Friday 5 July 2013

Secret Things (2002)

http://www.imdb.com/title/tt0287963/

ဒီတစ်ပတ်တော့ ကျနော့်ဘလော့ရဲ့ မိတ်ဆွေ ကိုLinear ပေးထားတဲ့ ကားလေးထဲက Secret Things ဆိုတဲ့ ပြင်သစ်ကားလေးကို ညွှန်းချင်တယ်ဗျာ။ ကျနော့်စိတ်ထင် ဒီထဲက ဘလော့မိတ်ဆွေတွေ ကြည့်ချင်မှလဲ ကြည့်ဖြစ်ဦးမှာပါ။ ကျနော်လည်းပဲ သူပြောမှ ကြည့်ဖြစ်သွားတာပါ။

ထုံးစံအတိုင်း ယူကျုလင့်ကိုပေးထားပါတယ်။ ယူကျုမှာက အင်္ဂလိပ်စာတန်းမထိုးတော့ ခင်ဗျားတို့ နားလည်ကြမှာ မဟုတ်ဘူး။ အရင်ဆုံး ကျနော်ပြောထားသလို ဒေါင်းလုပ်ဆွဲလိုက်ပါ။ အဲဒါပြီးရင် စာတန်းထိုးရှာပေးတဲ့ ဒီနေရာကနေ အင်္ဂလိပ်စာတန်းထိုးကို ဆွဲလိုက်ပါ။ ဒါဆိုရင် ကြည့်လို့ အဆင်ပြေသွားပါလိမ့်မယ်။
http://subscene.com/subtitles/secret-things-choses-secrtes/english/420115

ဇာတ်လမ်းကတော့ ဒီလိုဗျ။ Parisian ကောင်မလေးနှစ်ယောက် သူတို့ဘ၀တိုးတက်အောင် ကြံတဲ့နေရမှာ sex ကို လှေကားထစ်သဖွယ် အသုံးပြုပြီး ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံကို ရိုက်ပြထားတာပါ။ Nathalie နဲ့ Sandrine ဆိုတဲ့ကောင်မလေးနှစ်ယောက် အလုပ်တူတူပြုတ်ပြီးသကာလ နှစ်ယောက်အတူ နေထိုင်လာခဲ့ကြတာကနေ ဇာတ်ကို စဖွင့်ထားခဲ့ပါတယ်။ အဲဒီလို အတူနေရင်းကနေ အလုပ်ရအောင် ရှာ၊ အလုပ်ကိုယ်စီရတဲ့အချိန်မှာ သူတို့နှစ်ယောက်စလုံးရဲ့ အကြံက ကိုယ့်ရဲ့ ဘော့စ်ကို သွေးဆောင်ဖျားယောင်းပြီး ပရိုမိုရှင်း မြန်မြန်တက်အောင် လုပ်ကြမယ်ပေါ့။ ဒါက သူတို့နှစ်ယောက်ရဲ့ ရည်ရွယ်ထားခဲ့တာ။ အဲဒီကနေစပြီးတော့မှ ဇာတ်လမ်းရဲ့ အထွတ်အထိပ်ကို ရောက်အောင် တစ်ဆင့်ချင်း ဆွဲခေါ်ထားတာ။ လျှို့ ဝှက်သည်းဖို ဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း လှည့်ကွက်တွေက ပါလာသေးတယ်။ ဒီအလှည့်အပြောင်းတွေကြားမှာ သူငယ်ချင်းနှစ်ယောက်ရဲ့ ကြားက ဆက်ဆံရေးကလည်း တစ်မျိုးဖြစ်လာခဲ့တယ်ပေါ့။

သိပ်ပြီး ဇာတ်ကြောင်းမပြောတော့ဘူးဗျာ။ အရသာပျက်သွားမှာ စိုးလို့ပါ။ ကြည့်ကြည့်ကြပါ။ မဆိုးဘူးလို့သာဆိုချင်ပါတယ်။ စိတ်ဝင်စားဖွယ်ကောင်းတဲ့၊ မျက်လုံးကျယ်စေမယ့် အခန်းတွေလဲ ပါပါတယ်။ မိန်းကလေး သူငယ်ချင်းနှစ်ယောက်ရဲ့  သူတို့နှစ်ယောက်ကြားက သံယောဇဉ်ကို ဖွဲ့ပြထားတယ်လို့ ထင်မြင်မိပါတယ်ဗျာ ..

http://www.youtube.com/watch?v=_YgiMq0kMpQ

No comments:

Post a Comment