Saturday 6 July 2013

Original Sin (2001)

http://www.imdb.com/title/tt0218922/

နောက်ထပ်ကားကောင်းလေးတစ်ခု ထပ်ညွှန်းမယ်ဗျာ။ ဒီကားက တော်တော်နာမည်ကြီးတော့ ကြည့်ဖူးတဲ့သူလည်း ကြည့်ဖူးမှာပါ။ နာမည်ကြီးဆို မင်းသမီးက လူတိုင်းကြိုက်နှစ်သက်ခဲ့ရတဲ့ Tomb Raider ထဲက Angelina Jolie ပါဝင်သရုပ်ဆောင်ထားတာလေ။ မင်းသားကလဲ တခြားသူဟုတ်ရိုးလား Antonio Banderas  လေ။ Desperado နဲ့ Zorro ထဲက မင်းသား။ ဒီကားထွက်လာတဲ့အချိန်မှာ မင်းသားရော၊ မင်းသမီးရော နာမည်တက်နေတဲ့ အချိန်ပေါ့။ အဲဒါကြောင့် Angelina Jolie ရဲ့  ချစ်တင်းနှောခန်းပါတယ်ဆိုတာနဲ့ကို လူတွေက ကြည့်ချင်နေကြတာ။ သူ ဒီလိုမျိုး အဖော်အချွတ်တွေနဲ့ sex အခန်း ကျကျနနပါပြီး ရိုက်ထားတာ ကျနော်သိသလောက် ဒီကားရယ် taking lives ဆိုတာရယ်ပဲ ရှိပါတယ်။ ဘာဘာညာညာအခန်းက ဒီကားက ပိုမိုက်တဲ့အပြင် လောလောဆယ် လင့်ကလည်း ဒီကားပဲ ရှာတွေ့လို့ပါ။ ယူကျုကနေ ရှာတာမတွေ့လို့ အွန်လိုင်းက ကြည့်လို့ရမယ့် လင့်ကိုပဲ ပေးလိုက်ပါတယ်။ အောက်ကလင့်ပါ
http://megashare.info/watch-original-sin-online-TWpFek9RPT0

တကယ်တော့ ကျနော်ပြောခဲ့သလို free download manager ဖြစ်ဖြစ်၊ IDM လို့ခေါ်တဲ့ Internet Download Manager ပဲဖြစ်ဖြစ် တင်ထားလိုက်ရင် ဒီလင့်ကို ဖွင့်လိုက်တာနဲ့ အလိုလိုဆွဲပေးပါတယ်။ free download manager ဆိုရင် Movie စကရင်ရဲ့ ဘယ်ဘက်ဒေါင့်မှာ Mouse ရဲ့ cursor ကိုထားလိုက်ရင် Download with FDM ဆိုတဲ့ Button လေးကျလာပါလိမ့်မယ်။ အဲဒီမှာ ကလစ်လုပ်ပြီး ဆွဲလိုက်ယုံပါပဲ။ ကျနော့် ကော်နက်ရှင်မှာတော့ တစ်ကားလုံးဆွဲမှ ၁၅မိနစ်ကျော်ကျော်ပဲ ကြာပါတယ်။ ဆွဲလို့ရတယ်ဆိုရင် ဒေါင်းလုပ်ဆွဲပြီးမှ ကြည့်ဖို့ အကြံပေးပါရစေ။

ဒီကားရဲ့ ဇာတ်ညွှန်းကိုတော့ သိပ်မပြောတော့ဘူးဗျာ။ Angelina Jolie ဆိုမှတော့ မကောင်းတာ မဖြစ်ဘူးဆိုတာ ခင်ဗျားတို့လည်း သိမှာပါ။ အကယ်၍သာ ရုပ်ရှင်ကြည့်လို့မရလို့ ဒီကားအကြောင်း သိချင်တယ်ဆိုရင်တော့ မင်းမြတ်သူရ ရေးတဲ့ မာယာရှင်ဆိုတာကိုသာ ဖတ်ကြည့်ပါ။ အဲဒီ ၀တ္ထုက ဒီကားကို ပြန်ရေးထားတာပဲဗျ။ သူကတော့ ဘာမှမပြောပေမယ့် ကျနော်က ဇာတ်လမ်းစလိုက်ကတည်းက ဘယ်ကားကို ကိုးကားပြီးရေးထားတာလဲဆိုတာသိနေတယ်။ အောက်ကလင့်မှာ စာအုပ်ကို ဒေါင်းယူလို့ရအောင် ကျနော်တင်ထားပေးပါတယ်။ စာအုပ်ကိုဖတ်ပြီးမှ ရုပ်ရှင်ကြည့်ချင်လည်း ဖြစ်ပါတယ်။
http://www.mediafire.com/?mhahdd2k17xnkep

သူခေါင်းစဉ်တပ်ထားသလိုပဲ မာယာရှင်တစ်ယောက်ရဲ့ လှည့်စားမှုနောက်မှာ ပိုက်ကွန်ထဲမိတဲ့ ငါးလို ရုန်းထွက်လို့မရခဲ့တဲ့ ယောက်ျားတစ်ယောက်ရဲ့ ဘ၀ကို ရိုက်ထားတာပါ။ တခါတလေတော့ ယောက်ျားတွေလည်း ချစ်မိရင် ဘာဆိုဘာမှ အပြစ်မမြင်ပဲ မိန်းမတွေ ကြိုးဆွဲရာ ကရတဲ့ ရုပ်သေးရုပ်တွေ ဖြစ်သွားကြတာပါပဲ။ မိန်းမတွေလည်း အတူတူပဲနေမှာပါ။ အဲဒါကြောင့် တခါက စာရေးဆရာတစ်ဦးကပြောဖူးတယ်ထင်တယ်။ လောကမှာ ချစ်မိတဲ့သူက စစ်ရှုံးသူပဲဆိုတာ။ ကဲ .. ဆက်အာလူးမဖုတ်တော့ပါဘူး။ အရသာပျက်သွားမှာစိုးလို့။ မကြည့်ရသေးရင် ကြည့်ဖြစ်အောင် ကြည့်ကြဖို့သာ ညွှန်းလိုက်ပါရစေ ဗျာ ..။

ဒါကတော့ ယူကျုမှာ ရှိတဲ့ နမူနာကလစ်လေးပါ။
http://www.youtube.com/watch?v=fZmNJ9xMHDM

3 comments:

  1. Ko Nat, How about "Watch Me". Have you watch that movie. It is NC17.
    Linear

    ReplyDelete
  2. အဲဒါက ဒီကားလားဗျ
    http://www.imdb.com/title/tt0118124/

    ကျနော် မကြည့်ရသေးဘူး။ အင်တာနက်မှာ ရှာကြည့်လိုက်ဦးမယ်။ အညွှန်းကတော့ စိတ်ဝင်စားဖို့ကောင်းတယ်။ ကြည့်ပြီးမှပဲ အကြောင်းပြန်တော့မယ်ဗျာ

    ReplyDelete
  3. He He i really like that movie. really sexy :)

    ReplyDelete