တနင်္လာနေ့မနက် မှုန်နံ့သာ အိပ်ယာက နိုးလာသည်တွင် ကျောင်းမသွားခင်ပြုလုပ်နေကြ
ကိစ္စအ၀၀ကို အရင်လုပ်သည်။ ရေမချိုးခင် သတိရ၍ ရေချိုးခန်းအပြင်ဘက်တွင်ရှိသည့်
ပေါင်ချိန်စက်မှာ ၀ိတ်ချိန်ကြည့်တော့ သုံးပေါင်ကျော်ကျော်လောက်
ကျနေသည်ဆိုတာကို ပေါင်ချိန်စက်က ပြသည်။ Weekend တစ်ခုအတွင်းမှာတင် ဒီလောက်
ဖြစ်သွားသည်ဆိုတော့ မှုန်နံ့သာ ပျော်လိုက်သည့်ဖြစ်ခြင်း။
ရေချိုးနေရင်းနှင့်တောင် ၀ိုင်းစုခိုင်သိန်း၏ သီချင်းတစ်ပုဒ်ဖြစ်သော
“ကောင်မလေးတစ်ယောက်အကြောင်း” ကို ညည်းနေမိသေးသည်။
ရေချိုးပြီးသည့်နောက်တွင်တော့ မှုန်နံ့သာ အလှပြင်ဖို့ ကိစ္စလုပ်ရသည်။
တကယ်တမ်းတော့လဲ အလှပြင်သည်ဆိုတာကလဲ မျက်နှာကို ထူးထူးခြားခြား
ခြယ်သနေတာမျိုးတော့ မဟုတ်ပါ။ မိုးကောင်းကင် မနေ့တုန်းက မှာခဲ့သည့်အတိုင်း
ဝတ်သွားဖို့သာ အ၀တ်လဲရခြင်းဖြစ်သည်။ အနက်ရောင်စကတ်တိုနှင့် လိုက်ဖက်မည့်
အနီရောင်အသားပျော့ဘလောက်စ်တစ်ခုကို ရွေးလိုက်သည်။ ဖိနပ်ကိုတော့
သားရေဖိနပ်ရှည်စီးသွားမည်ဟု ကြံထားသည်။ အ၀တ်လဲပြီးနောက် မှုန်နံ့သာ
သူမကိုယ်လုံးကို မှန်ထဲမှာ လှည့်ကြည့်သည်။ သေချာတာက သူမကိုယ်သည် အရင်ကထက်
ပို၍ ကြည့်ကောင်းနေသည်ဆိုတာပင်။ ဗွီရှိတ်ပုံ ဟိုက်နေသည့် ဘလောက်စ်၏
အလည်တွင် ရင်နှစ်မွှာမြောင်းအရာက မြင်လိုက်သည်နှင့် အသည်းယားဖွယ်ရာ
ရှိနေလေသည်။ “ခိ“ ကနဲ မှုန်နံ့သာ ကိုယ့်ဖာသာကိုယ် သဘောတကျနှင့် ရယ်ပြီးနောက်
မနေ့က ၀ယ်လာသည့် အပေါ်ဝတ်ဆွယ်တာအနက်ကို ခြုံ၍ ထွက်လာခဲ့သည်။ မခြုံလို့
မဖြစ်။ ဒီအ၀တ်အစားနှင့် ကျောင်းသွားသည်ကို အမေသာ မြင်သွားလို့ကတော့
ဆုံးမသြ၀ါဒတွေ ခြွေနေမည်မှာ သေချာသလောက်ရှိပါသည်။
ဖယ်ရီစောင့်နေကြ
နေရာသို့ ရောက်သောအခါ တင်ဇာလင်းက အရင်ရောက်နှင့်နေသည်။ မှုန်နံ့သာ
အပေါ်ဝတ်ကိုချွတ်ပြီးနောက် ခါးလေးကိုထောက်၍ ကိုယ်ဟန်နွဲ့ကာ ရပ်ပြသည်။
တင်ဇာလင်း မျက်လုံးလေး ၀ိုင်းသွားပြီး အံ့အားသင့်နေသည့် ပါးစပ်ကို
လက်ဖြင့်အမြန်အုပ်ရသည်။
“မှုန်ရယ် .. အရမ်းမိတယ်ကွာ … ငါ .. ငါလဲ ကောင်လေးတွေ စိတ်မ၀င်စားတာ အ၀တ်တွေကြောင့်များလား မသိဘူး ..နော် ..“
“ဟုတ်တယ် .. တင်ဇာ ..လူမှာအ၀တ်တောင်းမှာအကွပ်ဆိုတာ သိပ်မှန်တာပဲ .. နေဦး .. နင့်အတွက် ဘာလုပ်ရင် ကောင်းမလဲ ..“
“အားငယ်တယ်ဟယ်
.. ငါ့မှာက နင့်လိုမျိုး ကိုယ့်ကိုဆင်ြမန်းပေးနိုင်မယ့်
ပိုက်ဆံရှိတဲ့ကောင်လေး မရှိဘူး .. စပွန်ဆာအန်ကယ်ကြီးပဲ ရှာရမလား ဟယ် ..“
“ဟာ .. တင်ဇာကလဲ .. အဲဒီလောက်ထိ မလိုပါဘူး … အကုန်အကျမများပဲနဲ့ လှနိုင့်မယ့်နည်းကို ရှာကြတာပေါ့ ..“
“ဘယ်လိုဟာမျိုးလဲ ..“
“မနေ့က
ကောင်းနဲ့ ငါနဲ့ သွားတဲ့ xxx ရှော့ပင်းမောလ်မှာ opening sale ဆိုပြီး
ဒစ်စကောင့်ချထားတာ ရှိတယ် .. ကွာလတီကောင်းပြီး ဒီဇိုင်းတွေကလဲ လန်းတယ် ..
နင်နဲ့ငါနဲ့ ပြန်သွားကြတာပေါ့ ..“
“တကယ် !! … ဒါဆိုရင် နက်ဖြန်သွားမယ်လား .. ဒါမှမဟုတ် ညနေအတန်းပြီးရင် လစ်ကြမလား .. ဖြစ်တယ်ဟုတ်..“
မှုန်နံ့သာ
ခေါင်းညိတ်ပြလိုက်သည့်အချိန်မှာပင် သူတို့ကျောင်းဖယ်ရီက ရှေ့တည့်တည့်သို့
ဆိုက်ရောက်လာပါ၏။ တင်ဇာလင်းနှင့် စကားပြောစဉ်ကတည်းက မှုန်နံ့သာသည်
အပေါ်ဝတ်ကို ချွတ်ထားပြီးသား ဖြစ်နေရာ၊ အခုအချိန်တွင် သူမကိုယ်က
ထင်းထင်းလင်းလင်း ဖြစ်နေသည်ဟု ဆိုရမည်။ မှုန်နံ့သာနှင့် တင်ဇာလင်းတို့
ထိုင်နေကြနေရာက ဘတ်စ်ကား၏ နောက်ဘက်ကျကျတွင် ရှိသည်မို့ သူမတို့နှစ်ယောက်
တက်လာသောအခါ အရင်ရောက်နှင့်နေသူများ၏ မျက်လုံးတွေက အလိုလို မှုန်နံ့သာဆီသို့
ရောက်လာသည်။ အဓိပ္ပါယ်အမျိုးမျိုးနှင့် ကြည့်နေကြတာ ဖြစ်သည့်တိုင်
မှုန်နံ့သာ အသေးစိတ် လေ့လာမနေတော့ပဲ တင်ဇာလင်းနှင့် စကားပြောမပြတ်သာ
ထိုင်ခုံရှိရာသို့ လျှောက်လှမ်းလာခဲ့သည်။ ခါတိုင်းဆိုလျှင်
သူမတို့နှစ်ယောက် တက်လိုက်တာနှင့် ထွက်တတ်သည့် ဖယ်ရီသည်၊ ဒီနေ့တော့
မှုန်နံ့သာတို့ ထိုင်ခုံမှာဝင်ထိုင်ပြီးမှသာ တစ်ဘီးချင်းလှိမ့်ကာ
ထွက်လေတော့သည် …။
မနက်တစ်ပိုင်းရှိ စာသင်ချိန်တစ်ခုလုံး၌ သူမ၏
အတန်းထဲတွင် စိတ်ဝင်တစား အကြည့်ခံရသူ စာရင်းတွင် ဒီနေ့တော့ မှုန်နံ့သာသည်
ထိပ်ဆုံးက ရပ်တည်နေလေသည်။ တစ်ရက်ထဲနှင့် မှုန်နံ့သာသည် သူမ၏ မေဂျာတွင်
ပေါ်ပြူလာဖြစ်သူများ စာရင်းထဲ အပါအ၀င် ဖြစ်သွားသည်မှန်း တီးတိုးတီးတိုး
ပြောနေကြသော စကားသံများကြောင့် ရိပ်မိပါသည်။ ထိုအတွက်လဲ မှုန်နံ့သာ
ကျေနပ်မိပါသည်။ သူမသည် လူတောမတိုးရဲသည့် မိန်းမပျိုလေးမဟုတ်တော့။
တစ်ပတ်တာအတွင်းမှာပင် မိုးကောင်းကင်၏ သင်ပြမှုနှင့် ကိုယ့်ကိုကိုယ်
ယုံကြည်မှုအပြည့်ရှိသော မိန်းကလေးတစ်ယောက်အဖြစ် အသွင် ပြောင်းခဲ့ပြီ
ဖြစ်သည်။
နေ့လည်ဘက် ထမင်းစားချိန်ရောက်သည်နှင့် မှုန်နံ့သာ
မိုးကောင်းကင်ရှိမည်ထင်သော ကန်တင်းဘက်ခြမ်းသို့ ထွက်လာခဲ့သည်။ သူမ
မိုးကောင်းကင်နှင့် စကားပြောချင်နေမိသည်။ အဓိကကတော့ တင်ဇာလင်းအတွက်ပင်။
မနေ့ကတုန်းက မေ့ပြီး တင်ဇာလင်းကလဲ သူမလို ထရိန်နင်လုပ်ချင်သည်ဆိုတာကို
ကောင်းကိုပြောဖို့ သတိမရခဲ့။ မနက်က ကားပေါ်မှာ တင်ဇာလင်းက စကားကောက်ပြီး
ပြန်ပြောမှ သတိရသည်။ ထို့ကြောင့် မိုးကောင်းကင်တို့ မေဂျာဘက်
ထွက်လာခဲ့တာဖြစ်သည်။ စိတ်ဇောနေလို့လား မသိ၊ သူမ ခြေလှမ်းတွေက
တော်တော်မြန်နေသည်။
ထိုရောအခါ ခြေလှမ်းလှမ်းလိုက်တိုင်း
ဘရာပေါ့ပေါ့လေးနှင့် စည်းနှောင်ထားခြင်းခံရသော ရွှေရင်နှစ်မွှာက နွဲ့နွဲ့လေး
လှိုက်ခုန်နေသည်ကို မှုန်နံ့သာ သတိပြုမိသည်။ သူမ သတိပြုမိသလို
လမ်းတလျှောက်တွင် တွေ့ခဲ့ရသော ပုရိသယောက်ျားတွေရာ၊ က္ကထိယ မိန်းမသားတွေကပါ
သတိပြုမိပါသည်။ တချို့ဆို ပြောလက်စ၊ လုပ်လက်စ တွေတောင် ရပ်၍ သူမကို
လိုက်ကြည့်နေကြလေသည်။ ကန်တင်းမရောက်ခင် မှုန်နံ့သာသည်
မျက်လုံးပေါင်းထောင်ချီမတတ်ကို စက္ကန့်ပိုင်းမျှ အပိုင်စားရခဲ့သည်ဟု
ဆိုလျှင် မမှားပါ။ မိုးကောင်းကင်ကို သူအမြဲထိုင်နေကြဖြစ်သော ”စိမ်းလန်းရာ”
စားသောက်ဆိုင်တွင် တွေ့သည်။ မှုန်နံ့သာ သူ့ဆီသို့ တန်းတန်းမတ်မတ်လာနေသည်ကို
မြင်တော့ မိုးကောင်းကင် ပြုံးသည်။
“မှုန် … ကြည့်လဲလျှောက်ဦး .. မှုန်ဟာတွေနဲ့ တိုက်မိရင် တိုက်မိခံရတဲ့သူ မူးလဲသွားဦးမယ် … “
“ကောင်း .. မှုန်ပြောစရာ ရှိတယ် ..“
မိုးကောင်းကင်က
လှမ်းနောက်လိုက်ပေမယ့် မှုန်နံ့သာ ရယ်မောမနေပဲ တစ်ယောက်ထဲ ထိုင်နေသည့်
မိုးကောင်းကင် စားပွဲတွင် ခုံတစ်လုံးဆွဲ၍ ၀င်ထိုင်သည်။ မိုးကောင်းကင်က
ဆိုင်ထဲတွင် ရှိနေသည့် ယောက်ျားလေးများနည်းတူ သူမရင်ပိုင်းကို
ငေးကြည့်နေရာမှ မှုန်နံ့သာမျက်နှာလေးဆီ အကြည့်ပြောင်းသည်။
“ပြောလေ .. မှုန် .. ဘာဖြစ်လို့လဲ .. ကောင်း ဘာလုပ်ပေးရမှာလဲ ..“
“ကောင်း
.. မှုန့်သူငယ်ချင်း တင်ဇာလင်းကို သိတယ်မှတ်လား .. မှုန်တို့
အထက်တန်းကျောင်းကပဲလေ .. ပြီးခဲ့တဲ့ အပတ် စနေရော၊ တနင်္ဂနွေပါ မှုန်က
ကောင်းနဲ့ ရှိနေတော့ တင်ဇာက ပျင်းလို့သေတော့မယ် ပြောနေတယ် … နောက်ပြီး
မှုန့်လိုမျိုးလဲ သူဖြစ်ချင်နေတယ် .. အဲဒါ ကောင်း အသိထဲမှာ တင်ဇာအတွက်
သင့်တော်မယ့် သူငယ်ချင်းတစ်ယောက်ယောက်များ ရှိနေမလား ..“
“၀ိုး .. ၀ိုး
.. နေ .. နေဦး .. တင်ဇာလင်းကို မှုန့်သူငယ်ချင်းမှန်း ကောင်းသိပါတယ် ..
ဒါပေမယ့် မှုန် သူ့ကို ဘယ်လောက်အတိုင်းအတာအထိ ကောင်းတို့နှစ်ယောက်အကြောင်း
ပြောထားလဲ ..“
မိုးကောင်းကင် မျက်နှာက တွေ့စကလို မဟုတ်ပဲ
တည်ကြည်သွားသည်ကို မှုန်နံ့သာ သတိပြုမိသည်။ မှုန်နံ့သာ စိတ်မကောင်း ဖြစ်သည်။
ဟုတ်တော့ဟုတ်သည်။ တကယ်ဆို သူမတို့နှစ်ယောက်အကြောင်းက လျှို
့ဝှက်ချက်အဖြစ်နှင့် ရှိရမည့် ကိစ္စမဟုတ်လား။ မှုန်နံ့သာ မိုးကောင်းကင်
နားလည်အောင် သူမတို့နှစ်ယောက် ပြောခဲ့ကြသည့် စကားတွေကို
ပြန်ပြောပြလိုက်သည်။ အဆုံးသတ်၌လည်း မိုးကောင်းကင်ကို နားလည်ပေးဖို့
တောင်းပန်လိုက်သည်။
“သြော် … ရပါတယ် မှုန် .. ကောင်းက မှုန့်အတွက်
စိုးရိမ်လို့ပြောတာပါ .. ဒီလိုကိစ္စမျိုးဆိုတာ အပြင်ကို သတင်းထွက်သွားရင်
မှုန့်ဘက်ကပဲ နစ်နာမှာ မှတ်လား .. တင်ဇာကတော့ မှုန်နဲ့ညီမတွေလို
ရင်းနှီးသူဆိုတော့ စိတ်ချရမယ် ထင်တာပါပဲ …“
“ဟုတ်တယ် .. ကောင်း .. မှုန်လဲ သူ့ကို ထပ်သတိပေးလိုက်ပါဦးမယ် … “
သူမအတွက်
စိုးရိမ်လို့ပြောသည့် မိုးကောင်းကင်စကားအတွက် မှုန်နံ့သာ ရင်ထဲမှာ
ကြည်နူးသွားရသည်။ မိုးကောင်းကင်၏ မျက်နှာကို လှမ်းကြည့်လိုက်စဉ်တွင်
ကောင်းတစ်ယောက် စဉ်းစားခန်းဝင်နေဟန် တွေ့သည်။ ညာဘက်နားထင်ကို
လက်ချောင်းလေးများဖြင့် ပွတ်နေလေသည်။ ဒီလက်ချောင်းထဲမှ လက်ညိုးက
သူမဟိုအထဲကို ရောက်ခဲ့သည်ဟု တဆက်တည်း တွေးမိသွားပြီး မှုန်နံ့သာ
ရှိန်းဖိန်းဖိန်းတောင် ဖြစ်သည်။
“လွယ်တော့မလွယ်ဘူး မှုန် ..
ကောင်းမှာ အသိတစ်ယောက်၊ နှစ်ယောက်လောက်ရှိပေမယ့် သူတို့တွေက ကောင်းလိုမျိုး
စိတ်ထားနိုင်ပါ့မလားဆိုတာ မသေချာဘူး .. မှုန်လဲသိတာပဲ ..
ယောက်ျားလေးအများစုက ဒါမျိုးအခွင့်အရေးသာ ရမယ်ဆိုလို့ကတော့ ရသလောက်ကို
ယူမှာဆိုတာ ၁၀၀မှာ ၉၉ယောက်က သေချာသလောက်ရှိတယ် .. တတ်နိုင်တာတစ်ခုက
တင်ဇာကသာ မှုန့်လိုမျိုး သင်ခန်းစာကိုပဲ သင်ယူချင်တာဆိုရင်တော့ ကောင်းပဲ
တပည့်နှစ်ယောက် လက်ခံရမလား ..“
မိုးကောင်းကင်က လေသံတိုးတိုးနှင့် သူမနားကို ကပ်၍ပြောသည်။ မှုန်နံ့သာ ငြိမ်ခံမနေပါ။ မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး ..
“မရဘူး
… ဘယ်နှယ့် မှုန့်ငရန်မကန်းကို လောလောဆယ် သူများနဲ့ ခွဲမပေးနိုင်ပါဘူး ..
နောက်ပြီး မှုန့်က ဂုဏ်ထူးမှတ်တောင် မဟုတ်ပဲ အမှတ် ၁၀၀ အပြည့်ရအောင်
ကြိုးစားနေတာ .. ဆရာနော် .. သမီးကိုပဲ သင်ပေးရမယ် .. ဟိ .. ဟိ ..“
မှုန်နံ့သာ၏ မူနွဲ့ နွဲ့အပြောကြောင့် မိုးကောင်းကင် သဘောကျစွာနှင့် ရယ်သည်။ ပြီးမှ ..
“ကောင်းပါပြီဗျား
… ကဲ .. သင်ခန်းစာအကြောင်း ပြောတဲ့ တပည့်မ .. ဆရာဖြစ်တဲ့သူက ပြောရဦးမယ်
.. စနေ၊ တနင်္ဂနွေပြီးလို့ ထရိန်နင်ကပြီးသွားပြီ မအောက်မေ့နဲ့နော် ..
ကြားရက်မှာလဲ အနည်းဆုံးနှစ်ရက်လောက်တော့ ပြေးဖို့လိုသေးတယ် .. အဲဒါ
ဘယ်လိုလုပ်ကြမလဲ ..“
“မှုန် မပြောတတ်ဘူး ကောင်း .. မနက်ဘက်ကတော့ ကျောင်းတက်ရမှာဆိုတော့ မလွယ်လောက်ဘူး ..“
“ဟုတ်တယ်
.. အဲဒါတော့ ကောင်းသိတယ် .. ကောင်းဖြစ်ချင်တာက ညနေဘက် ကျောင်းကအပြန်
exercise လုပ်ကြရင် ကောင်းမယ် .. မှုန့်အတန်းက ဘယ်အချိန်ထိရှိတာလဲ ..“
“အတန်းချိန်တွေက မမှန်ဘူး ကောင်း .. တခါတလေကျတော့လဲ ညနေ၄နာရီထိုးတဲ့အထိရှိတယ် ..“
“ရတယ်လေ .. ကောင်း မှုန်အတန်းပြီးတဲ့အထိ စောင့်နေမှာပေါ့ .. ကောင်းကားနဲ့ပဲ လိုက်ခဲ့ပေါ့ .. ဖယ်ရီနဲ့ ပြန်မနေနဲ့တော့ ..“
“တကယ် ..“
မှုန်နံ့သာ မျက်နှာလှလှလေးက ပြုံးပျော်သွားပေမယ့် ဒါက အခိုက်အတန့်သာ ..။
“ဘာဖြစ်လို့ မျက်နှာမကောင်း ဖြစ်သွားတာလဲ .. မှုန် ..“
“ဟို .. ဟို လေ .. တင်ဇာက မှုန်မပါဘူးဆိုရင် ကားပေါ်မှာ တစ်ယောက်ထဲ ဖြစ်နေမှာ တွေးမိလို့ ..“
“သြော်
.. ဒါလား .. မှုန်နဲ့ တင်ဇာနဲ့က ဖယ်ရီတူတူစီးနေကြဆိုရင် ကောင်းနဲ့ပဲ
နှစ်ယောက်စလုံး လိုက်ခဲ့ကြပေါ့ … တင်ဇာကို အိမ်လိုက်ပို့ပြီးမှ ကောင်းတို့
ဆက်သွားလဲ ရတာပဲ မဟုတ်ဘူးလား … “
“တကယ် … ကောင်း တကယ် အဲဒီလို လုပ်ပေးနိုင်တယ် ..“
“အင်
.. ဘာဖြစ်လို့ ကောင်းက မလုပ်ပေးနိုင်ရမှာလဲ …. ကောင်းလဲ
ဒီလမ်းကပဲပြန်ရမှာလေ .. မှုန်တို့ပါလာလို့ ဘာထူးသွားမှာမို့လို့လဲ …
နောက်ပြီး ဆရာဆိုတာ တပည့်ကို ဂရုစိုက်ရမှာ မဟုတ်လား ..“
“ကောင်း .. ကောင်း ရယ် ..“
မှုန်နံ့သာ
တီးတိုးလေးညည်းပြီးနောက် မိုးကောင်းကင်၏ မျက်နှာကို ကြည့်သည်။
မိုးကောင်းကင်က သူ့ကိုဘာလဲဆိုသည့် သဘောနှင့် ငေးကားကြည့်နေသည်ကို မြင်တော့
သူမစိတ်ထဲ ဘာဖြစ်သွားမှန်းမသိ။ ရုတ်တရက် သူ့ကို ဖက်ကာနမ်းမိမလို ဖြစ်သည်။
သူမမျက်နှာနှင့် ကောင်း ထိကပ်သွားတော့မည့်မလို ဖြစ်တော့မှ လက်မတင်လေး
ပြန်သတိရသည်။ သူတို့နှစ်ယောက်ရှိနေတာ ကောင်းရဲ့ အိမ်ကလေးမှ မဟုတ်တာ။
ကန်တင်းမှာပဲ။ မှုန်နံ့သာ ချက်ချင်း ကိုယ်ကို ပြန်ယို့လိုက်သည်။ ဒါတောင်မှ
သူမနှာဝမှ ထွက်သည့်လေနုအေးက မိုးကောင်းကင်ပါးကို ရိုက်ခတ်သွားသေးသည်။
မိုးကောင်းကင်က သိပေမယ့် ဘာမှတော့မပြောပါ။ သက်ပြင်းချသလိုလို တစ်ခုသာ
ပြုလိုက်ပြီး မှုန်နံ့သာ နေ့လည်စာ စားရအောင် မှာပေးသည်။
ထမင်းစားပြီးသည့်နောက်တွင်တော့ နှစ်ဦးစလုံး ကိုယ်စီကိုယ်စီ
အတန်းရှိသေးလို့ လမ်းခွဲကာ ပြန်လာခဲ့သည်။
နေ့လယ်ဘက်အတန်းချိန်များတွင်လဲ
မှုန်နံ့သာသည် မနက်ခင်းတုန်းက နည်းတူ အကြည့်တော်တော်များများကို
ပိုင်ဆိုင်ထားခဲ့ပါသည်။ သို့ပေမယ့် သူမ လောလောဆယ် ဒါတွေကို စိတ်မ၀င်စားပါ။
မှုန်နံ့သာ ခေါင်းထဲတွင် ကန်တင်းတုန်းက အဖြစ်အပျက်ကကြီးစိုးထားသည်။ သူမက
မိုးကောင်းကင်၏ ကောင်မလေး ဖြစ်နေပြီလား၊ ဒါမှမဟုတ် သူသင်ပြသမျှကို
ကြိုးစားပြီးလိုက်လုပ်နေသည့် တပည့်မပဲလား။ မိုးကောင်းကင် ဂျူလိုင်နှင့်
ပြတ်သွားသည်ဆိုတာကတော့ သေချာပါသည်။ ဒီတော့ မှုန်နံ့သာဆိုသည့် ကောင်မလေးသည်
နောက်ထပ် ရည်းစားတစ်ယောက်မရခင်မှာ အစားထိုးခံထားရသည့် မိန်းကလေးလား။
ကောင်းက သူမကို ဒီလိုပဲ မြင်နေတာလား။ တကယ်လို့သာ
ထရိန်နင်သာပြီးသွားပြီဆိုလျှင် သူမတို့နှစ်ယောက် ဇာတ်လမ်းက
တစ်ခန်းရပ်ရတော့မှာလား။ မှုန်နံ့သာ နင့်ဘက်ကရော ဘယ်လိုလဲ။ မိုးကောင်းကင်ကို
သူငယ်ချင်းတစ်ယောက်လိုပဲ ခင်တာလား။ ဒါမှမဟုတ် သူမနှလုံးသားထဲမှာ
နေရာပေးမိပြီလား။ နှလုံးသားရေးရာတွင် အတွေ့အကြုံမရှိသည့် မှုန်နံ့သာ ..
မေးခွန်းတွေသာ မေးမိသော်လည်း အဖြေကိုတော့ တိတိကျကျ ရှာလို့မရပါ။ မှုန်နံ့သာ
.. မှုန်နံ့သာ .. နင် .. နင် ရူးများရူးနေပြီလား ..ဟယ် ..။
No comments:
Post a Comment