Saturday 6 July 2013

ဆရာကောင်း တပည့် .. (၂၀)

ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့နှစ်ရက်ကို ပျင်းရိငြီးငွေ့စွာနှင့်ပင် မှုန်နံ့သာ ဖြတ်ကျော်လာခဲ့ရသည်။ မိုးကောင်းကင်က အတန်းချိန်အပြင်၊ အားကစားလေ့ကျင့်ချိန်ပါ ရှိသေးသည်ဟု ဆိုသဖြင့် ပြီးခဲ့သည့်နှစ်ရက်စလုံး သူမနှင့် ကျောင်းမှာ မဆုံဖြစ်ခဲ့ပါ။ ယနေ့ သောကြာနေ့ရောက်ပြီ။ မနက်ဖြန်ဆို စနေနေ့ရောက်ပြီမို့ မိုးကောင်းကင်နှင့် ပြန်တွေ့ရတော့မည်။  ထိုအတွေးကြောင့်ပဲလားမသိ။ မနက် ကျောင်းလာတော့ မှုန်နံ့သာ အရင်ရက်တွေလို မဟုတ်ပဲ တက်ကြွပျော်ရွှင်နေမိသည်။ မိုးကောင်းကင်အကြောင်း တချိန်လုံး တွေးနေမိသည့် မှုန်နံ့သာသည်၊ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို ကျောင်သားရေးရာဌာနသို့ ဖြတ်သွားသည့်အခိုက် မိုးကောင်းကင်ကို ရိပ်ခနဲ တွေ့လိုက်သည်။ လွမ်းတဲ့စိတ်၊ သတိရတဲ့စိတ်နှင့်မို့ သူမ အားရ၀မ်းသာစွာ ပြေး၍ နှုတ်ဆက်မည်အပြု၊ ဒေါင့်ချိုးအကွယ်မှ မိန်းကလေးတစ်ယောက်ပေါ်လာသည်။ မိုးကောင်းကင်က သူမကို ကျောပေးထား၍ မမြင်ပေမယ့်၊ ထိုကောင်မလေးကတော့ မှုန်နံ့သာကို မြင်သွားပါသည်။ တခြားသူမဟုတ်။ မိုးကောင်းကင်၏ အဆက်ဟောင်း ဂျူလိုင်။

မှုန်နံ့သာ ခြေလှမ်းတွ မော်တော်ပီကယ်ခရာသံကြားလိုက်သည့်နှယ် ကျွီခနဲ မြည်မတတ်ရပ်သွားရသည်။ ရင်ထဲတွင်လဲ ဒိတ်ခနဲဖြစ်သည်။ ဟင် .. သူတို့နှစ်ယောက် ပြတ်သွားပြီ မဟုတ်လား။ ဘာဖြစ်လို့များ ..။ မှုန်နံ့သာ စိတ်ထဲစနိုးစနောင့် ဖြစ်သွားပေမယ့် သူမအတန်းချိန်က နီးနေပြီဖြစ်သဖြင့် ရပ်ပြီးတော့ စောင့်မကြည့်နေအားပါ။ မှုန်နံ့သာဆိုတာ အတန်းပျက်တတ်သည့် ကောင်မလေး မဟုတ်လို့ သူမ ခြေထောက်တွေက စာသင်ခန်းရှိရာသို့သာ ပြန်လှည့်ထွက်ခွာမိသွားသည်။

နေ့လည် ထမင်းစားချိန်ရောက်တော့ ကန်တင်းတွင် တင်ဇာလင်းကို တွေ့သည်။ သူမတစ်ယောက်တည်းတော့ မဟုတ်ပါ။ တင်ဇာလင်း၏ သူငယ်ချင်းအသစ် ဇော်ဦးပါရှိနေသည်။ တင်ဇာလင်းက မိတ်ဆက်ပေးသဖြင့် မှုန်နံ့သာနှင့် ဇော်ဦး စကားပြောဖြစ်ကြသည်။ ဇော်ဦးက မဆိုးပါ။ အပြောအဆိုရည်မွန်၍၊ တခါတခါ ရုပ်တည်ကြီးနှင့် နောက်တတ်သည်။ မှုန်နံ့သာ လက်ဖက်ထမင်းကို ကြက်ဥနှင့်ကျော်ထားသည်ကို တစ်ဇွန်းချင်းစားရင်း တင်ဇာလင်းတို့ အခြေအနေကို အကဲခတ်ကြည့်သည်။ ဆိုးတောမဆိုး။ ဇော်ဦးပုံစံကပြောရလျှင် သူရိန်တို့၊ ရဲမင်းတို့လို မဟုတ်ပဲ တင်ဇာလင်းအပေါ်တွင် serious အနေအထားမျိုးရှိသည်။ ဒါကိုမြင်တော့ မှုန်နံ့သာ သူငယ်ချင်းဖြစ်သူအတွက် ၀မ်းသာသလို၊ သူမအဖြစ်အတွက်လည်း ပြန်ဆန်းစစ်မိသည်။ သူမနှင့် မိုးကောင်းကင်က ဘာလဲ။ ဒီလိုပဲ ဆရာတပည့်၊ သူငယ်ချင်းမိတ်ဆွေ ဖြစ်နေတော့မှာလား …။

နေ့လည်ထမင်းစားပြီးလို့ ပထမအချိန်ပြန်တက်သောအခါ၊ အတန်းချိန်အပြီး၌ တင်ဇာလင်းကို သူမတို့အခန်းဘက် ရေးကြီးသုတ်ပြာနှင့် လာနေသည်ကို တွေ့ရသည်။ လက်ဟန်ခြေဟန်နှင့် သူမကို လှမ်းခေါ်ထုတ်နေသဖြင့် မှုန်နံ့သာ နောက်ဆရာဝင်နေသည့်တိုင် ကိုယ်ကိုယို့ပြီး မသိမသာ နောက်ပေါက်မှ ထွက်လာခဲ့သည်။
“ဟဲ့ .. မိန်းမ ဘာဖြစ်လို့လဲ .. နင့်ကို ဘီလူးက ဘာလုပ်လိုက်လို့လဲ ..“
“အမယ် .. ငါ့ဘီလူးက ဘာမှမဖြစ်ဘူး ကောင်မ … အခုဖြစ်တာက နင့်ရဲ့ ဆရာက ဖြစ်တာ ..“
“ဟင် .. ကောင်းလား … ကောင်း .. သူ ဘာဖြစ်လို့လဲ ..“
တင်ဇာလင်း၏ အမူအယာကိုကြည့်ပြီး မှုန်နံ့သာ စိတ်ဝင်စားမိသလို၊ ရင်လဲထိတ်ရသည်။
“မှုန် … ငါ နင့်ကို အရေးတကြီးလာပြောတာ တခြားကြောင့်တော့ မဟုတ်ဘူး .. ကောင်းကို နေ့လည်တုန်းက ဂျူလိုင်နဲ့ သူ့ကားထဲမှာ တွေ့လိုက်တယ်တဲ့ .. သဇင်ကပြောတာ ..“
“တကယ် !! .. ဘယ်နားမှာတွေ့တာလဲ ..“
“အေး .. အဲဒါပြောမလို့ .. တခြားနေရာမဟုတ်ဘူး .. ကျောင်းနောက်ဘက်က ကားရှိတဲ့ အတွဲတွေသွားသွားရပ်ကြတဲ့ ဂျောင်ထဲမှာတဲ့ .. သဇင်ရဲ့ ကောင်လေးကလဲ ကားရှိတယ် မှတ်လား .. အဲဒါ သူတို့နဲ့တိုးတာ ..“

မှုန်နံ့သာ သူမနားတွင် ကပ်၍ မိုးကြိုးပစ်ချလိုက်သလို ခံစားရသည်။ ဒိန်းခနဲ ဆောင့်တက်သည့် တုန်လှုပ်မှုကြောင့်၊ သူမခေါင်းထဲ မိုက်ကနဲလိုလိုတောင် ဖြစ်သည်။
“မှုန် .. မှုန် .. သတိထားဦး ..“
သူငယ်ချင်းဖြစ်သူ၏ အရိပ်အခြေကို မျက်တောင်မခတ်တမ်း စောင့်ကြည့်နေသူ တင်ဇာလင်းက သူမပုခုံးကိုကိုင်ပြီး ဖွဖွလေးလှုပ်ကာ သတိပေးသည်။ ထိုတော့မှ မှုန်နံ့သာ အသိပြန်ဝင်လာသည်။ ပတ်ဝန်းကျင်နှင့် ခေတ္တခဏအဆက်ပြတ်သလို ဖြစ်သွားသည့် မှုန်နံ့သာ သူမ ဘယ်ကမ္ဘာကိုရောက်နေသည်ဆိုတာ သိလိုက်ပေမယ့် အဖြစ်အပျက်ကို မယုံနိုင်အားသေးပါ။ သူမစိတ်ထဲ မိုးကောင်းကင်နှင့် နောက်ဆုံးတွေ့ခဲ့သည့်ညက အဖြစ်အပျက်ကို ပြန်သတိရသွားသည်။

“ဟာ .. ငါသိပြီ .. ဒါ .. ဒါ .. ကောင်းညီလေး ၀င်ရှုပ်လိုက်လို့ ဖြစ်ရမယ် ..“
“ဘယ်က ကောင်းညီလေးလဲ …“
မှုန်နံ့သာ သူမနှင့် မိုးကောင်းကင် ဂျာကူစီထဲမှာ စိမ်နေတုန်း သူ့ညီဖြစ်သူ ညီလုလင်ရောက်လာသည့်အကြောင်းကို ရှင်းပြလိုက်သည်။
“အင်း .. ဖြစ်တော့ဖြစ်နိုင်ပါတယ် .. ဒါပေမယ့် မိန်းမသတိတော့ထား .. ငါ ကြားမိတာက ဂျူလိုင်က မိုးကောင်းကင်ကို ပြန်လိုချင်နေတယ်ဆိုပဲ .. အဲဒီဟာက အကွက်ဖြစ်သွားမယ် .. ဂျူလိုင်က မိုးကောင်းကင်ကို နင်မပေးနိုင်တာ ပေးလိုက်ရင် နင့်ဆရာက ဟိုဟာမဆီ ပြန်ပါမသွားနိုင်ဘူးလို့ ပြောနိုင်မလား .. ပြောရရင် နင်က စုပ်ပဲစုပ်ပေးတာလေ .. ဟိုက ပေါင်ကားပြီးပေးရင် ယောက်ျားလေးတွေက ဘယ်ဟာကို ပိုမက်မောမလဲ .. နင် ကျန်ရစ် ဖြစ်မယ်နော် ... ငါက နင့်ဘက်က စာနာပြီးပြောတာ .. နင်နဲ့ မိုးကောင်းကင် ကိစ္စကို ပြန်သုံးသပ်ဖို့ လိုအပ်လာပြီ …“

တင်ဇာလင်း၏ စကားက အကျိုးအကြောင်း ဆီလျော်လှသည်။ မှုန်နံ့သာ ခေါင်းညိတ်ကာ ပြလိုက်ပြီး သူမ စဉ်းစားပါရစေဟု ပြောကာ တင်ဇာလင်းကို နှုတ်ဆက်၍ အတန်းထဲပြန်ဝင်လာခဲ့သည်။ ထို့နောက်တွင်မူ ဒုတိယ အတန်းချိန်က ဘာသင်လို့ သင်နေမှန်းတောင် မှုန်နံ့သာ မသိလိုက်ပါ။ စာသင်ချိန်ပြီးလို့ သူများတွေက အိမ်ပြန်ဖို့ ပြင်ဆင်ကြတော့မှ မှုန်နံ့သာလဲ လွယ်အိတ်ထဲ သင်ခန်းစာစာအုပ်ကို ထိုးထည့်ကာ ထိုင်နေရမှ ထလိုက်သည်။ စိတ်ရှုပ်နေသည်ဆိုမှ ကော်ရစ်တာအထွက်တွင် အခန်းထဲမှ မျိုးသိန်းဆိုသည့်ကောင်လေးက စကားလိုက်ပြောတာ ခံလိုက်ရသေးသည်။ မှုန်နံ့သာ ခါတိုင်းဆိုလျှင် ရုပ်ရည်သန့်ပြန့်သည့် ထိုကောင်လေးကို စကားပြန်ပြောမိလျှင် ပြောမိမည်ထင်သော်လည်း၊ ဒီနေတော့ ဘာစကားမှ မပြောချင်ပါ။ ခြေလှမ်းသွက်သွက်နှင့် မပြေးယုံတမယ် လျှောက်လာခဲ့သဖြင့် မျိုးသိန်းလည်း သုံး၊လေးမိနစ်လောက်ကြာတော့ လက်လျှော့ကာ နောက်မှာ ကျန်ခဲ့သည်။ မျိုးသိန်းပါမလာတော့မှ မှုန်နံ့သာ ဘေးဘီဝန်းကျင်ကို သတိရပြီး ကြည့်မိသည်။ သူမ၏ ခြေထောက်တွေ ဦးတည်ထားရာသည် မိုးကောင်းကင် သူ့ကားလေးကို အမြဲတမ်းရပ်ထားရာ နေရာဖြစ်နေခဲ့လေသည်။

တစ်ခါတစ်ရံတွင် တစ်ချို့သာအဖြစ်အပျက်များသည် မရည်ရွယ်ထားသည့်တိုင် တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပွားလေ့ရှိပါသည်။ အခုလဲကြည့် ...။

မိုးကောင်းကင်ကို သူ့ကားနီလေးထဲတွင် ထိုင်လျက်သား ရှိနေသည်ကို တွေ့ရသည်။ မှုန်နံ့သာ မိုးကောင်းကင်ကို မြင်လိုက်သလို၊ သူ့ကားရှိရာသို့ လျှောက်လှမ်းလာသည့် မှုန်နံ့သာကိုလဲ မိုးကောင်းကင်က မြင်ပါသည်။ ပါစင်ဂျာထိုင်ခုံဘက်က တံခါးကို လက်လှမ်း၍ ဖွင့်ပေးသည်။ မှုန်နံ့သာ ခေါင်းကလေးကိုငုံ့၍ အထဲသို့ စွေ့ကနဲ ၀င်ထိုင်လိုက်သည်။ တင်ပါးအိအိတွေ ကူရှင်နှင့် အိခနဲထိသည်။ သူမ စိတ်ထင်လို့လား မသိ။ မိုးကောင်းကင်၏ ကားထဲတွင် အမျိုးမသိသော အမွှေးရနံ့တစ်မျိုး ရှိနေလေသည်။

မှုန်နံ့သာ စိတ်ထဲ အကြံတစ်မျိုး ရသည်မို့ မိုးကောင်းကင်၏ အနားသို့ တိုးကပ်သွားပြီး သူ့လည်တိုင်ကို လက်နှစ်ဖက်နှင့် သိုင်းဖက်သည်။ မိုးကောင်းကင်၏ ကားနီလေးရပ်ထားသည့်နေရာက ချောင်ကျသည်မို့ လူသွားလူလာ သိပ်မရှိသည်ကို သိထားသည်။ သူမတို့နှစ်ဦးကိုယ်ချင်းပူးပြီး မျက်နှာချင်း အပ်သွားသည်တွင် နှုတ်ခမ်းလွှာနှစ်ခုက ပူးကပ်သွားသည်။ မိုးကောင်းကင်၏ နှုတ်ခမ်းတွင်တော့ ဘာအနံ့မှမရ။ သူ၏ ပင်ကိုယ်အနံ့သာ ရှိနေသည်ကို ဒီနှုတ်ခမ်းတွင်နှင့် ရင်းနှီးနေပြီဖြစ်သည့် မှုန်နံ့သာ ဒါကို ခွဲခွဲခြားခြားသိသည်။ သူမလက်တစ်ဖက်က မိုးကောင်းကင်နောက်ကျောကို သိုင်းဖက်ထားရာမှ ရင်ဘတ်ကို အသာပွတ်လိုက်ပြီး ဘောင်းဘီခွကြားဆီသို့ ရောက်သွားသည်။ ကောင်းသာ ဂျူလိုင်နှင့် ဘာမှ မဖြစ်ခဲ့ဘူးဆိုရင် ငရန်မကန်း စိတ်ထနေရမည်သာ။ မှုန်နံ့သာလက်က ဘောင်းဘီဂွဆုံကို ကိုင်မိသည်နှင့် မိုးကောင်းကင်က သူမကိုယ်ကို အသာတွန်းထုတ်လိုက်သည်။

“ဟေး .. မှုန် … ကျောင်းဝင်းကြီးထဲမှလေ .. ကောင်းတို့တွေ တစ်နေရာရာ သွားရအောင် …အဲဒါက .. ပို ..“
“အို .. ဘာဖြစ်လဲ .. ဘယ်သူမှ လောလောဆယ် ရှိမှမရှိတာ .. နေပါဦး ..  ကောင်းက ဘာဖြစ်လို့ မှုန့်ကို တွန်းထုတ်ရတာလဲ ..“
“ကောင်း .. ကောင်း … ဟို ..“
“ဘာလဲ .. ဂျူလိုင်နဲ့ နေ့လည်က တွေ့ပြီးသွားတာမို့ မှုန့်ကို မလိုအပ်တာလား ..“

မှုန်နံ့သာ၏ စကားက တိုက်လေယဉ်တစ်စီး ဦးစိုက်ထိုးဆင်းသလို ၀ုန်းခနဲ မိုးကောင်းကင်ဆီ ဦးတည်ရောက်သွားသည်။ ထိုစကားကြောင့် မိုးကောင်းကင် ဘာဖြေရမှန်းမသိ။ သူနှင့် ဂျူလိုင်အကြောင်းကို မှုန်နံ့သာ တစွန်းတစ ကြားသွားခဲ့ပြီဆိုတာ သိလိုက်သည်။ အလိုမကျသည့် မျက်နှာနှင့် သူ့ကို ပေစောင်းစောင်းနှင့်ကြည့်နေသည့် ကောင်မလေးကို မိုးကောင်းကင် စိတ်ရှုပ်ထွေးဟန်နှင့်သာ ကြည့်နေမိသည်။ လှိုင်းတွန့်ပုံခွေနေသည့် ဆံပင်တွေကို ပို၍ လှိုင်းပုံစံဖြစ်သွားအောင် ခေါင်းထဲ လက်ထိုးထည့်ကာ သုံးလေးချက်လောက် ဖွပြီးမှ မှုန်နံ့သာကို အဖြေပေးနိုင်သည်။

“ဟုတ်တယ် မှုန် .. ဂျူလိုင်က သူ့ကို ပြန်လက်ခံစေချင်နေတယ် ..“
“အဲဒါနဲ့ ပဲ ကျောင်းနောက်ဘက်ကချောင်ထဲ ကားထိုးပြီး အလုပ်ဖြစ်သွားတယ်ပေါ့ …“
“ဟူး … မှုန်ရယ် .. ကောင်းဘယ်လိုပြောရမလဲ ..“
“ဘယ်လိုမှ ပြောမနေနဲ့ .. ကောင်းက မှုန်စုပ်ပေးတာနဲ့ အားမရဘူး မှတ်လား … မှုန့်ပါးစပ်နဲ့တင် အားမရတော့ ပေါင်ကားပြီး ထည့်ပေးတာကို ခံတဲ့ဟာမဆီ ပြန်ရောက်သွားတာ မဟုတ်လား ..“

ထိုစကားကို ပြောပြီးသည်နှင့် မှုန်နံ့သာ သူမမျက်နှာကို သူမလက်နှစ်ဘက်နှင့် အုပ်လိုက်သည်။ ဘာသံမှ ထွက်မလာသည့်တိုင် ကိုယ်ကလေး တစ်ချက်နှစ်ချက် သိမ့်ခနဲ ခါသွားသည့်မို့ သူမ မျက်ရည်ကျနေမှန်း သိသာပါသည်။ ဒါကိုမြင်တော့ မိုးကောင်းကင်သည် သူ့ဘ၀တွင် ပထမဦးဆုံးအကြိမ်အဖြစ် ရင်ထဲတွင် နင့်ကနဲဖြစ်အောင် ခံစားလိုက်ရသည်။ ဒီလိုမျိုး သူတစ်ခါမှ မဖြစ်ဘူးပါ။ မိန်းကလေးတစ်ယောက်ငိုနေတာကို မတွေ့ဘူးတာ မဟုတ်ပေမယ့်၊ ထိုသို့ ငိုနေမှုက သူ့အသည်းနှလုံးကို ဆုပ်ကိုင်ဆွဲလှုပ်သည်တော့ ဒီတစ်ခါသာ ဖြစ်ဖူးပါသည်။

သိမ့်သိမ့်လေးခါနေသည့် မှုန်နံ့သာ၏ ပုခုံးကို လက်နှစ်ဖက်နှင့်ဆုပ်ကိုင်လိုက်ပြီး အညင်သာဆုံးအသံဖြင့် လှမ်းခေါ်သည်။
“မှုန် ..“
“မှုန် .. ဒီကို ကြည့်ပါဦး ..“
မှုန်နံ့သာ သူမလက်နှစ်ဖက်ကို မဖယ်ချင်ဖယ်ချင်နှင့် မျက်နှာပေါ်က ဖယ်လိုက်သည်။ ဟုတ်ပါသည်။ ဒီကောင်မလေး ငိုနေသည်ဆိုတာ။ နူးညံ့လှသည့် ပါးပြင်ပေါ်တွင် မျက်ရည်တို့ဖြင့် စိုစွတ်နေသည်။

“ကောင်း ပြောစရာရှိတယ်  .. ကောင်း ပွင့်ပွင့်လင်းလင်းပဲ ပြောမယ် မှုန် .. မှုန့်ကို စပြီး ထရိန်နင်လုပ်ပေးဖို့ ကမ်းလှမ်းတုန်းက ကောင်းစိတ်ထဲမှာ မှုန့်ကို သူရိန်တို့၊ ရဲမင်းတို့ စိတ်ဝင်စားလာနိုင်တဲ့ ကောင်မလေးတစ်ယောက် အသွင်ပြောင်းပေးဖို့ပဲ ရှိတယ် .. ဆက်စ်ကိစ္စဆိုတာကလဲ တကယ်တမ်းကျတော့ မှုန့်ကို ပိုပြီး ဆက်စီကျလာအောင်၊ ကိုယ့်ကိုကိုယ် ရဲတင်းပြီး ယုံကြည်မှုဖြစ်လာအောင် လုပ်ပေးချင်တာကြောင့်ပါ .. နှစ်ဦးနှစ်ဖက်ကောင်းဖို့ ကိစ္စတစ်ခုလို့ပဲ မြင်ခဲ့တယ် …. ဒါပေမယ့် မှုန်နဲ့ ကောင်း ရင်းနှီးလာပြီးတဲ့နောက်မှာ ကောင်းရင်ထဲမှာ ဒီလိုမျိုးတွေးလို့မရတော့ဘူး ဖြစ်နေတယ် ..“

ထိုစကားအရောက်၌ မိုးကောင်းကင်သည် ဆက်မပြောသေးပဲ မှုန်နံ့သာ၏ မျက်ဝန်းတည့်တည့်ကို စိုက်ကြည့်သည်။ အခုအချိန်တွင်မူ မှုန်နံ့သာသည် ငိုယိုနေခြင်း မရှိတော့ပဲ မိုးကောင်းကင်ပြောသမျှကို ရီဝေစွာဖြင့် တန်ပြန်ကြည့်နေသည်။ မိုးကောင်းကင် ဘာပြောတော့မည်ဆိုတာကို မှုန်နံ့သာ သိနေသလို ခံစားရသည်။ သို့သော် သူမ ထိုအတွေးကိုလဲ မယုံရဲသေးပါ။ ရင်တထိတ်ထိတ်နှင့်သာ စောင့်မျှော်နေရရှာသည် ..။


*********************************************

No comments:

Post a Comment