Thursday 4 July 2013

ဆရာကောင်း တပည့် .. (၁၅)

ညနေဘက် အတန်းဆင်းသည့် အချိန်တွင် ကော်ရစ်တာ၌ တင်ဇာလင်း စောင့်နေသည်ကို တွေ့ရသည်။ မှုန်နံ့သာ အတန်းထဲမှ ထွက်လာသည်နှင့် တင်ဇာလင်း သူမအနားသို့ရောက်လာသည်။

“ဘယ်လိုလဲ .. မှုန် .. မိုးကောင်းကင်ကိုပြောဖြစ်လား ..“
“မိန်းမ .. ဘယ်လိုဖြစ်လို့ ဒီလောက်တောင် ဖြစ်နေတာလဲ .. ဘေးမှာလဲ လူတွေနဲ့ .. လာ ဖယ်ရီပေါ်ရောက်မှ ပြောပြမယ် ..“

မှုန်နံ့သာ မျက်စောင်းထိုးကာ တုံ့ပြန်လိုက်ယုံမက၊ တင်ဇာလင်း လက်ကိုပါဆွဲ၍ ကျောင်းဖယ်ရီရှိရာသို့ ခေါ်လာခဲ့သည်။ ဖယ်ရီပေါ်ရောက်မှ နေ့လည်ကန်တင်းမှာ မိုးကောင်းကင်နှင့် ပြောဖြစ်သည့်အကြောင်းကို တဆင့်စကားပြန်ချွေရသည်။ ထို့နောက်တွင်တော့ တင်ဇာလင်းက ပြောနေသည့် တော့ပစ်ပြောင်းပြီး၊ မှုန်နံ့သာ ပြောခဲ့သည့် ရှော့ပင်းမောလ်ကို သွားရအောင်ဆိုပြီး အဖော်ညှိလာသဖြင့် သူတို့နှစ်ယောက် မြို့ထဲက မှတ်တိုင်တစ်ခုမှ ဆင်းလိုက်ကြသည်။ ထိုမှတဆင့် တက်ဆီငှား၍ ထွက်လာခဲ့သည်။ မှုန်နံ့သာက ပိုက်ဆံပါလားဟု မေးသည်တွင် နေ့လည်တုန်းက သူငယ်ချင်းတွေဆီက ဆွဲခဲ့တယ်ဆိုပြီး တင်ဇာလင်း ဖြေသည်။ သူငယ်ချင်းနှစ်ယောက် ရယ်ရယ်မောမောနှင့်ပင် ရှော့ပင်းမောလ်သို့ ရောက်လာခဲ့ကြသည်။

“မှုန် .. နင့်မျက်နှာက ဘယ်လိုဖြစ်သွားတာလဲ ..“
မနေ့ကမှ မိုးကောင်းကင်နှင့် လည်ပတ်ခဲ့ရသည့်နေရာမို့ ဆိုင်ခန်းရှေ့အရောက်တွင် မှုန်နံ့သာ မျက်နှာလေးက မှုန်မှိုင်းသွားသည်။ ဒါကို တင်ဇာလင်း မြင်သွားသည်။ မှုန်နံ့သာ သက်ပြင်းမောတစ်ချက်ကို ရှိုက်ထုတ်လိုက်ပြီးမှ ..

“တင်ဇာ ... ငါ .. ငါလေ .. အချိန်တိုင်းမှာ ကောင်းနဲ့ပတ်သက်ပြီး တွေးနေမိတယ် .. အခုလဲ ဒီရှော့ပင်းမောလ်ကို ရောက်တော့ သူ့ကို သတိရလာပြန်တယ် .. ငါ မပြောတတ်တော့ဘူး တင်ဇာ .. သူနဲ့ငါနဲ့ ဆက်ဆံရေးက ဘာဆိုတာ ဝေခွဲမရတော့ဘူး .. ကောင်းမှာ ရည်းစားမရှိတော့ဘူးဆိုတာ ငါသိနေတော့ သူက ငါ့ကို ချစ်သူရည်းစားအနေနဲ့ ဆက်ဆံတာလား … ဒါမှမဟုတ် အကူအညီလိုနေတဲ့ သူငယ်ချင်းတစ်ယောက်ကို ကူညီတာလား .. ဘယ်ဟာက ဘယ်လိုဆိုတာ ငါမှန်းဆလို့မရဘူး .. ငါ စိတ်ရှုပ်နေတယ် ဟာ ..“
“အင်း … နင့်ဟာက တကယ့်ပြသနာပဲ .. ဒါပေမယ့် မှုန် .. နင်လဲ အသိသားနဲ့ … ငါလဲ နင့်ထက်စာရင် ဘယ်ဟာမှာ ပိုပြီး အတွေ့အကြုံပိုများလို့လဲ .. ဒါပေမယ့် ငါလုပ်ပေးနိုင်တာ တစ်ခုတော့ ရှိတယ် .. မိုးကောင်းကင်ကို နင့်အစား ငါမေးပေးရမလား …“
“အာ .. မမေးပေးနဲ့ တင်ဇာ .. ဒီကိစ္စက ငါနဲ့မိုးကောင်းကင်ပဲ ဖြေရှင်းတာ ကောင်းတယ် .. နောက်ပြီး ငါ့ကိုယ်ငါပဲ အဖြေအရင်ရှာရမယ် .. ငါ့နှလုံးသားက ဘာဆိုတာ ပြတ်ပြတ်သားသား မသိရသေးပဲနဲ့ ကောင်းနဲ့ ဘာမှ ဖြေရှင်းစရာမရှိဘူးလို့ ထင်တယ် ..“
“အင်း .. ဒါလဲ ဟုတ်တာပဲ .. မိန်းမ  နင် တစ်ပတ်ထဲနဲ့ စဉ်းစားဥာဏ်တွေတောင် တက်လာပြီ .. မှန်းစမ်း … မိုးကောင်းကင်ရဲ့ အရည်ထဲက ပရိုတင်းတွေကြောင့်လား .. ဟိ .. ဟိ ..“
“ဟွန်း .. ကောင်မ .. တိုးတိုးလုပ်ပါ .. ဘေးနားကလူတွေ ကြားသွားလို့ ငါ့တို့ကို ၀ိုင်းကြည့်နေကြဦးမယ် .. အခုခေတ်က လူတွေက အကုန်လုံးတိုးတက်နေတာ .. ချက်ဆို နားခွက်က မီးတောက်ပြီးသားတွေကြီးပဲ ..“
“ဟုတ်ကဲ့ပါ ရှင့် .. မှတ်ထားပါ့မယ် .. ခိ .. ခိ ..“

မှုန်နံ့သာ တင်ဇာလင်းကို အရင်ဆုံး အတွင်းခံတွေရောင်းသည့်ဘက် ခေါ်သွားလိုက်သည်။ တင်ဇာလင်းအတွက် ဈေးချထားသည့်အထဲက ခပ်မိုက်မိုက် ဘရာနှင့် အောက်ခံနှစ်စုံ ရွေးပေးသည်။ တင်ဇာကို ၀ယ်ပေးရင်းမှ သူမလဲပဲ ဒီဇိုင်းတစ်ခုကို သဘောကျလို့ တစ်စုံထပ်ဝယ်လိုက်သည်။ မိန်းကလေးချင်းမို့ အ၀တ်လဲခန်းတစ်ခုထဲကို နှစ်ယောက်အတူဝင်ပြီး ဘရာအသစ်နှစ်ထည်ကို ၀တ်ကြည့်သည်။

“ဘဲဘဲတွေက ငါ့ဟာလေးတွေကို ဘယ်သူငမ်းမှာလဲ ဟယ် .. ရှာလို့တွေ့အောင်တောင် မနည်းကြိုးစားနေရဦးမယ် .. ဟိ .. ဟိ ..“
မှုန်နံ့သာ၏ အနေအထားနှင့်ယှဉ်ပြီး ၃၂လောက်သာ ရှိမည့် တင်ဇာလင်းက နောက်ပြောင်ပြီး ပြောသည်။ မှုန်နံ့သာအကြံတစ်ခုရပြီး တင်ဇာအတွက် ရိုးရိုးဘရာမ၀ယ်တော့ပဲ push up အမျိုးအစားကို ၀ယ်ဖို့အကြံပေးသည်။ ဒီအမျိုးအစားက ဈေးချထားသည့်အထဲတွင်မပါ။ သို့သော် လှဖို့၊ ပုံပေါ်ဖို့က အဓိကကျသည်မို့ တင်ဇာလဲ မှုန်နံ့သာပြောသည့်အတိုင်း ၀ယ်ရှာသည်။ အဲဒီနောက်တွင်တော့ သူတို့နှစ်ယောက် တစ်ဆိုင်ဝင်၊ တစ်ဆိုင်ထွက် မွှေနှောက်ခဲ့ကြရာ မှုန်နံ့သာ အိမ်ပြန်ရောက်ချိန်တွင် ည၇နာရီတောင် ထိုးတော့မည်ဖြစ်သည်။

သီချင်းလေးတညည်းညည်းနှင့် အပျော်လွန်လာခဲ့သည် မှုန်နံ့သာ၊ ပတ်ဝန်းကျင်ကို မေ့လျော့ပြီး အိမ်ပေါ်တက်လာသည့်အချိန်တွင် မနက်တုန်းက ခြုံသွားသည့် အပေါ်ဝတ်ကို ပြန်ဝတ်လာဖို့ သတိမရ။ ဧည့်ခန်းထဲတွင် ထိုင်ပြီး အအေးဖျော်ရည်တစ်ခွက်ကို သောက်နေသည့် အဖေဖြစ်သူကို မြင်မှ သတိရသည်။ သူမခေါင်းထဲတွင် အန္တရာယ်အချက်ပေး ခေါင်းလောင်းသံတွေ မြည်လို့မဆုံးသေး၊ ဦးစိုးသာ၏ ဆူပူကြိမ်းမောင်းမှုက အရင်ရောက်လာသည်။ အဖေဖြစ်သူ၏ အသံကို ကြားလို့ထင်သည်။ ဒေါ်ကေသီ မီးဖိုခန်းထဲမှ ကမန်းကတန်း ပြေးထွက်လာသည်။

ခါတိုင်း အဖေဆူလျှင် ငြိမ်ခံနေကြဖြစ်သည့် မှုန်နံ့သာ ဒီတစ်ခါတော့ ငြိမ်ခံမနေပါ။ ဦးစိုးသာ၏ ဆုံးမသြ၀ါဒ ပြီးသွားလောက်သည့် အချိန်တွင် အထွန့်တက်ကာ အရေးဆိုမိသည်။ ဒီလိုမလုပ်လို့ မဖြစ်။ သူမ အခုမှ ကျောင်းမှာစပြီး ပေါ်ပြူလာဖြစ်မလို့ ရှိသေးသည် မဟုတ်လား။ တက္ကသိုလ်ရောက်နေပြီ ဖြစ်တဲ့ အရွယ်ရောက် မိန်းကလေးတစ်ယောက်အဖို့ ဒီလိုမျိုး ၀တ်စားဆင်ယင်တာ အဆန်းမဟုတ်ဟု ဆင်ခြေပေးသည်။ မှုန်နံ့သာ ပြောခဲ့သလို over-protective ဖြစ်သည့် ဦးစိုးသာက ဒါကို လက်မခံ။ နောက်ဆုံး မနေနိုင်သည့်အဆုံး ဒေါ်ကေသီက ၀င်ဖြန်ဖြေရသည်။ ဒါပေမယ့် အမေကလဲ အဖေ့ဘက်ကပင်။ မှုန်နံ့သာ ဘက်က ဘယ်သူမှမရှိ။ သံစဉ်သာကလဲ အဖေဖြစ်သူ ဒေါသထွက်နေသည်ကို မြင်တော့ ဧည့်ခန်းထဲတောင် ထွက်မလာချေ။ နှစ်ယောက်တစ်ယောက်မို့ မှုန်နံ့သာ အလျှော့ပေးလိုက်ရသည်။ ဦးစိုးသာ၏ “ဒီ အ၀တ်တွေ မ၀တ်ရဘူး“ ဆိုသည့် တားမြစ်ချက်ကို ကြားလိုက်ပေမယ့်၊ အဲဒီအချိန်တွင် သူမ ငိုရှိုက်ပြီး အိပ်ခန်းထဲကို ပြေးဝင်သွားခဲ့ပြီ ဖြစ်သည်။ ဒေါ်ကေသီ လိုက်ဝင်လာမှာစိုးလို့ အခန်းထဲရောက်ရောက်ခြင်း တံခါးကို ဒုန်းခနဲ နေအောင် ပိတ်သည်။ အပြင်ဘက်ရှိ အဖေက ဧည့်ခန်းထဲကနေ “နင် အဲဒီလိုကြပ်ကြပ်လုပ် .. ငါနဲ့ တွေ့မယ်...“ ဟု အော်ဟစ်ကြိမ်းမောင်းနေသည့်တိုင် မှုန်နံ့သာ ဘာမှ မတုံ့ပြန်မိ။ ခေါင်းအုံးပေါ်တွင် မျက်နှာမှောက် အိပ်၍သာ အားရပါးရ ငိုကြွေးနေမိလေတော့သည် ..။

အင်္ဂါနေ့ မနက်ရောက်လို့ မှုန်နံ့သာ ကျောင်းသွားဖို့ပြင်တော့ ဦးစိုးသာ၏ စကားက နားထဲရောက်လာသည်။ မှုန်နံ့သာ နှုတ်ခမ်းထောင့်လေးကို ကိုက်၍ မှန်ရှေ့တွင် ရပ်ကာ စဉ်းစားနေသည်မှာ ဆယ့်ငါးမိနစ်လောက်ကြာပါသည်။ မနေ့ကလိုတော့ ၀တ်လို့ မဖြစ်ဆိုတာ သူမသိနေသည်။ ကိုယ်လုံးကိုပေါ်စေသည့် တီရှပ်အနက်တစ်ထည်ကို ဘရာအပေါ့စားလေးခံ၍ ၀တ်လိုက်သည်။ အောက်ဘက်တွင်တော့ စကတ်မ၀တ်တော့ပဲ ပေါင်တံအလှကို ပေါ်စေမည့် ဂျင်းဘောင်းဘီရှည်တစ်ထည်ကို ၀တ်သည်။ ဆံပင်ရှည်တွေကို ဆန့်ဆန့်ပြန့်ပြန့်ဖြစ်အောင် ဖြီးချလိုက်သောအခါ မှုန်နံ့သာ၏ ဒီဇိုင်းက အမိုက်စားလေးဖြစ်သွားပြန်သည်။ မှုန်နံ့သာ ကျောင်းစာအုပ်အနည်းငယ်ထည့်ထားသော လက်ကိုင်အိတ်ကို လက်မောင်းမှာ ချိတ်၍ အခန်းပြင်ဘက် ထွက်လိုက်သည်။ သူမအပြင်အဆင်ကို ဒေါ်ကေသီက အရင်ဆုံး မြင်သည်။ ထို့နောက်တော့ ထမင်းစားခန်းထဲတွင် ပဲပြုတ်ထမင်းစားနေသူ ဦးစိုးသာကပါ မြင်သွားသည်။ ဒေါ်ကေသီက မျက်ရိပ်မျက်ကဲဖြင့် မှုန်နံ့သာကို တစ်ခုခုပြောမည်ပြုစဉ်မှာပင် ဦးစိုးသာဆီမှ စကားကရောက်လာသည်။

"မှုန်နံ့သာ .. ဒါဘာလဲ !! .."
"ဘာက ဘာလဲ အဖေ .. အဖေတို့ မနေ့က တားမြစ်ထားတဲ့ဟာ မှုန် တစ်ခုမှ ၀တ်မထားဘူး .. ဘာလဲ ..သမီးက ကျောင်းကို ဘာမှ မ၀တ်ပဲ သွားရမှာလား .."
"မှုန် .. နင် ငါ့ကို ဒီလိုမျိုး မပြောနဲ့ .. ငါ .. အဖေ .."
"အဖေကို သမီးကလဲ ဘာမှမပြောပါဘူး .. ဒီလောက်တော့ ကျောင်းမှာရှိတဲ့ မိန်းကလေးတိုင်း ၀တ်နေကြတာပဲ .."
"သူများ ၀တ်ပေမယ့် ငါ့သမီးတွေ မ၀တ်ရဘူး !! ... နေစမ်းပါဦး .. ဒီအ၀တ်တွေ အရင်က နင့်ဆီမှာ မရှိပါဘူး .."
"မရှိဘူး .. ဟုတ်တယ် .. မှုန့်သူငယ်ချင်းတစ်ယောက်နဲ့ သွားဝယ်ထားတာ .."
"ဘယ်ကသူငယ်ချင်းလဲ .."

မှုန်နံ့သာ မဖြေ၊ ပေကပ်ကပ်နှင့် ရပ်နေသည်။ သမီးဖြစ်သူ၏ အပြုအမူကို မြင်တော့ ဦးစိုးသာ စားပွဲကထလာမည်ပြုသည်။ ဒေါ်ကေသီက ယောက်ျားဖြစ်သူ၏ လက်မောင်းကို လှမ်းဆွဲထားသည်။
"မှုန် .. သမီး .. ကျောင်းကားနောက်ကျနေတော့မယ် .. သွားတော့ .."
"ကေသီ .. မင်း .. "
"ကိုစိုးသာ .. ကျမ ဘယ်သူ့ဘက်ကမှ လိုက်ပြောတာ မဟုတ်ဘူး .. ဒါပေမယ့် သမီးပြောတာ မှန်တယ် .. သူ ၀တ်ထားတာအားလုံးက ညတုန်းက ရှင်တားမြစ်ထားခဲ့တာ တစ်ခုမှမပါဘူး .. အဲဒီတော့ လောလောဆယ်မှာ သမီးဘက်က မှန်နေတယ် .. ဒါပေမယ့် ဒီကိစ္စ ဒီမှာပြီးတယ် မထင်နဲ့ ..  မေမေတို့ ညကျရင် ဆက်ပြောရလိမ့်မယ် .. သွားတော့ .. သမီး .."

မှုန်နံ့သာ နှုတ်ခမ်းထောင့်ကို ကိုက်၍ပင် လှည့်ထွက်လာခဲ့သည်။ စိတ်ထဲလေးနေသဖြင့် ဖယ်ရီစောင့်နေကြ နေရာသို့ ဘယ်လိုဘယ်ပုံရောက်လာမှန်းတောင် မသိ။ မနေ့ကလိုလဲ သူမကို ဘယ်သူတွေက စူးစိုက်ကြည့်နေကြသည်၊ မျက်စိစားပွဲထိုင်နေကြသည်ကို ခွဲခြမ်းစိတ်ဖြာဖို့ အချိန်မရ။ အကယ်၍သာ အဖေဖြစ်သူက ရှေ့ဆက် ချုပ်ချယ်လာလျှင် ဘာဆက်လုပ်ရမလဲဆိုသည့် အတွေးကသာ သူမခေါင်းထဲတွင် ချာချာလည်လျက် ရှိနေလေသည်။

"မှုန် .. ဘယ်လိုလဲ .. ငါ ၀တ်ထားတာ မိုက်လား .."
အနားရောက်လာသည့် တင်ဇာလင်းက မေးမှ မှုန်နံ့သာ သူငယ်ချင်းဖြစ်သူကို ကြည့်မိသည်။ မနေ့က ၀ယ်ထားခဲ့သည့် အပေါ်အောက် တဆက်တည်း ဂါဝန်ကို ၀တ်ထားတာဖြစ်သည်။ ပုခုံးပြတ်အမျိုးအစားဖြစ်ပြီး၊ ဒူးခေါင်းဖုံးယုံသာရှိသည့် မိုးပြာရောင် ဂါဝန်ကြောင့် တင်ဇာလင်း၏ ပုံစံက ခါတိုင်းနှင့်မတူတာတော့ သေချာနေသည်။ ထို့အပြင် သူမသည် လေးလက်မလောက် အသာလေးရှိမည့် ခုံထူဖိနပ်ကိုလဲ စီးထားသည်။ ဝေဟင်ကို ပျံတက်မည့် ငှက်ငယ်မလေးနှယ် ကြွားကြွားဝင့်ဝင့်ရှိနေသည်။

"မိတယ် .. တင်ဇာ .. သေချာတယ် .. ဒီနေ့တော့ နင်လဲ ယောက်ျားလေးတွေ အကြည့်ကို ပိုင်ဆိုင်တော့မယ်ဆိုတာ .."
"ပိုင်မှာပါ ... ဟိ .. ဟိ .. နင် ဘေးက ပါမလာရင်ပေါ့ .."
တင်ဇာလင်းက အရွှန်းဖောက်ကာ နောက်လိုက်ပေမယ့် မှုန်နံ့သာ မရယ်ပါ။ သူမ မျက်နှာတွင် အလိုမကျ မိုးရိပ်တွေ ညို့ မှိုင်းစွာ ရှိနေလေသည်။
"ဟဲ့ .. မိမှုန် .. ဘာဖြစ်ရပြန်တာလဲ .."

ပြောစရာ၊ တိုင်ပင်စရာက ဒီသူငယ်ချင်းပဲ ရှိသဖြင့် ညတုန်းကနှင့် မနက်တုန်းက အဖြစ်အပျက်တို့ကို မှုန်နံ့သာပြောပြလိုက်သည်။ ရွှင်မြူးနေသည့် တင်ဇာလင်းတောင်မှ မှုန်နံ့သာ အကြောင်းအသိတွင် အနည်းငယ် ငြိမ်ကျသွားသည်။ သူမကတော့ အဒေါ်အပျိုကြီးနှင့်နေသူမို့ ပြသနာမရှိ။ နောက်ပြီး သူမ အဒေါ်အပျိုကြီး ကိုယ်တိုင်က ခေတ်ဆန်သည်မို့ တင်ဇာလင်း အ၀တ်အစားသစ်တွေအတွက် ဘာပြသနာမှ မတက်ခဲ့ပေ။ နောက်ဆုံးတွင်တော့ တင်ဇာလင်းက အကြံပေးသည်။ လိုအပ်လျှင် မှုန်နံ့သာအိမ်ကို လိုက်ပြီး သူမဘက်က ပြောပေးမည်၊ သူတို့နှစ်ယောက်က အချစ်ဆုံးသူငယ်ချင်းများမို့ မှုန်နံ့သာ တစ်အိမ်လုံးနှင့် တင်ဇာလင်းသိသည်။ ဦးစိုးသာကိုတော့ မှုန်နံ့သာနည်းတူ သူမကြောက်ပေမယ့် ဒေါ်ကေသီကတော့ နဂိုကတည်းက အဒေါ်ရင်းတစ်ယောက်လို ဆက်ဆံနေကြဖြစ်သည်။ ဒေါ်ကေသီသာ သူမတို့ဘက်က ရှိလျှင် အဆင်ပြေလောက်သည်ဟု တင်ဇာလင်းထောက်ပြသည်။ တင်ဇာလင်းပြောတာ ဖြစ်နိုင်သည်မို့ ထိုအခါမှ မှုန်နံ့သာ စိတ်အေးချမ်းသာမှု ပြန်ရသည်။ သူငယ်ချင်းနှစ်ယောက် ပြုံးပြုံးရယ်ရယ်ပြန်ဖြစ်ပြီး ကျောင်းရောက်လာခဲ့ကြတော့သည်။

No comments:

Post a Comment