Thursday 18 July 2013

ဆရာကောင်း တပည့် .. (၂၂)

မှုန်နံ့သာ အိမ်ပြန်ရောက်လို့မှ မကြာသေး၊ တင်ဇာလင်းဆီမှ ဖုန်းဝင်လာသည်။ ဒါက မှုန်နံ့သာအတွက် အံကိုက်ဖြစ်သွားစေသည်။ အကယ်၍ တင်ဇာလင်းသာ ဖုန်းမဆက်လျှင် သူမက စဆက်ဖို့ ကြံထားသည်မို့လို့ပင်။ မိုးကောင်းကင်နှင့် သူမ နှလုံးသားချင်း နားလည်သွားသည့်အကြောင်းကို ပြောချင်နေသည်လေ။ ဒေါ်ကေသီကလဲ မီးဖိုခန်းထဲတွင် အလုပ်ရှုပ်၊ ဦးစိုးသာကလဲ ပြန်မရောက်သေးဆိုတော့ မှုန်နံ့သာ ဖုန်းကို လွတ်လွတ်လပ်လပ် ရဲရဲကြီးပင် ပြောလို့ရနေသည်။

“အယ် .. တကယ်ပြောတာလား မှုန် .. “
သူမသတင်းကိုကြားတော့ တင်ဇာလင်းက သူငယ်ချင်းကောင်းပီပီ ၀မ်းသာသည့်အသံနှင့် ပြောရှာသည်။
“တကယ်ပြောတာပေါ့ … ကောင်းမလိမ်ဘူးဆိုတာ ငါယုံပါတယ် ..“
“မိန်းမ .. ၀မ်းသာလိုက်တယ်ဟယ် .. နေဦး .. ငါပြောဦးမယ် .. နင်နဲ့ငါနဲ့က တပြိုင်တည်းများ ရည်းစားတွေရမလား မသိဘူး .. ငါ့ကိုလဲ နက်ဖြန်ကျရင် ဇော်ဦးက မြို့ ထဲရှောက်လည်ရအောင်ဆိုပြီး ခေါ်နေတယ် ..“
“ဟယ် .. တကယ် .. နင်က ဘာပြန်ပြောလိုက်လဲ ..“
“ငါက .. ဘာပြန်ပြောရမှလဲ ..“

တင်ဇာလင်း ဒီလိုဖြေကတည်းက မှုန်နံ့သာ သဘောပေါက်ပါသည်။ သူမ သူငယ်ချင်း ဇော်ဦး၏ ဖိတ်ခေါ်ချက်ကို လက်ခံလိုက်သည်ဆိုတာကို။
“နင်တို့တွေ ဘယ်ကိုသွားကြမှာလဲ ..“
“မပြောတတ်ဘူး .. မှုန် .. ငါ .. ငါ အရမ်းစိတ်လှုပ်ရှားနေတယ် … သူ့ပုံစံက ငါ့ကို တခုခုပြောချင်နေတဲ့ပုံပဲ .. “
“ပြောချင်တာက မခက်ပါဘူး .. လုပ်ချင်နေတာဆိုရင်ကော ..“
“အယ် .. မှုန် .. ငါဘာလုပ်ရမလဲ .. ငါ .. ငါလေ .. သူ့ကိုသဘောကျနေတယ် ..“
“တင်ဇာ .. မိန်းမ .. နင့်ဟာကလဲ ဟိုက ခိုးရာလိုက်ခဲ့ဆိုရင်တောင် တခါထဲလိုက်သွားမယ်နဲ့တူတယ် ..“
“အ ဟိ .. လိုက်ချင်လဲ လိုက်ရမှာပဲ .. ကဲပါ .. ပြောစမ်းပါ မှုန်ရယ် .. ငါ ဘယ်လိုလုပ်ရမလဲဆိုတာ .. သူက တစ်ခုခုလုပ်လာရင် ငါ ဘယ်လောက်အထိ လိုက်လျောရမလဲ ဟင် ..“

“အင် .. ဒီကိစ္စက နင့်အပေါ်မှာပဲ မူတည်မှာ …. သူကတော့ ယောက်ျားလေးဆိုတော့ နင်လိုက်လျောနိုင်တဲ့အထိ အကဲစမ်းကြည့်မှာပဲလေ .. နင်သာချက်ချင်းကြီးအဖြေပေးလိုက်ရင် နမ်းတာလဲ ဖြစ်နိုင်သလို၊ နှိုက်တာတွေ ဆွတာတွေလဲ ရှိချင်ရှိလာမှာပေါ့..“
“ဟင်း … ခက်တယ် မှုန်ရယ် … အဲဒီလိုမျိုး အလုပ်ခံရရင် ငါစိတ်ထိန်းနိုင်ပါ့မလား … သူလည်းပဲ စိတ်ပါပြီး ဟိုဟာက ထောင်ထောင်ကြီးဖြစ်နေမှာပဲမှတ်လား … “
“တော်ပြီ .. တင်ဇာ .. ဒီအကြောင်းတွေ ဖုန်းထဲကနေ ပြောလို့မကောင်းဘူး … ငါ နင့်ကို တစ်ခုကူညီမယ် .. နက်ဖြန်မနက် ကောင်းနဲ့ exercise လုပ်ပြီးသွားရင် နင့်ဆီဝင်လာခဲ့မယ် … နင်နဲ့ ဇော်ဦးချိန်းထားတာ ဘယ်အချိန်လဲ ..“
“နေ့လည်ကြမှပါ … လာ .. လာခဲ့ မှုန် .. ငါ့ကို နဲနဲ ပြောပြစမ်းပါဦးဟယ် … အားကိုးပါရစေ ..“
“အေး .. အေး .. လာခဲ့မယ် .. ဒါဆို ဒါပဲနော် … ငါ တခြားလုပ်စရာတွေ ရှိသေးတယ် ..“

မှုန်နံ့သာ ဖုန်းချလိုက်ပြီးနောက် သူမအိပ်ခန်းရှိရာသို့ လျှောက်လာခဲ့သည်။ အခန်းထဲတွင် အ၀တ်အစားလဲနေခိုက် တင်ဇာလင်းကို ပြောခဲ့သည့် ကူညီမယ်ဆိုသည့် ကိစ္စကို သတိရသည်။ ဗီဒိုအောက်ခြေတွင် ခေါက်ထည့်ထားသည့် အ၀တ်အစားဝယ်ရမှရသည့် ပလတ်စတစ်အိတ်အရှည် တစ်လုံးကို ဆွဲ၍ မီးဖိုခန်းဘက်ထွက်လာခဲ့သည်။ ဟင်းချိုအိုးကို လျှပ်စစ်မီးဖိုနှင့် ပြန်နွှေးနေသည့် ဒေါ်ကေသီက မှုန်နံ့သာ ၀င်လာသည်ကို မြင်သည်နှင့် .

“သမီး .. ဒီမှာ အိုးလေး  ခနကြည့်ထားပေးစမ်း .. အမေ နောက်ဖေးဝင်ချင်လို့ ..“
“ဟုတ် .. အမေ ..“

မှုန်နံ့သာအတွက် အကွက်ဖြစ်သွားသည်။ ဒေါ်ကေသီပျောက်သွားသည်နှင့် ရေခဲသေတ္တာတံခါးကို ဖွင့်သည်။ ရေခဲသေတ္တာ၏ အောက်ဆုံးထပ်တွင် သူမအမေက ဟင်းသီဟင်းရွက်များကို နှစ်ရက်စာ၊ သုံးရက်စာ ၀ယ်ထားလေ့ရှိသည်။ အဆင်ပြေချင်တော့ သူမလိုချင်တာကို အရန်သင့်တွေ့သည်။ လက်နှင့်နှိုက်ကာ ယူလိုက်ပြီးနောက် အိတ်ထဲအမြန်ထည့်သည်။ မျက်စိက ဟိုကြည့်ဒီကြည့်နှင့် လိုက်ကြည့်သည်တွင် ခပ်လှမ်းလှမ်းရှိ ကြောင်အိမ်အပေါ်တွင် တင်ထားသောအရာတစ်ခုကိုမြင်သည်။ ဒါလဲမဆိုးဟု မှုန်နံ့သာ စဉ်းစားပြီး လှမ်းယူကာ အိတ်ထဲထည့်သည်။ ထိုကိစ္စ၀ိစ္စတွေ ပြီးပြီး တအောင့်အကြာ၌ ဒေါ်ကေသီ မီးဖိုထဲ ပြန်ရောက်လာသည်။ မှုန်နံ့သာလည်း မယောင်မလည်နှင့် ကျွတ်ကျွတ်အိတ်ကိုဆွဲပြီး သူမအခန်းထဲ ပြန်လျှောက်လာခဲ့လေသည် ..။

စနေနေ့မနက်သည် တောက်ပသည့် နံနက်ခင်းနှင့်အတူ မှုန်နံ့သာကို ကြိုဆိုနေပါသည်။ ချစ်သူကို ဘေးမှာထားပြီး ယှဉ်တွဲကာ ပြေးလွှားနေရခြင်းဖြစ်သည့်အတွက် မှုန်နံ့သာ အရင်ရက်တွေကထက် ပို၍ ပြေးနိုင်ပါသည်။ ခါတိုင်းဆိုလျှင် နောက်ဆုံးကွင်းတစ်ပတ်ကို မိုးကောင်းကင်နှင့် သူမ အတူမလိုက်နိုင်ပါ။ ဒီနေ့တော့ သူမ ထိုအပတ်ကို ဆုံးအောင်ပင် အတူယှဉ်ကာ ပြေးနိုင်ခဲ့သည်။ စိုင်းထီးဆိုင်၏ သီချင်းထဲကလိုပင်။ မောတော့မောတာပေါ့ .. ဒါပေမယ့် မမောဘူးဟု သူမ ခံစားနေရသည်။

“မှုန်က အများကြီး တိုးတက်လာတယ် ..  ဒီအတိုင်းသာ မှန်မှန်လေ့ကျင့်ခန်း လုပ်သွားမယ်ဆိုရင် ကောင်းစိတ်ထင် နောက်တစ်ပတ် နှစ်ပတ်လောက်ဆို မှုန်ကိုယ်ရည်စစ်ပြီး အများကြီး မိုက်သွားမယ် …“
“ဟုတ်ပါပြီ ရှင့် ... မိုးကောင်းကင်က ဒါကို သဘောကျတယ်ပေါ့ .. ဟုတ်လား ..“

မှုန်နံ့သာ ပြုံးစစနှင့် မေးလိုက်သည်။ သူမတို့နှစ်ယောက်က ထုံးစံအတိုင်း အားကစားကွင်း၏ အစွန်ရှိ မြက်ခင်းပေါ်တွင် လှဲကာ အပန်းဖြေနေကြတာဖြစ်သည်။ ဒီဘက်ပိုင်းက လမ်းမနှင့် သိပ်မနီးသဖြင့် လူသွားလူလာသိပ်မရှိ။ မိုးကောင်းကင်က ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီး သူ့လက်မောင်းကို ဆန့်ထုတ်ပေးလိုက်သည်တွင် မှုန်နံ့သာ အသာနေရာရွှေ့ ကာ မှီလိုက်သည်။ မှုန်နံ့သာက ဘယ်ဘက်ကိုစောင်း၊ မိုးကောင်းကင်က ညာဘက်ကိုစောင်းလိုက်သည်တွင် နှစ်ဦးသား၏မျက်နှာတွေက တစ်တန်းတည်း ဖြစ်သွားသည်။ မိုးကောင်းကင်၏ အကြည့်က ရွှမ်းရွှမ်းဝေနေသလို မှုန်နံ့သာကလည်း ကောင်ချောလေးကို မြတ်မြတ်နိုးနိုးနှင့် တုံ့ပြန်ကြည့်သည်။ သူတို့နှစ်ဦးကြားရှိ လေပြည်သည် အချစ်ရနံ့တွေက သင်းပျံ့ ကာရှိနေသယောင်ပင်။

“ကောင်းက မှုန့်ကို ဘယ်လိုအနေအထားနဲ့ ဖြစ်ဖြစ် သဘောကျပါတယ် .. မှုန့်ကို ချစ်မိနေပြီကိုး … ပြောရရင် တခြားသူတွေ သဘောတကျဖြစ်မှာတောင် မနာလိုဖြစ်နေပြီ … ဟင်း .. ဟင်း ..“
“အလဲ့ .. ဆရာကြီးကလဲ … ပြောတုန်းကတော့ မှုန့်ကို ဆက်ဆီကျအောင် လုပ်ပေးမယ် .. အများစိတ်ဝင်စားအောင် လုပ်ပေးမယ်ဆို ..“
“ဒါကတော့ အဲဒီတုန်းက  ဒီလိုမျိုး ချစ်သွားမယ်လို့မှ မထင်တာကိုးကွ .. ချစ်မိတော့လဲ ကိုယ့်ချစ်သူကို ကိုယ်ပဲ အလှကြည့်ချင်တာပေါ့ .. ဒါပေမယ့် ကောင်းက အမြင်ကျယ်ပါတယ် .. မှုန့်ကိုလဲ ကျောင်းမှာ ပေါ်ပြူလာဖြစ်စေချင်သေးတယ် … ဒါကလဲ ကောင်းကသာ ပြောနေတာပါ .. မှုန့်နာမည်က ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာကို ယောက်ျားလေးတွေကြားမှာ ရေပန်းစားနေပြီ ..“
“အယ် .. ဟုတ်လို့လား ..“
“ဟုတ်တာပေါ့ .. ဘာလဲ .. မှုန်က ကောင်းပြောတာ မယုံလို့လား .. မယုံရင်စောင့်ကြည့် ရှေ့လထဲရွေးမယ့် ကင်းနဲ့ကွင်း ရွေးချယ်ပွဲမှာ မှုန့်နာမည်ပါလာလိမ့်မယ် ..“

မိုးကောင်းကင်ပြောနေသည့် အကြောင်းတွေကို မှုန်နံ့သာသိပါသည်။ သူမတို့ တက်နေသည့် တက္ကသိုလ်၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲက ရှေ့ လထဲတွင် ရှိသည်။ မေဂျာစုံ ပါဝင်ဆင်နွှဲကြမှာ ဖြစ်သည်။ ပျော်ပွဲရွှင်ပွဲနှင့် ဈေးရောင်းပွဲ ရှိသလို တစ်ကျောင်းလုံး၏ ကင်းနှင့်ကွင်းရွေးပွဲလည်း ပါဝင်ပါသည်။ သက်ဆိုင်ရာ မေဂျာတစ်ခုချင်းဆီက ကင်းနှင့်ကွင်းနာမည်ကို ကျောင်းသား၊ကျောင်းသူတွေက ရွေးပေးရမှာဖြစ်ပြီး ထိုထဲမှ တစ်ကျောင်းလုံး၏ ကင်းနှင့်ကွင်းကို ပြန်ရွေးမှာဖြစ်သည်။ ခါတိုင်းသာဆိုလျှင် ဒီလိုပွဲက မှုန်နံ့သာနှင့် လားလားမှ သက်ဆိုင်မည့် ကိစ္စမဟုတ်ပေမယ့် အခုတော့ မိုးကောင်းကင်အပြောနှင့် သူမစိတ်ထဲမှာ ရင်ခုန်သလိုဖြစ်လာရသည်။

“မှုန် .. ဘယ်လိုလဲ ငြိမ်သွာပါလား .. ဘာတွေစဉ်းစားနေတာလဲ ..“
“ကောင်းပြောတာကို အတွေးရောက်သွားလို့ပါ .. မှုန် ဘယ်လိုပြောရမလဲ မသိဘူး .. မှုန့်ကိုယ်ကိုကိုယ်တော့ သိပါတယ် .. ပိုပြီးတော့ ကြည့်ကောင်းလာတယ်ဆိုတာ .. တင်ဇာကလဲ ပြောတယ် .. ဒါပေမယ့် ကွင်းအရွေးခံရဖို့လောက်အထိတော့ မထင်ထားဘူး .. မှုန်တို့မေဂျာမှာ တခြားသူတွေ ရှိနေသေးတာပဲ ..“
“အင်းပါ .. အဲဒီကိစ္စထားလိုက်ပါတော့ … ကောင်းက မှုန့်ရဲ့ တိုးတက်ပြောင်းလဲလာမှုကို ပြောပြချင်ယုံ သပ်သပ်ပါ .. ကွင်းရွေးခံရတယ် မခံရတယ်ဆိုတာကတော့ စောင့်ကြည့်ပေါ့ … သိပ်လည်း လိုတော့တာမှ မဟုတ်တာ … ကဲ  .. ပြေးပြီးပြီဆိုတော မှုန် ဘာလုပ်ကြမလဲ …“

မိုးကောင်းကင်က ထိုသို့မေးမှ မှုန်နံ့သာ တင်ဇာလင်းနှင့် ချိန်းထားသည့်အဖြစ်ကို ပြန်သတိရသည်။ ကောင်းလက်မောင်းတွင် မှီ၍ အိပ်နေရာမှ ထလိုကသည်။
“မှုန့်ကို တင်ဇာလင်း အိမ် လိုက်ပို့ပေး ကောင်း … သူနဲ့ချိန်းထားတာ ရှိလို့ .. တကယ်လို့ ကောင်းအားရင် ညနေတွေ့မယ်လေ .. မှုန့်ကို သင်ခန်းစာသင်ပေးဖို့ ရှိသေးတယ် မှတ်လား …“
“သင်ခန်းစာလား .. အ ဟီး .. ဘာမှတော့ သိပ်မရှိတော့ပါဘူး .. ဒါပေမယ့် အမှန်အတိုင်းပြောရရင် မှုန်နဲ့တော့ တွေ့ချင်သေးတယ် .. ခွဲမသွားချင်ဘူး ..“
“အပိုတွေ .. လာချွဲမနေနဲ့ .. လာ .. ထတော့ မှုန့်ကိုလိုက်ပို့ပေးတော့ …“

မှုန်နံ့သာရှိရာသို့ မိုးကောင်းကင် လက်ဆန့်ပေးသည်။ ဆွဲထူဆိုသည့်သဘော။ မှုန်နံ့သာ ချစ်မျက်စောင်းလေး တစ်ချက်ထိုးပြီး ဘသားချောကို ဆွဲထူပေးရသည်။ ထထိုင်ပြီး မတ်တပ်ရပ်လိုက်ကြသည့်တိုင် မိုးကောင်းကင်က မှုန်နံ့သာ၏ လက်ကို မလွှတ်ပါ။ လက်ချင်းတွဲလျက်သားနှင့်ပင် သူတို့နှစ်ယောက် ထွက်လာခဲ့ကြသည်။

တင်ဇာလင်းတို့ အိမ်ရှေ့ ကားထိုးရပ်ပေးလိုက်သည်တွင် သူငယ်ချင်းမက သူမကို တမျှော်မျှော်ဖြစ်နေသည်လားမသိ။ အိမ်ပေါက်ဝမှ ချက်ချင်းပေါ်လာသည်။ မိုးကောင်းကင်ကို အိမ်ပေါ်တက်ပါဦးလားဟု လှမ်းခေါ်သည်။ မိုးကောင်းကင်က မတက်တော့ဘူး၊ သူငယ်ချင်းနှစ်ယောက် အနှောင့်အယှက်ဖြစ်မှာစိုးလို့ ဟု ရယ်ကျဲကျဲနှင့် ကားထဲမှ လှမ်းနောက်ရင်း သူ့ကားကို ပြန်မောင်းထွက်သွားသည်။ မှုန်နံ့သာ ညတုန်းက ပြင်ဆင်ထားခဲ့သည် အထုပ်ကိုဆွဲရင်း အိမ်ပေါ်တက်လာခဲ့သည်။ တင်ဇာလင်းအိမ်က သူမလာနေကြမို့ အိမ်ရှေ့ခန်းမှာတောင် မထိုင်တော့ပဲ သူငယ်ချင်းမ၏ အိပ်ခန်းထဲထိ တန်းကာ လျှောက်လာသည်။ အခန်းထဲရောက်လို့ ကုတင်ပေါ် အတူထိုင်မိသည်တွင် လက်ထဲဆွဲလာသည့်အိတ်ထဲမှ အရာတွေကို မို့ယာပေါ်သွန်ချလိုက်သည်။ ထွက်ကျလာသည့်အရာတွေကို မြင်တော့ တင်ဇာလင်း မျက်လုံးပြူးသွားရှာတော့သည်။

No comments:

Post a Comment