Friday 12 July 2013
Basic Instinct 2 (2006)
http://www.imdb.com/title/tt0430912/
တစ်ပတ်တာ ကုန်ဆုံးခဲ့ပြီဆိုတော့လည်း၊ ကျနော်များ ရုပ်ရှင်ကားတွေဘက် အလှည့်ကျပြီလို့ပဲ ဆိုကြပါတော့ဗျာ .. ဟီး ။ ဒီတစ်ပတ် weekend မှာ ကျနော် မိတ်ဆက်ပေးချင်တဲ့ကားက ကားဟောင်းတစ်ခုပါ။ ခင်ဗျားတို့အားလုံးလည်း ခေါင်းစဉ်မှာ မြင်ပြီးခဲ့ပြီဆိုတော့ ကျနော်ပြောမယ့်ကားကို သိပြီးသား ဖြစ်ချင်လည်း ဖြစ်နေကြမှာပါ ...။
ကျနော်တို့ လူငယ်ဘ၀တုန်းက softcore လောကမှာ နာမည်ကြီးတဲ့ မင်းသမီးက မှတ်မှတ်ရရပြောရရင် နှစ်ယောက်ပဲရှိတယ်။ တစ်ယောက်က မက်ဒေါနား၊ နောက်တစ်ယောက် ရှရွန်စတုန်းဗျ။ မက်ဒေါနားကတော့ အဖော်အချွတ်တွေနဲ့ ရိုက်ထားတဲ့ သီချင်းတွေကြောင့် နာမည်ကြီးတာဖြစ်ပြီး၊ ရှရွန်စတုန်းကတော့ Basic Instinct ဆိုတဲ့ ရုပ်ရှင်ကားကြောင့်ဗျ။ ရှရွန်စတုန်းလို့ ကျနော်တို့ အသက်ပိုင်းအရွယ်ကလူတွေကို ပြောလိုက်တာနဲ့ Basic Instinct ထဲက ပေါင်ကားပြတဲ့ မင်းသမီးလားလို့ လူတိုင်းက ပြန်ဖြေကြလိမ့်မယ်။ ဒါဆိုလျှင် ဒီကားက ဘယ်လောက်နာမည်ကြီးခဲ့လည်းဆိုတာ သိပ်ပြောစရာ မလိုတော့ဘူးဖြစ်မှာပါနော် ..။
Basic Instinct က စထွက်တာ ၁၉၉၂မှာဗျ။ အမှန်က ဒီကားမတိုင်ခင်တုန်းက ရှရွန်စတုန်းကို လူတောင်မှ သေချာမသိသေးဘူး။ ပြောရလျှင် ကားစထွက်လာတုန်းက သူ့ထက်စာလျှင် မင်းသားလုပ်တဲ့ မိုက်ကယ်ဒေါက်ဂလပ်ကို လူပိုသိများတာဗျ။ မိုက်ကယ်ဒေါက်ဂလပ်ဆိုတာကလည်း ဟိုတစ်လောကမှ ဘာဂျာမှုတ်လျှင် လည်ချောင်းကင်ဆာရမယ်လို့ ပြောခဲ့တဲ့မင်းသားကြီးလေ။ ဒါဆို သူဘယ်သူလဲဆိုတာ သိပ်ပြီးမိတ်ဆက်ပေးနေစရာလိုမယ် မထင်ပါဘူး။ ဆက်ပြောရမယ်ဆိုရင် ဒီကားမှာ ရှရွန်စတုန်းရဲ့သရုပ်ဆောင်ချက်တွေက လန်ထွက်နေတာမို့၊ တခါထဲကို သူ့နာမည်က သျှမ်းသျှမ်းတောက် အောင်မြင်သွားတယ် ဆိုပါတော့။ ကျနော်ပြောခဲ့သလို ပေါင်ကား၊ ပေါင်ဖြဲပြတဲ့ အကွက်နဲ့တင် နာမည်ကြီးသွားတာလေ။ ကိတ်ဝင်းစလတ် တိုက်တန်းနစ်ကားမှာ ၀တ်လစ်စလစ်နဲ့ ပန်းချီအဆွဲခံရတဲ့အခန်းလိုပဲ၊ ဒီအခန်းကလည်း ကြည့်လိုက်တာနဲ့ မျက်စိထဲ ဆွဲကျန်ခဲ့တဲ့ အခန်းမျိုးဗျ။ ကျနော်တို့ ငယ်ငယ်တုန်းက ညညတိုင်း အိပ်မက်ထဲ ထည့်မက်ခဲ့သေးတယ် .. ခွီး ..။
အဲ .. ဒါပေမယ့် ကျနော်ခေါင်းစဉ်တပ်ထားတာကတော့ ဒုတိယကားဗျ။ ပထမကားက ၁၉၉၂၊ ဒုတိယကား ၂၀၀၆ဆိုတော့ အတော်ကြီးတော့ ကွာသွားတယ်ဗျာ။ ဘွားတော်ဆို အတော်တောင်အသက်ကြီးသွားပြီ။ ဒါပေမယ့် ဆက်စ်နဲ့ ပတ်သက်တဲ့အခန်းတွေက ဒီကားမှာ ပိုမိုက်သလိုပဲမို့ ကျနော်က ဒါကို ညွှန်းလိုက်တာ။ တကယ်လို့ မကြည့်ရသေးရင်တော့ နှစ်ကားစလုံး ကြည့်ဖို့ ညွှန်းချင်ပါတယ်။ ဒီလိုကားတွေက ယူကျုမှာ ရှာလို့မရတော့၊ ရတဲ့နေရာကနေ streaming ကြည့်လို့ရမယ့် လင့်ကိုပဲ ရှာပေးနိုင်တယ်ဗျာ။ မြန်မာပြည်က ကော်နက်ရှင်မကောင်းတဲ့သူတွေကို အားနာပေမယ့် ကြည့်ဖြစ်အောင်တော့ ကြည့်စေချင်တယ်။ ဒေါင်းလုပ်ဆွဲပြီးသာ ကြည့်ဗျာ။ မကြည့်ရသေးရင် ကြည့်ထားသင့်တဲ့ကားတွေထဲမှာပါတယ် ..။
Basic Instinct 2 ရဲ့ အစကိုပဲ ကြည့်။ ကက်သရင်း (ရှရွန်စတုန်း)က ပြိုင်ကားထဲမှာ၊ အင်္ဂလန်က ဘောလုံးသမားနဲ့ ဆေးချပြီး ကားမောင်းလာတာ။ ရိုးရိုးတန်းတန်း မဟုတ်ဘူး။ ကားမောင်းရင်းနဲ့ ဟိုဘဲလက်ကို ယူပြီး သူ့ဟာထဲကိုနှိုက်ပြီး ဆွနေတာ။ အဲဒီမှာ အရှိန်တက်လာပြီး အော်ဂန်ဆန်ဖြစ်တဲ့အချိန်မှာ၊ ဘာကိုမှမမြင်တော့ပဲ ကားက crash ဖြစ်ရော။ ရေထဲထိုးကျသွားပြီး ဘေးနားကလိုက်လာတဲ့ သူမ partner ဘောလုံးသမားက ဂန့်သွားတယ်။ အဲဒီမှာ အမှုဖြစ်ပြီး သူမကို စစ်ဆေးတော့တာပဲ။ ရဲက စစ်တော့ ဘာပြောတယ်အောင့်မေ့လဲ။ သူ့ဖာသာသူ ကိုယ်လွန်ရုန်းပြီး ရေထဲကနေ ရုန်းထွက်ရတဲ့အကြောင်းကို ဒီလိုပြောတယ်ဗျ
"When it came down to it, I guess my life was more important to me than his."
http://www.youtube.com/watch?v=CsK82mWFLZM
http://megashare.info/full_watch.php?id=TkRreE53PT0
1 comment:
  1. animal instinct 2 ဆိုတဲ့ကားလေးတွေ့ ရင် လက်တို့ ကြပါအုံး usa nc ပဲ မျက်မမြင်ဟန်ဆောင်ထားတဲ့  အလည်လွန် နှာကြီးတဲ့  မိန်းမအကြောင်း
    ReplyDelete