Thursday 4 July 2013

ဆရာကောင်း တပည့် .. (၁၂)

တော်သေးသည်။ မှုန်နံ့သာ အိမ်ပြန်ရောက်လာတော့ တစ်အိမ်လုံး တိတ်ဆိတ်နေလို့ အစစ်ဆေး၊ အမေးမြန်းခံခြင်းမှ သက်သာရာရသွားသည်။ အမေဖြစ်သူကိုတော့ မှုန်နံ့သာတို့ ညီအစ်မနှစ်ယောက်စလုံး ကပ်ချွဲလို့ရနေသဖြင့် သိပ်မကြောက်သော်လဲ အဖေဖြစ်သူ ဦးစိုးသာတို့တော့ သူတို့နှစ်ယောက်စလုံး ကြောက်သည်။ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်ကို သူငယ်ချင်းတစ်ယောက်နှင့် စပ်တူဖွင့်ထားသော ဦးစိုးသာသည် ခေတ်မမီသည် မဟုတ်သော်လည်း၊ သမီးတွေကိုတော့ ခေတ်မဆန်စေချင်မှန်း ညီအစ်မနှစ်ယောက်စလုံးသိသည်။ မိုးကောင်းကင် ၀ယ်ပေးထားသည့်ဟာတွေများ တွေ့သွားလို့ကတော့ မိုးမီးမလောင်လျှင်တောင်မှ သူမ နားမီးလောင်မှာ သေချာသလောက်ရှိပါသည်။

အိမ်ပြန်ရောက် အ၀တ်အစားလဲပြီးနောက် အရင်ဆုံးသတိရတာက တင်ဇာလင်းဆီ ဖုန်းဆက်ဖို့ပင်။ သူမအခန်းထဲက မသိမသာပြန်ထွက်ပြီး အမေတို့ အခန်းကိုသွားကြည့်သည်။ သူမ ထင်တာ မမှားပါ။ ဒေါ်ကေသီ အိပ်မောကျနေသည်ကို တွေ့သည်။ အသံဗလံတွေကြားပြီး နိုးသွားမှာစိုးလို့ ခြေဖျားထောက်၍ လမ်းလျှောက်ပြီး ဧည့်ခန်းဘက်ထွက်လာသည်။ အဖေဖြစ်သူက သမီးတွေ အခန်းထဲမှာ ဖုန်းခိုးပြောတာ မဖြစ်အောင် ကြိုးဖုန်းကိုသာ ၀ယ်ထားသဖြင့် မှုန်နံ့သာတစ်ယောက် ဟိုအကြောင်း၊ ဒီအကြောင်း ပြောချင်လျှင် လူလစ်အောင် စောင့်ရသည်မှာ ဆယ်တန်းအောင်ပြီးကတည်းကပင် ..။

“ဟယ်လို ... တင်ဇာလင်းနဲ့ပြောချင်လို့ပါ“
”ကောင်မ .. ဘယ်အချိန်ရောက်နေပြီလဲ .. အခုမှ ဖုန်းဆက်ရလား .. မိုးကောင်းကင်က နင့်ကို တော်တော်လေး မောင်းနေလို့လား ..”
ချစ်သူငယ်ချင်းဖြစ်သူ၏ အသံစာစာလေးက ဖုန်းဟိုဘက်ခြမ်းမှ သူမနားထဲသို့ လျှံကျလာသည်။ မှုန်နံ့သာ ဖုန်းခွက်ကို လက်ဝါးနှင့်အုပ်ထားရင်းမှ ..
”ဆောရီး .. တင်ဇာရေ .. အချိန်ကုန်လို့ကုန်သွားမှန်းတောင် မသိလိုက်လို့ .. ဟိ .. ဟိ”
”ကြည့်စမ်း ... ကြည့်စမ် .. ကောင်မ လေသံကိုက ... မှုန်စုတ် မှုန်ပဲ့ ... နင် ငါ့ကို အစကအဆုံးသေချာ ပြောစမ်း ..”

မှုန်နံ့သာ အသံတိုးတိုးနှင့်ပင် တင်ဇာလင်းကို ဒီနေ့ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကို အစမှအဆုံး အစီအရင်ခံလိုက်သည်။ တတ်နိုင်သမျှ တင်ဇာလင်း မျက်စိထဲ ပုံဖော်အောင်လဲ အသေးစိတ် သူမရှင်းပြသည်။ ခါတိုင်းဆို အပြန်အလှန် စကားများတတ်သည့် သူငယ်ချင်းမက ဒီနေ့တွင်တော့ တကယ်လား၊ ဟယ် .. အံ့သြစရာ၊ ယုံနိုင်စရာတောင် မရှိဘူး စသည့် စကားများကလွဲ၍ တခြားဘာမှ ၀င်မပြောချေ။ အချိန်နာရီဝက်မရှိတရှိလောက် ကြာအောင် ရှင်းပြပြီးမှ သူမဇာတ်လမ်းက အဆုံးသတ်ကို ရောက်တော့သည်။ တင်ဇာလင်းတော့ ဘယ်လိုနေသည်မသိ၊ မှုန်နံ့သာကတော့ ပြောပြနေရင်းနှင့်ပင် သူမစိတ်ထဲ ဟိုလိုလို ဒီလိုလို ဖြစ်လာရပြန်သည်။

”မှုန်ရယ် .. ငါတော့ ဘယ်လိုပြောရမှန်းတောင် မသိဘူး .. နင်ဒီလောက်အထိ ပြောင်းလဲသွားလိမ့်မယ်လဲ မထင်ဘူး .. နင့်အဖြစ်က တကယ်ကို မယုံနိုင်စရာပဲ .. နောက်ပြီး နင်တကယ် ပျော်တာဟုတ်ပါတာနော် .. ငါ နင့်အတွက်လဲ စိုးရိမ်တာဟာ ..”
”အင်း .. ငါ အရမ်းစိတ်လှုပ်ရှားနေတာတော့ အမှန်ပဲ တင်ဇာ .. နောက်ပြီး မိုးကောင်းကင်က ငါ့အပေါ် အရမ်းကောင်းတယ် .. သူ တကယ် မိန်းကလေးတစ်ယောက်အတွက် လိုအပ်ချက်ကို သင်ပေးနိုင်တယ်ဆိုတာကို ငါ လက်ခံတယ် .. တင်ဇာ .. ပြောလို့ပြောတာတော့ မဟုတ်ဘူး .. သူ ငါ့ကို သင်ပေးနေတာတွေဟာ ဆက်စ်တစ်ခုထဲတော့ မဟုတ်ဘူး .. ငါ့ကိုငါ ယုံကြည်လာအောင် ၊ ယောက်ျားလေးတွေနဲ့ ပတ်သက်ပြီး သိသင့်တာကိုသိအောင် ပြောပြပေးနေတယ်လို့ပဲ ငါယူဆတယ် .. ငါတော့ ငါ့ဆုံးဖြတ်ချက် မမှားဘူးလို့ထင်တယ် တင်ဇာ .. ရှေးရိုးအစဉ်အလာတွေကို ခနဖယ်ထားလိုက် .. ဒါမျိုးအခွင့်အရေးဆိုတာ ဘယ်နေရာမှာများ ရနိုင်မလဲ .. ငါ့ထက်လှတဲ့၊ ချောတဲ့မိန်းကလေးတွေတောင် အခု ငါသိတဲ့အကြောင်းတရားတွေကို သိမယ်လို့ မထင်ဘူး .. နောက်ပြီး တင်ဇာ .. ကိုယ်တိုင်သိရလို့လားတော့ မသိဘူး .. မိုးကောင်းကင် သင်ပေးတဲ့ဟာသမျှဟာ အရသာတွေချည်းပဲ .. ဟိ .. ဟိ ..”
”အေးပါ ... အေးပါ .. နင်ကတော့ ပြောအားရှိနေပြီပေါ့ .. ငါ့မှာသာ မစားရ ၀မခန်းဖြစ်နေတာ .. ဟွန်း ..”

တင်ဇာလင်း ဒီလိုပြောလာတော့ မှုန်နံ့သာ သူငယ်ချင်းဖြစ်သူကို သနားသွားသည်။ တင်ဇာနှင့် သူမဆိုတာ တစ်ဦးနှင့်တစ်ဦး ညီအစ်မအရင်းထက်တောင် ပိုချစ်ကြသူများ မဟုတ်လား။ သူကတော့ ဆက်စ်ကိစ္စနှင့်ပတ်သက်ပြီး ရှေ့တန်းရောက်နေချိန်တွင် တင်ဇာက နောက်ကျပြီး ကျန်ခဲ့မှာကို မလိုလားချေ။

”ဒီလိုလုပ်ပါလား .. တင်ဇာ .. ငါ မိုးကောင်းကင်ကို မေးပေးမယ်လေ .. နင့်ကိုရော သင်ပေးနိုင်မလားလို့ ..”
”တကယ် .. တကယ် .. နင် မေးပေးနိုင်မှာလား ..”
တင်ဇာလင်း၏ အားတက်သရောမေးသံက ဖုန်းဟိုဘက်ကနေ ဒီဘက်ရောက်လာပြန်သည်။ ဒီလိုကြပြန်တော့လဲ မှုန်နံ့သာ သူမခေါင်းထဲတွင် second thoughts ပြန်ဝင်လာပြန်သည်။ မိုးကောင်းကင်နှင့် သူမဘာမှ မဟုတ်သည့်တိုင် ကောင်းကို တခြားတစ်ယောက်နှင့် ရှယ်ရမှာကို မလိုလားသလို ဖြစ်သည်။ ဘယ်လိုကြောင့်မှန်းတော့မသိ။ မှုန်နံ့သာ ပြန်မဖြေနိုင်အားပဲ ခနတာမျှ ငြိမ်နေမိသည်။
”မှုန် .. သိပ်လဲတွေးမနေပါနဲ့ဟာ ... ငါက ဘာရယ်မဟုတ်ပဲ မေးမိတာပါ .. နင့်ရဲ့ ကောင်းကို ငါမလုပါဘူး ..”

တစ်ယောက်၏ စိတ်က တစ်ယောက်ကသိနေသည့် သူငယ်ချင်းများမို့ မှုန်နံ့သာ မျက်နှာကို မမြင်ရသည့်တိုင် တင်ဇာက သူမဘာဖြစ်နေသည်ဆိုတာကို အတတ်ပြောနိုင်သည်။
”အဲဒီလို မဟုတ်ပါဘူး တင်ဇာ .. နင်နဲ့ ငါနဲ့က သူငယ်ချင်းအရင်းကြီးတွေပါ .. နောက်ပြီး မိုးကောင်းကင်နဲ့ငါက သူငယ်ချင်းအဆင့်ပါပဲ .. ဒီလိုလုပ်လေ .. ငါ မိုးကောင်းကင်ဆီက သင်တန်းဆင်းလက်မှတ်ရတယ်ဆိုတဲ့အချိန်ကျရင် နင့်ကို သင်ပေးဖို့ ပြောပေးမယ် .. ဒါမှမဟုတ်လဲ သူ့လိုမျိုးအသင်ကောင်းမယ့် တခြားတစ်ယောက်ရှိရင်လဲ ငါ နင့်အတွက် ရှာပေးမယ် ...”
”အေးပါ .. ရပါတယ် .. နင် အဆင်ပြေမှလုပ် .. ဘာပဲဖြစ်ဖြစ် နင့်ဆီက ဒါမျိုးကြားရတာကိုကပဲ ငါ့စိတ်ထဲ ၀မ်းသာနေပြီ .. ဟိုလိုလဲ ဖြစ်နေတယ် သိလား .. ဟိ .. ဟိ”

နောက်ဆုံးစကားတွင် တင်ဇာလင်းအသံက တိုးသွားပေမယ့် မှုန်နံ့သာကတော့ သဲသဲကွဲကွဲကြားလိုက်ပါသည်။ စိတ်မထိန်းနိုင်တော့ပဲ ဖုန်းကို လက်ဝါးနှင့်အုပ်ထားသည့်တိုင် တခစ်ခစ်နှင့် ရယ်မိသည်။ ထိုအသံကြောင့်ထင်သည်။ အိမ်နောက်ဘေးဘက်မှ လှုပ်ရှားသံတစ်ခုကြားလိုက်ရပြီး ..
”မှုန် !!! ... သမီးပြန်ရောက်နေတာလား ”

အမေဖြစ်သူ အိပ်ယာက နိုးလာပြီမို့ မှုန်နံ့သာ စကားစကို ရပ်မှဖြစ်တော့မည်။
”တင်ဇာ .. ငါ့အမေ နိုးလာပြီ .. မနက်ဖြန်ကျမှ ထပ်ဆက်လိုက်တော့မယ် .. ဒါပဲနော် ”
”အိုကေ .. အိုကေ .. ဒါပဲ”
အံကိုက်ပင်။ မှုန်နံ့သာ ဖုန်းချလိုက်ပြီးသည်နှင့် ဒေါ်ကေသီ အိမ်ရှေ့ဘက်ထွက်လာတာက ကွက်တိပင်။ မှုန်နံ့သာ အမေဖြစ်သူကို စကားရော၊ ဖောရောပြောပြီးနောက် ညနေစာချက်ဖို့အတွက် မီးဖိုချောင်ထဲ လိုက်လာခဲ့သည်။ လုပ်ချင်တာတွေ လုပ်ခဲ့သော မှုန်နံ့သာအဖို့ အမေဖြစ်သူက သူမဘက်မှာ ရှိနေဖို့လိုအပ်မှန်း သူမ သဘောပေါက်သည် မဟုတ်ပါလား  ရှင် ...။

************************************************

အိပ်ရေးပျက်ခံလို့ မဖြစ်ဘူးဆိုတာ မှုန်နံ့သာ တွက်မိသည့်အတွက် ညတုန်းက စောစောအိပ်ယာဝင်ခဲ့သည်။ ထို့အတွက်ကြောင့် မနက်စောစောစီးစီး နိုးလာသည့်တိုင် သူမမှာ အားအင်အပြည့်ဖြစ်နေသည်။ မနက်ဘက်စောစောထ၍ စာကျက်တတ်သည့် သံစဉ်သာက သူမအစ်မ နှစ်ရက်စလုံး အိပ်ယာက စောစောနိုးလို့လား မသိ။ စပ်စု စူးစမ်းသည့်အကြည့်နှင့် စာကျက်နေရာမှ လှမ်းကြည့်သည်။ မှုန်နံ့သာ မမြင်ချင်ယောင်ဆောင်၍ ရေချိုးခန်းဘက် ထွက်လာခဲ့သည်။ ကိုယ်လက်သန့်စင်ပြီးလို့ အားကစားလုပ်ဖို့ရန် အ၀တ်အစားလဲပြီးချိန်တွင် မိုးကောင်းကင်၏ ကားက အဆင်သင့်ရောက်နေသည်ကို တွေ့လိုက်သည်။

အမေဖြစ်သူ၏ စူးစမ်းသည့် အကြည့်တွေကို မှုန်နံ့သာ မသိကျိုးကျွန်ပြုရင်း အိမ်ပေါက်ဝကို ထွက်လာခဲ့သည်။ စိတ်ထဲမှလဲ မိုးကောင်းကင်ကို နောက်ရက်များတွင် အိမ်၏မလှမ်းမကမ်းမှာ ကားရပ်ဖို့ ပြောရမည်။ ဒါမှမဟုတ်လဲ လမ်းထိပ်မှာ ကားရပ်ထားဖို့ ပြောရမည်ဟု တွေးသည်။ ထိုသို့မဟုတ်လျှင် တစ်ရက်မဟုတ်တစ်ရက်တော့ မှုန်နံ့သာ လျှောက်လဲချက်ပေးရတော့မှာ သေချာသလောက်ရှိပါသည်။ မိုးကောင်းကင်နှင့်သူမက ချစ်သူစုံတွဲတွေဆိုလျှင် သူတို့နှစ်ယောက်အကြောင်း မိသားစုကိုပြောပြဖို့ ၀န်မလေးပေ။ သို့ပေမယ့် အခုအခြေအနေက ထိုသို့မဟုတ်သည်မို့ မဟန်သေးဆိုတာကို မှုန်နံ့သာ သူမသာလျှင် အသိဆုံးဖြစ်ပါသည်။

ဒီနေ့တော့ တနင်္ဂနွေနေ့မို့လား မသိ၊ နံနက်ပိုင်းစောစောဖြစ်သည့်တိုင် အားကစားကွင်းတွင် လူတော်တော်များများ ရောက်နေသည်ကို တွေ့ရပါသည်။ မှုန်နံ့သာနှင့် မိုးကောင်းကင် သွေးပူလေ့ကျင့်ခန်း လုပ်ကြသည်။ ထို့နောက်တွင် အချိန်တိုအတွင်း ၀ိတ်ချဖို့ စီမံကိန်းဆွဲထားသည့် မိုးကောင်းကင်ဆီမှ ထရိန်နင်ကို မှုန်နံ့သာတစ်ယောက် အသည်းအသန်လုပ်ရသည်။ နောက်ဆုံးလုံးဝ မလှုပ်နိုင်တော့မှပဲ မရတော့ဘူးဟု အတင်းတောင်းပန်မှ မိုးကောင်းကင် လက်လျှော့လိုက်သည်။ မှုန်နံ့သာတစ်ယောက် ဘယ်လောက်ပင်ပန်းရှာသလဲဆိုလျှင် ကောင်းကောင်းတောင် မတ်တပ်မရပ်နိုင်။ အားကစားကွင်း အစွန်ရှိ မြက်ခင်းပြင်တွင် ကျောခင်းကာ လှဲရင်း အမောဖြေနေရသည်။ သူမနည်းတူ ဘေးနားတွင် ၀င်လှဲနေသည့် မိုးကောင်းကင်က ချွေးပြန်နေသည့် မှုန်နံ့သာ မျက်နှာဝင်းဝင်းလေးကို စောင်းကာကြည့်ရင်း ...

“ဘယ်လိုလဲ .. ဒီနေ့ဖို့ ချာချင်ဒေါင်းသွားပြီလား .. အိမ်ပြန်ရောက်ရင် အိပ်ဦးမှာလား ..“
”အင်း .. မပြောတတ်ဘူး ကောင်း .. ကောင်းက ဘာအစီအစဉ်ရှိသေးလို့လဲ ..”
”ရှော့ပင်းထွက်မယ်လေ .. ပြီးတော့ ကောင်းအိမ်သွားကြတာပေါ့ .. exercise ပြီးတော့ ဆက်စ်ဆာဆိုက် ထပ်လုပ်ကြတော့ပါ ... ဟီး ... ဟီး ”
”ဆက်စ်ဆာဆိုက်က ရပါတယ် .. မှုန်လဲ လုပ်ချင်ပါတယ် .. ဟိ .. ဒါပေမယ့် ရှော့ပင်းက ဘာဝယ်စရာရှိသေးလို့လဲ .. မနေ့ကလဲ အများကြီး ၀ယ်လာတာပဲကို ..”
”ရေကူးဝတ်စုံဝယ်မယ်လေ .. မှုန် ရေကူးတတ်တယ်မှတ်လား .. မကူးတတ်ရင်လဲ ကောင်းသင်ပေးမယ် .. တကယ်ဆို ကောင်းတို့အိမ်ကလေးနေ နောက်ဘက်ကိုဆင်းလိုက်ရင် ရေကူးကန်ပဲလေ ..”
”အော် .. မှုန် ရေကူးတတ်ပါတယ် .. ဒါပေမယ့် ကောင်းပါ့မလား ကောင်း .. အိမ်ထဲမှာက အကြောင်းမဟုတ်ပေမယ့် ရေကူးကန်ထဲမှာဆိုတော့ ကောင်းအိမ်ကလူတွေ မြင် ..”
”အာ .. မှုန်ကလဲ ပြသနာ မရှိပါဘူး . ကောင်းအိမ်က နားလည်မှုရှိပါတယ် .. နောက်ပြီး အခုလို အိတ်ဆာဆိုက်လုပ်ပြီးတဲ့အချိန်မှာ ရေကူးလိုက်တာလဲ တစ်ခုကောင်းတယ် မှုန် .. နောက်ပြီး ကောင်းလဲ မှုန့်ကို ရေကူးဝတ်စုံနဲ့ မြင်ချင်လို့ ...”
”ဟွန်း .. သူ့အကြိုက်တွေကြီးပဲ .. ဒါပဲနော် .. ဒီတစ်ခါဈေးဝယ်ရင်တော့ မှုန့်ဖာသာမှုန်ပေးမယ် .. ကောင်းချမ်းသာတယ်ဆိုပေမယ့် အဲဒီလိုကြီး ၀ယ်ပေးတာတော့ မကြိုက်ဘူး ..”
”ရပါတယ် မှုန်ရယ် .. တကယ်လို့ မှုန့်စိတ်ထဲမှာ တမျိုးဖြစ်တယ်ဆိုရင် .. ကောင်းအတွက် ယောက်ျားလေးအ၀တ်အစား ပြန်ဝယ်ပေးပေါ့ .. ဒီနေ့တော့ ကောင်းပဲ စိတ်ကြိုက်ဝယ်ပေးပါရစေ .. ထရိန်နင်ရဲ့ တစိတ်တပိုင်းလို့ပဲ မှုန်သဘောထားလိုက် ..”
”ပြီးရော .. ပြီးရော .. ကဲ .. ဒါဆိုလဲ ပြန်ကြရအောင် .. နှစ်ရက်တောင် မနက်ဘက်ကောင်လေးတစ်ယောက်နဲ့ ပျောက်ပျောက်သွားတယ်ဆိုတော့ မှုန့်အိမ်က မေးမှာလဲကြောက်ရတယ် ..”
”ဟုတ်လား .. မှုန်အိမ်က ချုပ်ချယ်လို့လား ..”
”အမေကတော့ မပြောပါဘူး ကောင်း ... အဖေ့ကိုသာ ကြောက်ရတယ် .. ဒီတစ်ခါ ကောင်းလာရင်တော့ အိမ်ရှေ့မှာ ကားမရပ်နဲ့ ..ညာဘက် မျက်စောင်းထိုးမှာ ရပ်ထားလိုက် .. အဲဒီအိမ်က လူမနေဘူး .. ကောင်းကား ရောက်ရောက်လာချင်း မှုန်ထွက်လာခဲ့မယ် ..”
”အိုကေ .. မှုန် .. ကောင်းက ပြသနာမရှိဘူး ..မှုန့်ဘက်က အဆင်ပြေဖို့ပဲ .”

မှုန်နံ့သာ၏ တောင်းဆိုချက်ကို မိုးကောင်းကင်က လက်ခံပြီးနောက် သူတို့မြက်ခင်းပေါ်မှ လူးလာထကာ ပြန်လာခဲ့ကြသည်။ အပြန်ကြတွင်တော့ မိုးကောင်းကင်က သူမကို လမ်းထိပ်မှာပဲ ကားရပ်ပေးသဖြင့် မှုန်နံ့သာ အိမ်ကို လမ်းလျှောက်ပြန်လာခဲ့သည်။ တော်သေးသည်ဟု ပြောရမည်။ အိမ်ပေါက်ဝ ၀င်ဝင်ချင်းပင် သတင်းစာထိုင်ဖတ်နေသည့် အဖေဖြစ်သူနှင့် တန်းတိုးသည်။ ဘာမှတော့ ထွေထွေထူးထူးမမေးပေမယ့် သူမကို စူးစမ်းကြည့်နေမှန်း မှုန်နံ့သာ အလိုလိုသိသည်။ ခေါင်းကလေးငုံ့၊ ဇက်ကလေးပုကာ နောက်ဘေးဘက်သို့ လျှောက်သွားလိုက်သည်။ စိတ်ထဲမှာတော့ မိုးကောင်းကင် နောက်ထပ်တစ်ခါပြန်မလာခင် အဖေ ဆိုင်သွားမှဖြစ်မည်ဟု ကျိတ်ဆုတောင်းနေမိသည်။ မဟုတ်လျှင် အပြင်ထွက်တာကို ပြသနာ မရှာလျှင်တောင်မှ၊ မိုးကောင်းကင်ဝတ်ခဲ့ဆိုသည့် ၀တ်စုံကိုတော့ ၀တ်၍ရနိုင်မည် မဟုတ်မှန်း မှုန်နံ့သာ စိတ်ထဲကကို သိနေပါလေသည်။

*******************************************************

No comments:

Post a Comment