Sunday 30 June 2013

Youtube မှ ရုပ်ရှင် download လုပ်နည်း နှင့် စာတန်းထိုးရှာနည်း

ကျနော် ဒီဘလော့လေးမှာ ရုပ်ရှင်ကားတွေ (များသောအားဖြင့် softcore) ကို ပြောပြတဲ့အခါမှာ ယူကျုကလင့်တွေကိုပဲ ပေးသွားမှာပါ။ အဲဒီတော့ တစ်ချို့သော ကော်နက်ရှင်မကောင်းသူများအတွက် streaming ကြည့်လို့မရရင်၊ ဒေါင်းလုတ်ဆွဲပြီး ကြည့်နိုင်မယ့် နည်းတွေကို ဖော်ပြပေးလိုက်ပါတယ် ...။

(၁) Mozilla Firefox ရှိရပါမယ်။ အဲဒီမှာ Add-ons တွေ အင်စတောလုပ်လို့ရတဲ့နေရာမှာ Easy Youtube Video Downloader ဆိုတာကိုရှာပြီး အင်စတောလုပ်လိုက်ပါ။ အားလုံးပြီးသွားရင် ဖိုင်းယားဖောက်စ်ကို ပြန်ပိတ်ပြီး restart ပြန်လုပ်။ အဲဒါဆိုရင် ကိုယ်ကြည့်နေတဲ့ ယူကျုဗွီဒီယိုဖိုင်မှာ ဒေါင်းလုပ်လုပ်လို့ရတဲ့ button လေး ပေါ်လာပါလိမ့်မယ်။ အဲဒီဟာကို ကလစ်လုပ်ပြီး MP4 ဗားရှင်းကို ရွေးလိုက်ရင် တစ်ဖိုင်ကို ၃၀၀ မက်လောက်ပဲ ရှိတဲ့ ရုပ်ရှင်ကိုရပါလိမ့်မယ်။

(၂) နောက်တစ်ခုကတော့ Download Manager ကို သုံးတဲ့နည်းပါ။ ကျနော်ကတော့ Free Download Manager ဆိုတာကို သုံးပါတယ်။ အောက်မှာ အဲဒါရဲ့ အင်စတော်လာဖိုင်ကို မီဒီယာဖိုင်းယားမှာ ကျနော်တင်ပေးထားပါတယ်။ ဆွဲပြီး အင်စတောလုပ်လိုက်ပါ။ အဲဒါဆိုရင် ယူကျုဖိုင်ကို ဖွင့်တဲ့အခါမှာ စကရင်ရဲ့ ဘယ်ဘက်ဒေါင့်မှာ Download with FDM ဆိုတာလေး ပေါ်နေပါလိမ့်မယ်။ အဲဒါကို ကလစ်လုပ်ပြီး ဆွဲလို့ရပါတယ်။
http://www.mediafire.com/?g8ibcgpy14qq83e

(၃) နောက်ဆုံးတစ်ခုကတော့ ယူကျုရဲ့ လင့်ကို voobys ဆိုတာနဲ့ အစားထိုးယုံပါပဲ။ ဥပမာ ယူကျုလင့်က
http://www.youtube.com/watch?feature=player_embedded&v=Gc83RWSiFZs  ဆိုရင်
http://www.voobys.com/watch?feature=player_embedded&v=Gc83RWSiFZs   နဲ့ အစားထိုးလိုက်ပါ။ အဲဒီမှာ ခင်ဗျား ဘာဖိုင် ဖောမက်နဲ့ဆွဲချင်လဲဆိုပြီး List ကျလာပါလိမ့်မယ်။ ကိုယ်ကြိုက်တာကို ရွေးပြီး ဆွဲလို့ရပါတယ်။ ကျနော်ကတော့ mp4 ကိုပဲ သုံးတာများပါတယ်။

Subtitle ရှာဖို့ကတော့ ကျနော်က website နှစ်ခုကို သုံးပါတယ်။
http://subscene.com/ နဲ့
http://www.opensubtitles.org/en

အဲဒါကိုဖွင့်လိုက်ပြီး ကိုယ်လိုချင်တဲ့ ရုပ်ရှင်ရဲ့ အင်္ဂလိပ်စာတန်းထိုး ဖိုင်ကို ရှာလိုက်ပါ။ များသောအားဖြင့် ဇစ်ဖိုင်နဲ့ ချပေးတတ်ပါတယ်။ ရလာတဲ့ ဇစ်ဖိုင်ကိုဖြေလိုက်ရင် .srt နဲ့ဆုံးတဲ့ ဖိုင်တစ်ခုရလာပါလိမ့်မယ်။ အဲဒါက စာတန်းထိုးဖိုင်ပါ။ ခုနက ယူကျုကနေ ဒေါင်းလို့ရထားတဲ့ file name အတိုင်း အဲဒီစာတန်းထိုးဖိုင်ကို ပြောင်းလိုက်ရင် အလိုလို အဲဒီကားကို ဖွင့်ကြည့်တဲ့အခါ စာတန်းထိုးပေါ်နေမှာပါ။ ဥပမာ ..

ယူကျုက ရတဲ့ဖိုင်က summer time (2002).mp4 ဆိုရင် စာတန်းထိုးဖိုင်ကို summer time (2002).srt အဖြစ်ပြောင်းလိုက်ယုံပါပဲ။ စမ်းကြည့်လို့ရအောင် ကျနော် တင်ပေးထားခဲ့တဲ့ The lover ရဲ့ အင်္ဂလိပ်စာတန်းထိုးဖိုင်ကို ရှာပေးလိုက်ပါတယ်။ စာတန်းထိုးလေးနဲ့ ကြည့်ရတော့ ပိုပြီး ဖီလင်လာတာပေါ့ဗျာ ..
http://subscene.com/subtitles/the-lover/english/252585

အဆင်ပြေကြပါစေ
နတ်သား

No comments:

Post a Comment