခဲ့တာပေါ့။

အဲ .. Basic Instinct ထွက်ပြီး တစ်နှစ်အကြာမှာ ခွေအငှားဆိုင်က ကျနော်နဲ့ သိတဲ့ ဘိုးတော်က ဟိုမင်းသမီး နောက်တစ်ကားထွက်ပြီ။ မိုက်တယ် ကြည့်ကြည့်ဆိုပြီး ပေးတော့ ကိုယ်လည်းပဲ အပြေးအလွှားနဲ့ ဒီကားကို ကြည့်ခဲ့ရတာ။ Thriller ကားဆိုတော့ Basic Instinct အတိုင်းပဲ ဖြစ်မယ် ထင်ထားခဲ့တယ်။ အခုကားမှာ မင်းသားက မိုက်ကယ်ဒေါက်ကလပ်လို နာမည်ကြီးမဟုတ်တော့ဘူး။ ပြောရမယ်ဆိုရင် မင်းသမီးအသားပေး ကားဖြစ်သွားပြီ။

Silver က ပြောရမယ်ဆိုရင် ချောင်းကြည့်တတ်သူများအတွက် သီးသန့်ထုတ်ထားတဲ့ ကားလို့ပြောရမယ်။ Voyeur ကို စိတ်ဝင်စားတဲ့သူတွေအတွက်ပေါ့ဗျ။ အံမယ် ဒီလိုပြောလို့ အထင်မသေးနဲ့နော်။ လူတွေရဲ့  စိတ်ထဲမှာ ကိန်းအောင်းနေတဲ့ ဖန်တစီတွေထဲမှာ အဲဒီ  Voyeur ကလည်း ထိပ်ဆုံးမှာပါတယ်ဗျ။ ကိုယ့်ကိုကိုယ်ပဲ မေးကြည့်ကြပါ။ ကိုယ့်ဘ၀တစ်လျှောက်မှာ ချောင်းခဲ့ဖူးတဲ့ အဖြစ်တွေ ရှိလားလို့လေ။

ဇာတ်လမ်းကတော့ အယ်ဒီတာအလုပ်လုပ်တဲ့ ရှရွန်စတုန်းက Silver လို့ နာမည်ပေးထားတဲ့ လူနေတိုက် (residential building) ထဲကို ပြောင်းလာရာက စတယ်ဆိုပါတော့။ သူမ နေတဲ့အခန်းမှာ နေသွားတဲ့ နအိုမီဆိုတဲ့ ကောင်မလေးက ကိုယ့်ကိုကိုယ် သတ်သေသွားခဲ့တာဗျ။ ဇာတ်လမ်းက အဲဒီလို လာတာ။ ရှရွန်စတုန်း ပြောင်းလာပြီးနောက်ပိုင်းမှာ အဲဒီတိုက်မှာရှိတဲ့ ဇီကီဆိုတဲ့ ဘဲနဲ့ ညိတယ်ပေါ့။ အဲဒီလို ညိရင်းနဲ့မှ နောက်ထပ် ဂျက်ဆိုတဲ့ ဘဲတစ်ဗွေကလည်း ရှရွန်စတုန်းကို လိုက်ပါလေရာ။ ဇာတ်လမ်းက အဲဒီမှာ သုံးပွင့်ဆိုင်လိုလိုဖြစ်လာပြီး ဇာတ်ရှိန်မြင့်လာတယ်လို့ ဆိုရမှာပေါ့။ အသေးစိတ်ကိုတော့ ကျနော်ပြောမနေတော့ပါဘူး။ စိတ်ဝင်စားတဲ့လူ ကြည့်လို့ရအောင် ယူကျုမှာ အဆင်သင့်တွေ့တဲ့ လင့်ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ စာတန်းထိုးလိုချင်ရင်တော့ ကျနော်ပြောခဲ့တဲ့နည်းနဲ့သာ ရှာကြည့်ကြပါ။ ဒီကားကို ရှယ်ဖြစ်သွားတာလဲ ယူကျုမှာ တစ်ကားလုံး အဆင်သင့်တွေ့ရလို့ပါ။ မြန်မာနိုင်ငံကလူတွေ ကော်နက်ရှင် သိပ်မကောင်းကြဘူး ပြောပေမယ့် တစ်ချို့ လည်း ကြည့်လို့တော့ရတယ်လို့ ပြောကြပါတယ်။ အဆင်ပြေလား မပြေလားသိရင်အောင် ကောမန့်လေး ရေးချင်လည်း ရေးထားခဲ့ကြပါ။ ကျေးဇူးတင်ပါတယ် ..


http://www.youtube.com/watch?v=zgeT5DE4dNo
အခုလေးတင်မှ ပြန်ကြည့်ဖြစ်တယ်။ လင့်က ပျက်သွားပြီဗျ။ နောက်တစ်ခုထပ်တွေ့တယ်။ စကားပြောကတော့ အင်္ဂလိပ်လိုဖြစ်မနေတော့ဘူး။ အဲဒီအတွက် ယူကျူကလင့်နဲ့ တခြားတစ်ခု တွဲပြီး ဖော်ပြပေးလိုက်တယ်ဗျာ ..
http://www.youtube.com/watch?v=BkIYpj_DasU 
(or)
http://viooz.co/movies/4248-sliver-1993.html

4 comments:

  1. ကိုနတ် A Dangerous Method (2011) ဆိုတာလေးလည်းတမျိုးကောင်းတယ် ။ ကြည့်ဖူးလားမသိဘူး ။ BDSM ကို ဆွဲလန်းသွားပုံလေး မဆိုးဘူး ။

    scandal လေးတွေ လည်းလုပ်အုန်းနော် :P

    ReplyDelete
  2. မကြည့်ရသေးဘူးဗျ .. ကြည့်လိုက်ဦးမယ် .. အဲဒါ ယူကျူမှာ အစအဆုံးရှိတယ် .. မင်းသမီးကတော့ ကျနော်ကြိုက်တဲ့မင်းသမီးပဲ Keira Knightley ဆိုတော့ သူ့ကို ကြိုက်တယ်။ ယူကျုလင့်ကတော့ ဒီမှာ .. ခင်ဗျား မြန်မာပြည်ကဆို ယူကျုက ကြည့်တာ အဆင်ပြေလား ပြောပြပေးပါဦး .. ကျေးဇူးပါ

    http://www.youtube.com/watch?v=nUU2lFZtwdA

    (ယူကျုလင့်တွေက မပျက်သွားခင် ဒေါင်းထားဗျ ..သူတို့က သိပ်အကြာကြီး မခံဘူး)

    ReplyDelete
  3. ကြည့်လို့ရတယ်ဗျ အဆင်ပြေတယ် ။

    အာပေးနေတယ်ဗျာ ။ တချို့ကားလေးတွေက ဆော့ဖ်ဝဲကိုး ဆိုပေမဲ့ တစ်ခန်းဆို တစ်ခန်းဆိုသလောက် မျက်လုံးထဲ စွဲနေအောင်ကို ကောင်းလွန်းပါတယ် ဟီး

    ReplyDelete
  4. ကောင်းတယ်ဗျာ .. အဲဒီလိုလေး ဖြေပေးတာ .. ကျနော်က ဆော့ဖ်ကိုးတိုင်းလည်း ပြောမှာတော့ မဟုတ်ဘူးဗျ။ ဇာတ်လမ်းလဲရှိ၊ နာမည်လဲကြီးတဲ့ ကားမျိုးသာပြောမှာပါ။ အညွန်းလေးနဲ့ပေါ့လေ။ အများစုကတော့ ယူကျုကလင့်ကို ရှာပေးမယ်။ မရတော့မှ တခြားမှာ ကြည့်လို့ရနိုင်တာ ပြောမယ်.. ။ အဲဒီလို စဉ်းစားထားတယ်

    ReplyDelete