Saturday 6 July 2013

ဆရာကောင်း တပည့် .. (၁၉)

”မှုန် .. မှုန်ကလေ အရမ်း အံ့သြဖို့ကောင်းတယ် .. ကောင်း ၀န်ခံပါတယ် .. မှုန်ရဲ့ အလှကို အရင်တုန်းက ကောင်းလုံးဝ သတိမထားမိခဲ့ဘူး .. မှုန် ကောင်းဆီရောက်လာတာဟာ ကောင်းအတွက်တော့ ဘုရားပေးတဲ့ ဆုလာဘ်တစ်ခုလို့ပဲ ယူဆရတော့မှာပဲ ..”
”မှုန်လဲ .. ကောင်းနဲ့ အတူတူပါပဲ ..”

စကားဆုံးသည်နှင့် မှုန်နံ့သာ မိုးကောင်းကင်၏ ထူထူအမ်းအမ်းနှုတ်ခမ်းအစုံကို သူမကပင် စနမ်းမိသည်။ သူမ ဘယ်လိုဖြစ်လို့ ထိုသို့ပြုမူမိမှန်း သူမဖာသာသူမတောင် သတိမထားမိပါ။ မှုန်နံ့သာသည် မိုးကောင်းကင်နှင့် မတွေ့ခင်က ဘယ်လိုမျိုး စဉ်းစားထား၊ စဉ်းစားထား၊ မိုးကောင်းကင်နှင့် တွေ့ပြီဆိုလျှင် သူမစိတ်ကို အစိုးမရ။ ချိုမြိန်လှသည့် အိပ်မက်တစ်ခု၌ သူမ ပျော်မွေ့ နေသည်ဆိုတာကို သိပါသည်။ အိပ်မက်ကောင်းစဉ် မိုးမလင်းရန်သာ တိတ်တခိုး ဆုတောင်းမိရသည်ကာ မှုန်နံ့သာ၏ ဘ၀ဖြစ်နေသလား မသိပါချေ ..။

မိုးကောင်းကင်၏ လက်တစ်ဖက်က သူမရင်သားတစ်ဖက်ပေါ် ရောက်လာချိန်တွင်၊ မှုန်နံ့သာ၏ လက်ကလဲ ကောင်း၏ ပေါင်လုံးကြီးတစ်ချောင်းကို ပွတ်သပ်နေမိသည်။ ထိုမှတဆင့် လက်ကိုအပေါ်ဘက် ယူလာချိန်တွင် ဖုဖုဖောင်းဖောင်းအရာတစ်ခုကို သွားစမ်းမိသည်။ ရေကူးဘောင်းဘီသားက အီလက်စတစ်အသားမို့ ငရန်မကန်းကို ကိုင်ရသည်မှာ ချောမွေ့ နေပြီး ခံစားမှု ဖီလင်တစ်ခုကို ဖြစ်စေသည်။ လက်ဖ၀ါးတလျှောက် ရရှိလာသည့် ဖီလင်သည် သွေးခုန်နှုန်းတစ်ခုလို မှုန်နံ့သာ တကိုယ်လုံး ပျံ့ နှံ့သွားပြီး၊ ဖွဖွလေး နယ်ပေးခြင်းခံနေရသော ရင်ကို ပို၍ လှိုက်ဆူစေသည်။ မှုန်နံ့သာ ကိုင်မိထားသည့် ငရန်မကန်းကို ပို၍ပို၍ ထိထိမိမိ ပွတ်ပေးသည်။

တော်သေးသည်။ နှစ်ဦးစလုံး၏ လှုပ်ရှားနေသည့် လက်တွေက ရေအောက်မှာ ဖြစ်နေသဖြင့် အဝေးကကြည့်လျှင် ရှင်းရှင်းလင်းလင်းတော့ မမြင်ရပါ။ သူတို့ရောက်နေသည့် ဂျာကူစီကလဲ အိမ်မကြီးကကြည့်လျှင် မိုးကောင်းကင်၏ အိမ်ကလေးနှင့် ကွယ်နေသလို ဖြစ်နေသည်။ ထို့ကြောင့်လဲ မှုန်နံ့သာတစ်ယောက် စိတ်လွတ်သွားတာ ဖြစ်သည်။ ထို့ပြင် မိုးကောင်းကင်ဆိုတာကလဲ သူမအတွက်တော့ သံလိုက်တုံးတစ်ခုလို ဖြစ်ပြီး၊ သူမကတော့ သံမှုန်၊ သံစလေး တစ်ခုမျှသာ။ သူမကို ယုယုယယ နမ်းလာသည်တွင် မှုန်နံ့သာတစ်ယောက် ပတ်ဝန်းကျင်ကို မေ့လျော့သွားသလို ဖြစ်တာ တကယ်တမ်းကျတော့ သူမကို အပြစ်တင်လို့ မရပါ။

သို့သော် ...
စိတ်ထင်လို့လား မသိ။ နားထဲတွင် "ကျွီ"ခနဲဆိုသည့် အသံကြားလိုက်ရသည်။ မှုန်နံ့သာ မသိစိတ်ကြောင့် မှေးစင်းကျနေသည့် မျက်တောင်လေးကို ပြန်ဖွင့်လိုက်စဉ်မှာပင် သူမတို့ရှိရာသို့ လျှောက်လာသည့် ခြေသံတရှပ်ရှပ်ကို ကြားရသည်။
“ကိုမိုး .. ကျနော်ပါ ပါလို့ရမလား ..“
“ဟာ .. ဟေ့ကောင် .. ငညီ . .လာမရှုပ်စမ်းနဲ့ …“

ရောက်လာသူက တခြားသူ မဟုတ်။ မိုးကောင်းကင်၏ ညီငယ် “ညီလုလင်“ ဖြစ်သည်။ မှုန်နံ့သာ ဆယ်တန်းတုန်းက ဒီကောင်လေး ခုနှစ်တန်းပဲ ရှိသေးသည်။ မိုးကောင်းကင်က သူမတို့ ကျောင်းထွက်မို့ ညီလုလင်လဲ သူမတို့ ကျောင်းမှာပဲ သူ့အစ်ကိုနှင့်အတူ တက်ခဲ့ရပါသည်။ ထိုစဉ်တုန်းကတော့ တခါတခါ သူတို့ညီအစ်ကိုနှစ်ယောက်ကို တွဲ၍ မှုန်နံ့သာ ကျောင်းမှာ မြင်ဖူးထားသည်။ အခုတော့ သူမ ညီလုလင်နှင့် ပြန်ဆုံတွေ့ရပြီ။ ချာတိတ်ကလေး ညီလုလင်သည် အခုတော့ သူ့အသက်နှင့်စာလျှင် အတော်ထွားကျိုင်းသည့် လူပျိုလေး ဖြစ်နေတာ တွေ့ရသည်။ မိုးကောင်းကင်၏ ညီမို့လို့လားတော့ မသိ၊ အတော်ကြည့်ကောင်းသော ရုပ်လက္ခဏာရှိသည်။ ဒီကောင်လေး ကြီးလာလျှင်တော့ သူ့အစ်ကို ခြေရာနင်းမလား မသိ။

“မမ … နေကောင်းတယ်နော် …“
အလဲ့ .. ။ ညီလုလင်က မိုးကောင်းကင် ငေါက်လိုက်သည့် စကားကို အရေးမစိုက်ပဲ လူမိသွားလို့ ဘာလုပ်ရမှန်းမသိသည့် မှုန်နံ့သာကိုတောင် လှမ်းနှုတ်ဆက်နေသေးသည်။ တော်တော်တော့ လာတဲ့ချာတိတ်ပဲ ..။
“နေ .. နေကောင်းပါတယ် .. မောင်လေးရော ..“
“မောင်ညီ .. မင်း အိမ်စာတွေ လုပ်စရာ မရှိဘူးလား ..“
“လုပ်ပြီးသွားပြီ .. ကျနော်က ကိုမိုးလို မဟုတ်ဘူး ..“

ညီအစ်ကိုနှစ်ယောက်ကတော့ မဟုတ်တော့။ ဟိုကောင်လေးကလဲ တကယ်ပင်။ ခပ်တည်တည်နှင့် မှုန်နံ့သာကို ဂျာကူစီပေါ်ကနေ ငုံ့ကြည့်နေသည်။ မျက်လုံးတွေက သူလာရှုပ်လို့ မကျေမနပ်ဖြစ်နေသည့် အစ်ကိုဖြစ်သူကို တစ်စက်ကလေးတောင်မှ လှည့်မကြည့်။ ရေပွက်လေးတွေဗလုံစီထနေသည့် ဂျာကူစီထဲရှိ ကန်ရေပြင်ပေါ်တွင် တစ်ဝက်လောက်ပေါ်နေသည့် မှုန်နံ့သာ၏ စိတ်ဝင်စားစရာ ပစ္စည်းနှစ်ခုဆီသာရောက်နေသည်။ မှုန်နံ့သာ စိတ်ထဲရယ်ချင်လာသည်။ အစောတုန်းကတော့ ရှက်သလို ဖြစ်မိသော်လည်း၊ အခုတော့ အကို့ပစ္စည်းမှန်းသိလျက်နှင့် ငမ်းနေသည့် ချာတိတ်လေးကို စချင်သလိုလို၊ အူယားသလိုလို ဖြစ်လာသည်။ သူမကို တွန့်တိုနေသလို ဖြစ်သည့် မိုးကောင်းကင်၏ သဘောထားကိုလဲ စိတ်ထဲမှ သဘောကျနေမိသည်။

”လာ .. မှုန် .. အိမ်ကလေးထဲပဲ ပြန်သွားကြရအောင် .. အနှောင့်အယှက်က ရောက်လာပြီ ..”
သူမလက်ကို ဆွဲပြီး ဂျာကူစီထဲက ဆောင့်ကြီးအောင့်ကြီးနှင့် ထွက်တော့၊ မှုန်နံ့သာ တခစ်ခစ်ရယ်ပြီး မိုးကောင်းကင် နောက်က ပါသွားသည်။ ညီလုလင်ကလဲ တကယ်ပင်။ “မမရေ … နောက်မှ ဆုံမယ်နော်“ လို့တမင်တကာ ပြောပြီး ဂျာကူစီနားက မခွာပဲ ရပ်၍ ကျန်နေခဲ့သည်။ ဒီကောင်လေး ဘာကို စိုက်ကြည့်နေမည်ဆိုတာ မှုန်နံ့သာ နောက်ပြန်လှည့်ကြည့်စရာမလိုပဲ အတတ်သိနေပါသည်။ ဒီညတော့ ချာတိတ်တစ်ကောင်တော့ နောက်ထပ် အိမ်စာ (Home Work) များ ရသွားပြီလား မသိ ..။

“အရှုပ်ထုတ် !! ..“
“အယ် .. ကောင်းကလဲ .. ဒီလိုမပြောပါနဲ့ … ညီလုလင်တို့ အရွယ်ဆိုတာ ဒီလိုပဲဥစ္စာကို ..“
“ဟုတ်တယ် .. ဒီငရှုပ်က မှုန့်ကို ရေကူးဝတ်စုံနဲ့ မြင်တော့ သွားရည်ကျနေမှာပေါ့ ..“
မိုးကောင်းကင်ပုံစံက တော်တော်စိတ်ဆိုးနေဟန်ရှိသည်။ တိတ်တခိုး သံယောဇဉ်တွယ်မိသူက သူမအတွက်နှင့် သ၀န်တိုနေသည်ကို မြင်တော့ မှုန်နံ့သာ ဘယ်လိုပျော်လို့ပျော်မှန်း မသိ။ အိမ်ကလေး၏ ဧည့်ခန်းထဲရောက်သည်နှင့် မိုးကောင်းကင်၏ လည်တိုင်ကို လက်ကလေးနှစ်ဖက်နှင့် ရှေ့ကနေ သိုင်းဖက်လိုက်သည်။

“စိတ်မဆိုးပါနဲ့ကွာ .. ကောင်းကလဲ  … လာ လာ .. မှုန်ရဲ့ ကောင်းရော၊ ကောင်းကိုယ်ပေါ်က ညီလေးကိုရော ချော့ပေးမယ်နော် ..“
“ဟင်းးး… မကောင်းဘူး .. မှုန် .. ဒီကောင်ရှိနေတော့ အိမ်ထဲမှာ စိတ်လွတ်လက်လွတ်နေလို့ မရဘူး .. သွားကြရအောင် .. ကောင်း မှုန့်ကို ပြန်လိုက်ပို့ပေးမယ် ..“
“ဖြစ်လို့လား ကောင်း .. မှုန့် ငရန်မကန်းလေး သနားပါတယ် ..“
“ရရာမှာပေါ့ မှုန်ရယ် .. “

မိုးကောင်းကင်က စကားစဖြတ်လိုက်ပြီးနောက် မှုန်နံ့သာအတွက် ရေသုတ်ဖို့ သဘက်တစ်ထည်ကို ထုတ်ပေးသည်။ ဒီလိုဆိုမှာတော့ မှုန်နံ့သာလဲ နောက်ထပ်ထပ်၍ ပြောမနေတော့ပဲ အ၀တ်လဲခန်းထဲ ၀င်ကာ အ၀တ်လဲလိုက်သည်။ ဒီအိမ်ကလေးရောက်တိုင်း မိုးကောင်းကင်ဆီက သင်ခန်းစာတစ်ခု ရနေကြမို့ အခုလို ဘာမှမသင်လိုက်ရပဲ ပြန်ရတော့မှာကို စိတ်ထဲကတော့ တစ်မျိုးလေးဖြစ်ရနေသည်။ သို့သော် သူမကိုယ်တိုင်လည်း ဒီရက်ပိုင်းအိမ်ကို စောစောပြန်ရောက်တာက ပို၍ကောင်းမွန်မည်ဟု တွက်ဆမိပါသည်။ မိုးကောင်းကင်နှင့် ပြန်လည်ဆုံစည်းရမည့် စနေနေ့ရောက်ဖို့သာ သူမ လက်ချိုးရေတွက်ရင်း စောင့်နေရတော့ပေမည် ..။

“ကောင်း … မှုန်တို့ စနေနေ့ရောက်မှ တွေ့ရမှာနော် ..“
မိုးကောင်းကင်က သူမတို့လမ်းထိပ်မှာ ကားရပ်ပေးသည်တွင် မှုန်နံ့သာ ကားပေါ်မှ မဆင်းနိုင်သေးပဲ ကိုယ်ကလေးကို စောင်းကာ သူ့ကို လှည့်ကြည့်ပြီးမေးသည်။ မိုးကောင်းကင်က သူမကို တွေတွေလေး ပြန်ကြည့်ရင်း ခေါင်းညိတ်ပြသည်။ မှုန်နံ့သာ ကားထဲမှနေ၍ အပြင်ဘက်ရှိ လူသွားလူလာကို ကြည့်သည်။ ဒီလမ်းလေးက နဲနဲချောင်ကျသလို ဖြစ်လို့ တော်ယုံတန်ယုံ လူဖြတ်သွားတာ မဟုတ်မှန်း သူမသိနေသည်။ အခုလဲ မီးပျက်နေသည့် အချိန်နှင့်တိုးလို့လား မသိ။ ညနေ ၆နာရီပဲ ရှိနေသေးသည့်တိုင် တော်တော်မှောင်မိုက်နေသည်။ သူမကိုယ်လေးကို မိုးကောင်းကင်ရှိရာဘက်သို့ ရွှေ့ ယူလိုက်သည်။ ကောင်းက သူမဘက်သို့ အနည်းငယ်စောင်းလိုက်သည်တွင် မှုန်နံ့သာ၏ နှုတ်ခမ်းလှလှလေးက မိုးကောင်းကင်၏ ပါးပြင်နှင့် ထိကပ်သွားသည်။ မိုးကောင်းကင်က မျက်နှာကိုလှည့်လိုက်သည်တွင် သူ့နှုတ်ခမ်းနှင့် သူမနှုတ်ခမ်းက ကွဲကွာခဲ့ရသူများလို အလိုလိုပေါင်းစည်းပြန်သည်။

“အင်း … အင်း … အင် .. “
မိုးကောင်းကင်လက်က သူမကိုယ်ကို ရစ်သိမ်းလာချိန်တွင် မှုန်နံ့သာလက်ကလဲ သူ၏ ရင်ဘတ်တလျှောက် ပွတ်တိုက်ဆွဲသွားပြီး အောက်ဘက်က ဘောင်းဘီခွကြားသို့ ဦးတိုက် ရောက်သွားသည်။ အယ် … သူ .. အရမ်းဖောင်းကားနေပါလား။ သနားပါတယ် ...။ မှုန်နံ့သာ ငရန်မကန်းကို သနားသွားသည့်စိတ်နှင့် ဘောင်းဘီကြယ်သီးကို ဖြုတ်၍ လက်နှိုက်ကာ အပြင်ထုတ်လိုက်မည်ပြုသည်။ ထိုစဉ်မှာပင် မီးရောင်တန်းတစ်ခုက သူမတို့ဆီ စူးကနဲရောက်လာသည်။ နှစ်ယောက်သား အလန့်တကြားနှင့် တစ်ဦးကိုတစ်ဦး တွန်းထုတ်လိုက်စဉ်မှာ ကားတစ်စီးက ၀ူးကနဲ သူမတို့နောက်နားမှာ ကျော်တက်သွားသည်။

“ကောင်း … မှုန် .. မှုန် သွားတော့မယ် ..“
“အင်း .. သွားတော့လေ .. တာ့တာ .. မှုန် ..“
မှုန်နံ့သာ လေးလံသည့် ခြေလှမ်းတွေနှင့် သူမအိမ်ဘက်သို့ စလျှောက်လှမ်းလိုက်စဉ်မှာပင် မိုးကောင်းကင်က သူ့ကားကို မောင်းထွက်သွားသည်။ ခါတိုင်းလိုက်ပို့လျှင် သူမ အိမ်ထဲသို့ ကွေ့ ချိုးဝင်သွားသည်အထိ မိုးကောင်းကင်၏ ကားနီလေး ရှိနေတတ်သော်လည်း၊ ဒီနေ့တော့ သူက သူမကို စောင့်ကြည့်မနေပါ။ အမှုမှတ်အမှတ်မဲ့မို့ မှုန်နံ့သာ ဒါကို ရှည်ရှည်ဝေးဝေး တွေးမနေမိ။ အိမ်ထဲရောက်သည်နှင့် အမေဖြစ်သူကို မီးဖိုခန်းထဲမှာ တွေ့လိုက်ရာ၊ ခါတိုင်းလိုပင် ညနေစာအတွက် ပြင်ဆင်ဖို့ ၀ိုင်းကူပေးရင်း သူမ စိတ်ထဲ မိုးကောင်းကင်ကို အခိုက်အတန့်မျှ မေ့သွားခဲ့သည်။

No comments:

Post a Comment