Monday 15 July 2013

မော်ဒယ်ဂဲလ်လေး .. (၁၈)

ဦးသန်းဝင်းတို့ လူစုပြန်သွားပြီးသည့်နောက်တွင်တော့၊ မေထိုက်အိမ်တစ်ယောက်မှာ ဆောက်တည်ရာမရပင် စိတ်လှုပ်ရှား၍ ကျန်နေခဲ့လေသည်။ မသိန်းခင်ကပင် ရိပ်မိကာ၊ ဘာဖြစ်တာလဲဟု စူးစမ်းလာသောကြောင့်၊ မေထိုက်အိမ်က ခေါင်းကိုက်သည်ဟု အကြောင်းပြကာ အခန်းထဲ ၀င်အောင်းနေလိုက်သည်။

ကျော်စိုးအုပ်က မိမိကို မှတ်မိသွားကြောင်း မေထိုက်အိမ် ကောင်းကောင်းသိသည်။ တယ်လီဖုန်းနံပါတ် တောင်းသွားခြင်းမှာလည်း၊ မိမိကို ဆက်သွယ်ဖို့ ဖြစ်ကြောင်း နားလည်သည်။ ကျော်စိုးအုပ် အဆက်အသွယ်လုပ်လာလျှင်၊ ဘယ်လိုကိစ္စမျိုးအတွက် ဖြစ်မည်ကိုလည်း မှန်းဆမိသည်။ ကံကြမ္မာမျက်နှာသာပေးမှုကြောင့် ရရှိခဲ့သော မိမိ၏အောင်မြင်ကျော်ကြားမှုများတွင် အမည်းစက်တွေ စွန်းထင်ပျက်စီးကုန်တော့မှာလားဟုလည်း တွေးပူမိသည်။ ဘယ်လိုလုပ်ရမည်ကိုတော့ မေထိုက်အိမ် မစဉ်းစားတတ်။ ကျော်စိုးအုပ်က မိမိကိုသက်ညှာထောက်ထားကာ၊ သူနှင့်ပတ်သက်ဖြစ်ပျက်ခဲ့သော ကိစ္စများကို လျှို့ ဝှက်ဖုံးထားပေးပါစေဟုသာ ဆုတောင်းရသည်။ ကျော်စိုးအုပ် ဆက်သွယ်လာလျှင်တော့၊ သည်လိုလုပ်ပေးရန် ပြောဆိုတောင်းပန်ရပါမည်။ ကျော်စိုးအုပ်က လိုက်လျှောလက်ခံပါမည်လား ..။

သို့သော် ထိုနေ့က ကျော်စိုးအုပ် ဖုန်းဆက်မလာပါ ..။
နောက်တစ်နေ့ နံနက်စောစောတွင်မှ၊ ကျော်စိုးအုပ်ထံမှ တယ်လီဖုန်းဆက်သွယ်လာသည်။ အေးအေးဆေးဆေး စကားပြောစရာရှိ၍ တွေ့လိုကြောင်းပြောသည်။ တွေ့ဆုံမည့်နေရာနှင့် အချိန်ကို အချိန်းအချက်လုပ်ပေးလိုက်ရသည်။ ချိန်းဆိုထားချက်အတိုင်း၊ မေထိုက်အိမ်သွား၍ တွေ့ရလေသည်။ တွေဆုံသည့်နေရာက ရန်ကုန်မြို့ ပြင်ရှိ လူနေကျဲပါးသည့်နေရာတစ်ခုမှ အိမ်ငယ်လေး ..။

မေထိုက်အိမ်သည်၊ မိမိကို ရုတ်တရက် မမှတ်မိစေရန်၊ တီရှပ်ပွပွ၊ ထမီတစ်ပတ်ရစ်တို့ကိုဝတ်ကာ၊ နေကာမျက်မှန်ခပ်ကြီးကြီး တစ်ခုလည်းတပ်ထားသည်။ ဂုတ်ထောက်ဆံပင်ပုံစံကိုလည်း ခေါင်းတွင်စွပ်၍ ဆယ်ကျော်သက်အရွယ်၊ အရပ်သူတစ်ယောက်အသွင်မျိုး ပြုလုပ်ကာ တက်စီကားဖြင့် ချိန်းဆိုရာသို့ သွားခဲ့လေသည်။

အိမ်က တဲအိမ်ခပ်သေးသေးလေးပါ။ ခြံဝင်းကတော့ ကျယ်သည်။ ထိုတဲအိမ်တွင် ကျော်စိုးအုပ်တစ်ယောက်တည်း ရှိနေသည်။ တဲအိမ်၏ ရှေ့ဘက်အခန်းလိုနေရာတွင် ဦးစွာထိုင်ကာ စကားပြောကြလေသည်။

"ဗွီဒီယိုအပြာကား ရိုက်ဖို့ချိန်းထားတာကို မလာပဲ၊ ငွေတွေယူပြီး ဘာကြောင့် လစ်ထွက်ပြေးသွားရတာလဲ .."
ကျော်စိုးအုပ်က စပြောသည်။
ခင်မေထိုက်လည်း၊ ထိုနေ့က ဖြစ်ပျက်ခဲ့သည်များကို အမှန်အတိုင်းပင် ပြောပြလိုက်သည်။
"ကျွန်တော်လစ်ပြေးတာတော့ မဟုတ်ပါဘူး။ ခင်ဗျားဆီက ယူထားတဲ့ငွေတွေလည်း ပြန်ပေးပါ့မယ်။ ခင်ဗျားနဲ့ ကျွန်တော် ပတ်သက်ဖြစ်ပျက်ခဲ့တာတွေကိုလည်း မေ့ထားပစ်လိုက်ပါတော့ .."
"မင်းက ကြိုးစားရုန်းကန်ပြီး ထင်ရှားအောင်မြင်လာတာကို ငါ လိုက်ပြီး အနှောင့်အယှက်မပေးချင်ပါဘူး ..။ မင်းရဲ့ တင်မူကျော် အဖြစ် လှုပ်ရှားခဲ့တဲ့အဖြစ်တွေကိုလည်း ငါ လျှို့ ဝှက်ထားပေးနိုင်ပါတယ် .. ဒါပေမယ့် .."
"ဘာ ဒါပေမယ့်လဲ .. ခင်ဗျား .. ဘာတောင်းဆိုချင်သေးလို့လဲ .."
"မင်းကိုယ်တိုင်သဘောတူလက်ခံပြီး .. အဖိုးအခယူထားခဲ့တဲ့အလုပ်ကိုတော့ ပြီးပြည့်စုံအောင် မင်းလုပ်ပေးရလိမ့်မယ် .."
"ဟို .. ဟို .. အဲဒါကတော့ လုပ်ပေးလို့မကောင်းတော့ပါဘူးဗျာ .. ယူထားတဲ့ငွေတွေ အကုန်ပြန်ပေးမယ်လေ .. နောက်ပြီး .."

ခင်မေထိုက်က ကျော်စိုးအုပ် ငွေထပ်လိုချင်လည်း ပေးမည်ဟု ပြောရန်ပြုသည်။ ကျော်စိုးအုပ်က ဖြတ်ကာပြောသည်။
"ဒီလို ငွေပြန်ပေးတာနဲ့ပြီးရောလား ... မင်းလည်း ခုစီးပွားရေးလောကမှာ ရောက်နေတာပဲ။ နားလည်ပါလိမ့်မယ် .."
"ဟုတ် .. ဟုတ်ကဲ့ .. ကျွန်တော့်ဘက်က ပျက်ကွက်တဲ့အတွက် .. နှစ်ဆ .. ပြန်လျှော်ပေးပါ့မယ်ဗျာ .. ကျေနပ်ပါနော် .."
"ဒီမယ် ချာတိတ်။ ငါက မင်းပါဝင် သရုပ်ဆောင်ပြထားတဲ့ အပြာကားကို မှတ်မှတ်ရရ သိမ်းထားချင်လို့ . . ငွေတွေအများကြီးပေးခဲ့တာ ။ မင်းက ဆယ်ဆပြန်လျှော်မယ်ဆိုရင်တောင် မရဘူး။ ကဲ .. ငါ အပြတ်ပဲပြောတော့မယ်။ မင်း အပြာကား အရိုက်မခံဘူးဆိုရင်၊ မင်းရဲ့ အပြာဓါတ်ပုံတွေကို ဖြန့်ဝေပစ်လိုက်ရုံပဲ .. ဒါဆို မင်း ကောင်းကောင်းအရှက်ကွဲပြီး လုံးဝ နလံထူနိုင်တော့မှာ မဟုတ်ဘူး .."
"ဟာ ... အဲဒီလိုတော့ မလုပ်ပါနဲ့ဗျာ .. အဲဒီပုံတွေကို ဘယ်သူမှ မပြပါဘူးလို့ ခင်ဗျား ကတိပေးခဲ့တာ မေ့နေပြီလား .."
"မမေ့ပါဘူး .. ဒါပေမယ့် မင်းဘက်က ပျက်ကွက်ခဲ့တာကိုလည်း ထည့်ပြောအုန်း။ မင်းဘက်ကမှ စကားမတည်ရင် ငါလည်း ငါပေးထားတဲ့ ကတိဘာကြောင့် တည်ရမှာလဲ .."
"ဒီလိုတော့ အကြပ်မကိုင်ပါနဲ့ဗျာ .."

"ငါ အကြပ်ကိုင်တာ မဟုတ်ဘူး ချာတိတ်၊ အလုပ်သဘောပြောနေတာ။ အခုမင်းက အခကြေးငွေယူပြီး ကြော်ငြာတွေအတွက် သရုပ်ဆောင်ပြနေသလိုပဲပေါ့။ မင်းဆိုတဲ့ ဈေးအတိုင်း ငါကအခကြေးငွေပေးမယ်ပြောတယ်။ မင်းကလည်း ငွေကို တော်တော်များများ စရံသဘောမျိုးယူပြီး ထားပြီ။ ဒီတော့ ငါလိုချင်သလိုမျိုး လာသရုပ်ဆောင်ပြရမှာပဲ .."
"အဲ .. အဲဒီအချိန်တုန်းက ကျွန်တော့်ရဲ့ ဘ၀အမှန်ကို ခင်ဗျားမသိဘူး။ အခုတော့ သိနေပြီ။ ဒီ ဗွီဒီယိုကားကို လက်ကိုင်လုပ်ပြီး ခင်ဗျား က .."
"မင်း ဘာမှပူမနေနဲ့ ချာတိတ်။ ငါက ဒီလိုယုတ်မာတဲ့ အလုပ်မျိုး မလုပ်ဘူး။ မင်းက ဟိုတုန်းက သဘောတူလက်ခံထားတဲ့အတိုင်း၊ အပြာဗွီဒီယိုကားမှာ သရုပ်ဆောင်ပေး။ အဲဒါပြီးရင် တင်မူကျော်ဆိုတဲ့ မိန်းကလေး မရှိတော့ဘူးလို့ ငါသဘောထားလိုက်မယ်။ မင်းကို မေထိုက်အိမ်အဖြစ်နဲ့ပဲ အသိအမှတ်ပြုမယ်။ တင်မူကျော်ရဲ့ အကြောင်းတွေကိုလည်း၊ ဘယ်သူ့ကိုမှ မပြောဘူး။ တင်မူကျော်ရဲ့ အပြာပုံတွေ၊ တုံးလုံးပုံတွေ၊ အပြာဗွီဒီယိုကားတွေကိုလည်း ဘယ်သူ့ကိုမှ မပြဘူး။ ငါ့ဖာသာငါပဲ သိမ်းထားမယ်။ ဒါကို ငါသေသေချာချာ ကတိပေးတယ် .."

မေထိုက်အိမ်က ကျော်စိုးအုပ်ကို စိန်းစိန်းကြည့်သည်။ ကျော်စိုးအုပ်၏ မျက်နှာပေါ်တွင် လေးနက်တည်ကြည်သော အမူအရာကို တွေ့ရသည်။ သည်လူ စကားတည်လိမ့်မည်ဟုလည်း ထင်မြင်မိသည်။ မည်သို့ဆိုစေ၊ မေထိုက်အိမ်အတွက်ကတော့ ကျော်စိုးအုပ်ကို အပြတ်ငြင်းဆန်၊ ဆန့်ကျင်နိုင်သည့် အနေအထား မရှိပါ။ ငြင်းလိုက်သည်နှင့် မိမိ၏ဘ၀တစ်ခုလုံး ပျိုကွဲပျက်စီး အရှက်ကွဲအကျိုးနည်းသွားအောင်၊ ကျော်စိုးအုပ်က ကောင်းကောင်းလုပ်နိုင်ပေသည်။ ကျော်စိုးအုပ်ထံတွင် ရှိနေသော မိမိ၏ ကိုယ်လုံးတီးဓါတ်ပုံများနှင့် အပြာပုံများ၊ မည်မျှ ရက်ရောပက်စက်သည်ကိုလည်း မေထိုက်အိမ်သိထားလေသည်။ ဒါတွေသာ ဖြန့်ဝေခံလိုက်ရလျှင် ....

သည်တော့၊ ကျော်စိုးအုပ် စကားကတိတည်ဖို့ကိုသာ မျှော်လင့်ချက်ထားကာ၊ လိုက်လျှောလက်ခံရဖို့သာ ရှိပေတော့သည်။
"ကောင်းပါပြီဗျာ .. ကျွန်တော်လုပ်ပေးပါ့မယ် ။ ခင်ဗျားသာ ပြောထားတဲ့ စကားတည်ပါစေ။ အဲဒီအလုပ်ပြီးရင် ကျွန်တော့်ကို အနှောင့်အယှက်မပေးပါနဲ့တော့။ လုံးဝမေ့ပစ်လိုက်ပါတော့ .."
"ဟာ .. မင်းကိုတော့ မမေ့ပါဘူး။ ငါက တင်မူကျော်ဆိုတာကိုပဲ မေ့ပစ်လိုက်မှာ။ မင်းကို မော်ဒယ်လ်ဂဲလ်လေး မေထိုက်အိမ်အဖြစ် ငါက ကောင်းကောင်းမွန်မွန် ဆက်ဆံသွားမယ်။ မင်းကို မော်ဒယ်လ်ဂဲလ်လုပ်ပြီး ကြော်ငြာတွေ ဘာတွေတောင် ရိုက်ချင်ရိုက်ဖြစ်အုန်းမှာ ..."
"အင်း .. ရပါတယ်ဗျာ .. ဖြစ်ပါတယ် .."
"အပြာကား ရိုက်မပြီးခင်မှာတော့ မင်းကို တင်မူကျော်အဖြစ်ပဲ သဘောထား ဆက်ဆံမယ် .. ကြားလား .."
"ဟုတ်ကဲ့ .."

မေထိုက်အိမ်မှာ ရှက်ရွံ့ စွာ ခေါင်းညိတ်ရုံမှအပ ဘာမျှမလုပ်နိုင်ရှာပါ။
"အပြာကား ရိုက်ဖို့ကတော့ အရင်ကချိန်းထားတဲ့အတိုင်းပဲ။ လာမယ့် လဆန်းသုံးရက်နေ့ ညနေငါးနာရီအရောက် မန္တလေးတောင်ခြေက အိမ်လေးကိုလာခဲ့ .."
"ဟင် .. မန္တလေးကိုတောင် လာရမှာလား .."
"ဟုတ်တယ်လေ .. ဘာခက်တာမှတ်လို့။ လေယာဉ်ပျံစီးလာလိုက်။ ရွှတ်ဆို ရောက်တာပဲ။ လေယဉ်ခ ငါပေးမယ် .."
"ဟို .. ဟို .. ဒီ .. မှာပဲ .. မရဘူလား .."
"ရန်ကုန်က ငါ့နယ်မဟုတ်ဘူး။ အပြာကား ရိုက်ဖို့ ဘယ်လိုလုပ် အဆက်အသွယ်ရှာရမလဲ။ ပြီးတော့ မင်းအနေနဲ့ကလဲ ဒီမှာဆို သွားရလာရတာ ခက်ခဲမှာပေါ့ .. ဒါကြောင့် ငါတို့ ဟိုတုန်းက ချိန်းထားသလိုပဲ ဆက်လုပ်ကြတာပေါ့။ အင်း တိုက်ဆိုင်လိုက်တာ။ တစ်နှစ်ပြန်လည်မှပဲ တကယ်ရိုက်ဖြစ်မယ် ထင်တယ် .."

ကျော်စိုးအုပ် ပြောတော့မှပင်၊ မိမိအပြာကား ရိုက်ရန် သဘောတူချိန်းဆိုခဲ့သည့်ရက်မှာ၊ နောက်ဆယ့်ငါးရက်ကျလျှင်၊ တစ်နှစ်ပတ်လည်တော့မည်ဖြစ်ကြောင်း မေထိုက်အိမ် သတိပြုမိလေတော့သည်။ နောက်ဆုံးတွင် မန္တလေးတောင်ခြေရှိ ကျော်စိုးအုပ်၏ အိမ်လေးသို့ လာရောက် အပြာကား အရိုက်ခံရန် မေထိုက်အိမ် သဘောတူလိုက်ရလေတော့သည်။

No comments:

Post a Comment