ဒုတိယအကြိမ်အဖြစ် မှုန်နံ့သာ၏ အိမ်ရှေ့သို့ မိုးကောင်းကင်၏ ကားအနီလေး
ပြန်ရောက်လာချိန်တွင် မနက်၁၁နာရီ ရှိနေပြီဖြစ်သည်။ တော်တော့ တော်ပါသေးသည်။
မိုးကောင်းကင် မရောက်လာခင် ဒေါ်ကေသီက အလုပ်ကိစ္စနှင့် အပြင်ထွက်သွားလို့
မှုန်နံ့သာ ရှင်းပြရတာ သက်သာသွားသည်။ ဒီလိုမှ မဟုတ်လျှင် တစ်နေ့ထဲ
နှစ်ခါတိတိ မိုးကောင်းကင်နှင့်ပါသွားမှုအတွက် သူမ လျှောက်လဲချက်ပေးရမှာ
သေချာသလောက် ရှိပါသည်။ ညီမငယ် သံစဉ်သာလောက်ကတော့ သူမ ထည့်မတွက်ပါ။ တစ်ချို
့ကိစ္စတွေကို ညီအစ်မခြင်း ဖြစ်ပေမယ့် မှုန်နံ့သာ သိပ်ရှင်းပြမနေတတ်ချေ။
မိုးကောင်ကင်
ခေါ်သွားသည့် ရှော့ပင်းမောက နာမည်ကြီးနေရာဖြစ်သည့်အပြင်၊ အချိန်ကလဲ
အချိန်ကောင်းမို့ မှုန်နံ့သာတို့ ရောက်သွားချိန်တွင်
လူအတော်စည်နေပြီဖြစ်သည်။ ကားပါကင်တွင် ကားရပ်ပြီးနောက် ရှော့ပင်းမောထဲသို့
အတူတွဲ၍ လျှောက်လာချိန်တွင် မှုန်နံ့သာ ပထမဆုံး သတိပြုမိသည်က လူတွေအားလုံး၏
မျက်လုံးတွေသည် သူမတို့နှစ်ယောက်ဆီသို့ အလိုလို ရောက်လာကြတာကို။
မှုန်နံ့သာသည် မိုးကောင်းကင်၏ ညွှန်ကြားချက်နှင့် skinny jeans လို့ ခေါ်သည့်
ဂျင်းဘောင်းဘီကြပ်ကို တီရှပ်အကြပ်နှင့် တွဲဝတ်ထားသည်။ အ၀တ်အစားနှစ်ခုစလုံးက
သူမ၏ ကိုယ်ထည်အား အရှိကိုအရှိအတိုင်း ဖော်ပြနေသည့် အမျိုးအစားမို့ သူမ
ဖြတ်လျှောက်သွားသည့် နေရာတိုင်းမှ ယောက်ျားလေးတွေ၏ မျက်လုံးများသည် သူမ၏
ကိုယ်ပေါ်သို့ မြှားတံများအလား ၀ဲကာဝဲကာ ကျရောက်နေလေသည်။
မှုန်နံ့သာ
လမ်းလျှောက်ရတာ တစ်မျိုးဖြစ်လာသည်။ အရင်တုန်းကလဲ ယောက်ျားလေးတွေ
စိုက်ကြည့်တာကို ခံခဲ့ရဖူးပေမယ့် ဒီလောက်ပမာဏများသည်ကို မကြုံဖူး။ စိတ်ထဲ
မ၀ံ့မရဲဖြစ်လာသည့်အလျောက် ခြေလှမ်းတွေက အလိုလိုနှေးသွားသည်။ အတူလျှောက်နေသူ
မိုးကောင်းကင် ခြေလှမ်း လေးငါးလှမ်းလောက်လွန်သွားသည်။ ထို့နောက်မှ
သူမပါမလာသည်ကို သတိပြုမိလို့ နောက်ပြန်လှည့်ကြည့်သည်။
“မှုန် .. ဘာဖြစ်လို့လဲ ..“
“ဟို .. ဟို .. လူတွေကြည့်နေကြတယ် ..“
“မျက်စိပါလို့ ကြည့်တာပဲ .. ကြည့်ပါစေ .. ကြည့်လို့ပဲ့ပါသွားတာမှ မဟုတ်တာ ..“
“မဟုတ်ဘူး .. ကောင်း .. မှုန့်ကိုကြည့်တာ အပေါစားမလိုမျိုး သဘောထားပြီး ကြည့်နေကြတာထင်တယ် ..“
“မှုန်
.. ပေါက်တတ်ကရတွေ လျှောက်တွေးမနေနဲ့ .. မှုန်က အပေါစားမဆိုတော့ ..
ကောင်းကရော ဘာဖြစ်သွားမလဲ .. မှုန်ကို့ ဆက်ဆီကျလို့ ကြည့်နေကြတာ ..
အရုပ်လှလှလေးလို မြင်လို့ ကြည့်နေကြတာ .. ကောင်းပြောတာ နားလည်လား ..“
မိုးကောင်းကင်
လေသံက ပြတ်သားသည်။ မှုန်နံ့သာ အလိုလို ခေါင်းညိတ်ပြရင်း သူ့စကားကို
လက်ခံမိသွားသည်။ ဟုတ်တော့လဲဟုတ်ပါသည်။ ယောက်ျားလေးခြင်းမို့ မိုးကောင်းကင်က
သူမထက်စာလျှင် ပုရိသယောက်ျားတွေ၏ သဘောကို ပိုနားလည်ပေလိမ့်မည်။ သူမ စိတ်ထဲ
အနည်းငယ် ငြိမ်းအေးသွားသည့်တိုင် စိတ်မအီမသာဖြစ်နေသေးသည်ကတော့
မပျောက်သေးပါ။
“လာ .. ကောင်းလက်ကို ကိုင်လိုက်ခဲ့ .. အတူတူသွားကြမယ် ..
ကိုယ်ကိုမတ်ပြီးရဲရဲလျှောက် ..မ၀ံ့မရဲမဖြစ်နဲ့ … မှုန့်ဘေးနားမှာ
ကောင်းရှိနေတယ် ..“
မှုန်နံ့သာ အားရ၀မ်းသာစွာပင် ကမ်းပေးထားသည့်
မိုးကောင်းကင်လက်ကို ဆွဲယူလိုက်သည်။ မိုးကောင်းကင်နှင့် သူမသည်
ချစ်သူအတွဲတွေ မဟုတ်သည့်တိုင် ထိုခဏ၌ သူမမှာ လက်ချင်းဆုပ်ကိုင်ထားမှုမှ
အားအင်တွေ စီးဆင်းလာသည်ဟု ခံစားရသည်။ မိုးကောင်းကင် ဘေးနားမှ ယှဉ်၍ သူမ
လိုက်ပါလာခဲ့သည်။
မိုးကောင်းကင်ပြောတာ မှန်ပါသည်။ တဖြေးဖြေးနှင့်
မှုန်နံ့သာ၏ ကိုယ်ထဲတွင် သူမကိုယ်သူမ ယုံကြည်မှုတွေ ပြန်ဖြစ်လာသည်။
ယောက်ျားလေးတွေ စိုက်ကြည့်နေမှုကို ရွံကြောက်မှု မဖြစ်တော့ပဲ
ထို့အကြည့်တွေ၌ပင် သာယာလာသည်။ ကျေနပ်လာသည်။ ဟုတ်တော့ဟုတ်သည်။ အများသူငှာ
စိုက်ကြည့်လို့ လမ်းလျှောက်ပျက်ရမည်ဆိုလျှင် ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ
ရှော့ပင်းထွက်နိုင်ကြတော့မည်တောင် မထင်။ အိမ်ထဲတွင် ငြိမ်ကုတ်ပြီး
နေကြရဖို့များသည်။ မှုန်နံ့သာ ထိုသို့ တွေးလိုက်မိသည့်နောက်တွင်တော့ သူမကပင်
ပြန်၍ သူမကို စိတ်ဝင်တစားငေးကြည့်နေသူတွေကို လေ့လာမိတော့သည်။
မှုန်နံ့သာကို
ငမ်းနေသော တချို့သောကောင်လေးတွေက ပုံစံမဆိုးပါ။ ထိုရောအခါ
ဒီလိုကောင်လေးတွေက သူမကို စိတ်ဝင်တစား ကြည့်နေခြင်းအတွက် မှုန်နံ့သာ
ကျေနပ်မှု ဖြစ်လာသည်။ အသက်ကြီးကြီး ဘဲကြီးတွေနှင့် ချာတိတ်လေးတွေကလဲ
အလွတ်မပေးပဲ သူမကို ကြည့်ကြတာတွေ့သည်။ မှုန်နံ့သာ ဘယ်လိုမှ မဖြစ်တော့ပါ။
ထို့အပြင် အမျိုးသမီးကြီးတွေနှင့် ရွယ်တူ မိန်းကလေးများကပါ
သူမတို့နှစ်ယောက် ဖြတ်လျှောက်သွားသည်တွင် လိုက်ကြည့်ကြတာကိုလဲ မြင်နေရသည်။
အစတုန်းကတော့ ဒါကို သူမ တစ်မျိုးဖြစ်သေးသည်။ ဒါပေမယ့် မှုန်နံ့သာ
သေချာသတိထားကြည့်လိုက်တော့ ထိုမိန်းမတွေ၏ အကြည့်က သူမဆီမှာ ခဏသာရှိပြီး
မိုးကောင်းကင်ဆီသို့ပဲ ၀ဲသွားကြသည်။ ထိုရောအခါ မှုန်နံ့သာစိတ်ထဲမှာ
တမျိုးတောင်ဖြစ်ရသည်။ အစောပိုင်းတုန်းက မ၀ံ့မရဲဖြစ်နေသော ခံစားချက်တွေသည်
နေလာနှင်းပျောက်ဆိုသလို အစတောင် ရှာလို့မရတော့ပဲ မိုးကောင်းကင်နှင့်
တွဲလျှောက်နေရမှုအတွက် ဂုဏ်ယူသလိုတောင်ဖြစ်လာသည်။ တစ်ချက်တစ်ချက်
မိုးကောင်းကင်၏ မျက်နှာကို သူမခိုးကြည့်မိနေတော့သည်။
မှုန်နံ့သာ၏
စိတ်ထဲတွင် အတွေးပေါင်းစုံက ချာလပတ်လည်နေသဖြင့် မိုးကောင်းကင်က
ဘယ်ခေါ်လို့ခေါ်လာခဲ့သည်ဆိုတာတောင် သတိမထားမိလိုက်ပါ။ လက်ဆွဲခေါ်ရာ
လိုက်လာရင်းမှ မိုးကောင်းကင်က ခြေလှမ်းရပ်လိုက်သည်တွင် သူမတို့ရောက်နေသည့်
ဆိုင်ခန်းကိုသတိထားမိသည်။ အမျိုးသမီးအသုံးအဆောင်နှင့် အ၀တ်အထည်တွေချည်းပဲ
သီးသန့်ရောင်းချသည့် စတိုးဆိုင်ကြီးဖြစ်သည်။ အပေါက်ဝနားတွင် ရပ်နေသည့်
မှုန်နံ့သာတို့ဆီသို့ ၀တ်စုံလှလှလေးဝတ်ထားသော အရေးစာရေးမလေးတစ်ဦး
မဆိုင်းမတွရောက်လာသည်။ ထုံးစံအတိုင်းပင်။ မှုန်နံ့သာဆီသို့
တစ်ချက်ဝေ့ကြည့်ပြီးနောက် ကောင်မလေး၏ အကြည့်က မိုးကောင်းကင်ဆီသို့
ရောက်သွားသည်။ ထို့ကြောင့်ပဲလား မသိ။ မိုးကောင်းကင် ပါးစပ်က
စကားတစ်ခွန်းထွက်လာသည်တွင် အရောင်းစာရေးမလေးမျက်နှာ၌ အံ့အားသင့်သည့်အသွင်
ဖြတ်ပြေးသည်။
“Thong တွေ ကြည့်ချင်လို့ ..“
“ရှိ .. ရှိပါတယ် .. ဒီ .. ဘက်ခြမ်းမှာပါ ..“
မှုန်နံ့သာ
မျက်လုံးပြူး၊ မျက်ဆံပြူးနှင့် မိုးကောင်းကင်နောက်မှ ပါသွားသည်။ ပထမတော့
မိုးကောင်ကင် နောက်နေသည်ဟု ထင်ထားသည်။ သို့သော် မိုးကောင်ကင် Thong
တွေရှိသည့် ကောင်တာရောက်တော့ ကောက်ကိုင်ပြီး ၀ယ်ဖို့ပြောသည်တွင် မှုန်နံ့သာ
ဘာပြောရမှန်းတောင် မသိတော့။ အရောင်းကောင်မလေးကတော့ ဈေးရောင်းသူမို့လို့လား
မသိ။ ဘယ်လိုမှ မနေတော့ပဲ မိုးကောင်းကင်ရွေးထားသည့် Thongတွေနှင့်
လိုက်ဖက်ညီမည့် အဆင်တူ ဘရာတွေကိုတောင် ထုတ်ပြနေသေးသည်။ ဘာမှမဟုတ်သည့်
ပစ္စည်းလေးတွေဖြစ်ပေမယ့် တန်ဖိုးကတော့ မနည်းပါ။ မြန်မာငွေနှင့်တောင် မဟုတ်ပဲ
Baht ငွေနှင့်ရှင်းရမည်ဆိုတာကို မှုန်နံ့သာ ဈေးနှုန်း Tag ကိုမြင်၍
သိနေရသည်။
“မှုန် .. ကြိုက်လား ..“
“အင် … ဟုတ် .. ဟုတ်ကဲ့ ..“
ယောင်တောင်ပေါင်တောင်နှင့်ပင်
မှုန်နံ့သာ ခေါင်းညိတ်ပြလိုက်သည်။ မိုးကောင်းကင်က ဒါနဲ့တင် မရပ်သေးပါ။
ဖိနပ်ရောင်းသည့်နေရာသို့ ဆွဲခေါ်သွားသည်။ Lily လောက်ပဲ စီးနေကြသူမို့
မိုးကောင်းကင် ဦးတည်သွားသည့် ဖိနပ်စင်ကိုမြင်တော့ မှုန်နံ့သာ
တိုးတိုးလေးကပ်ပြောရသည်။
“ကောင်း .. အဲဒါတွေက ဈေးကြီးတယ် …“
“ဈေးက အရေးမကြီးပါဘူးကွာ .. စတိုင်လ်ကျဖို့က အဓိကပါ .. ဒါနဲ့ မှုန်က ဒေါက်မြှင့်စီးနိုင်တယ်နော် …“
“စီးတော့စီးပါတယ် …ဒါပေမယ့် ခြေဖျားလေးတွေနာလို့ အမြဲမစီးဖြစ်ဘူး ..“
မိုးကောင်းကင်က
ထပ်မမေးတော့ပဲ သူသဘောကျသည်ဆိုသော ကြိုးသိုင်းဒေါက်မြှင့်ဖိနပ်တစ်ရံနှင့်
အနက်ရောင် leather boots တစ်စုံကို လက်ညိုးထိုးပြသည်။ သားရေဖိနပ်က
ဒစ်စကောင့်ချနေသည်ဆိုသည့်အတွက် မှုန်နံ့သာလဲ အထူးထူးအထွေထွေ ငြင်းမနေတော့ပါ။
မိန်းကလေးပီပီ ဈေးဝယ်ရတာကို တဖြေးဖြေးနှင့် နှစ်ခြိုက်လာသည်။
မိုးကောင်ကင်လက်ကို ချိတ်၍ ကောင်တာပေါင်းစုံသို့ လိုက်ပါလာခဲ့သည်။
အချိန်နှစ်နာရီနီးပါးမျှကြာအောင် ဈေးဝယ်ပြီးချိန်တွင် မှုန်နံ့သာရော၊
မိုးကောင်ကင်ရော လက်တွေလုံးဝမအားတော့ပါ။ ပလတ်စတစ်အိတ်၊ စက္ကူအိတ်တွေကို
တနင့်တပိုးဆွဲပြီး ကားရပ်ထားရာသို့ ပြန်လျှောက်လာခဲ့ကြသည်။
“ဘာဆက်လုပ်ကြမှာလဲ .. ကောင်း ..“
“ကောင်းမှာတော့ အစီအစဉ်ရှိတယ် .. ဒါပေမယ့် မှုန်ကဘာလုပ်ချင်လဲ ..“
စိတ်ကြည်နူးမှုအခံနှင့်မို့
မှုန်နံ့သာ၏ မျက်နှာက မချိုမချဉ်ဖြစ်နေသည်။ ပါစင်ဂျာခုံဘက်တွင်
တည့်တည့်လေးထိုင်နေရာမှ မိုးကောင်းကင်ရှိရာဘက်သို့ ကိုယ်ကလေးကို
နွဲ့ကာထိုင်သည်။ ဒါတွင်မက သူမလက်ကလဲ မိုးကောင်းကင်၏
ပေါင်တံပေါ်သို့ရောက်လာသည်။ လက်ချောင်းလေးနှစ်ချောင်းကို လမ်းလျှောက်သလို
ဒူးခေါင်းဘက်မှ အပေါ်ဘက်သို့ တဖြေးဖြေးချင်း ရွှေ့ လာရင်း ..
“မှုန်က .. ကောင်းကို … မှုန့်စိတ်ချမ်းသာအောင် လုပ်ပေးတဲ့အတွက် ကျေးဇူးပြန်ဆပ်ရင် ကောင်းမလားလို့ ..“
“တကယ် .. မှုန်က ဘယ်လိုဆပ်ချင်တာလဲ .. ပြောပြလေ ..“
မှုန်နံ့သာနှုတ်မှ
ထုတ်မပြောခင်မှာ သူမလက်က မိုးကောင်းကင်၏ ဘောင်းဘီခွကြားသို့
ရောက်သွားပြီဖြစ်သည်။ လက်ကိုအုပ်၍ ဖွဖွလေးညှစ်ပေးလိုက်သည်တွင်
မိုးကောင်းကင်တစ်ယောက် ဖင်ကိုရွှေ့ ၍တောင် ထိုင်လိုက်ရသည်။ လက်ထဲတွင်
စမ်းမိသည့်အရာကလဲ ဂျင်းဘောင်းဘီခံနေသည့်တိုင် ခပ်ဖောင်းဖောင်းဖြစ်နေသည်ကို
သတိထားမိသည်။
“ဒီကောင်ဆိုးလေးများ အပြင်ထွက်ပြီး မှုန်နဲ့ဆော့ချင်မလားလို့လေ ..“
“ဟင် .. ကောင်ဆိုးလေး ဖြစ်သွားပြီလား ..“
“ဟုတ်တယ် .. တော်တော်ဆိုးတဲ့ကောင် … နေပါဦး .. သူ့ကို ဘယ်လိုခေါ်ရမလဲ .. ဟုတ်ပြီး .. ငရန်မကန်းလို့ ခေါ်ရမယ် ..ခစ် .. ခစ် “
“အာ .. မှုန်ကလဲ .. ဘယ်နှယ့် ငရန်မကန်း ဖြစ်သွားရတာလဲ .. အဲဒီနာမည်ကြီး မမိုက်ဘူး ..“
“သိဘူးကွာ .. မှုန်ခေါ်ချင်သလို ခေါ်မှာပဲ .. ကောင်းဟာက မျက်လုံးတစ်ဖက်ထဲရှိတဲ့ လူနဲ့တူနေတာကိုး .. မရဘူး ငရန်မကန်းပဲ ..“
“အိုကေ .. အိုကေ .. ခေါ်စေဗျား ... မှုန့်သဘော … ဟုတ်လား .. ဒါပေမယ့် အပြင်မှာတော့ လျှောက်ပြောမနေနဲ့နော် ..“
“မပြောပါဘူး .. စိတ်ချ .. “
မှုန်နံ့သာ
ခေါင်းကလေးကို စက်ရုပ်အရှုံးပေးရလောက်အောင် လေးငါးခါထက်မနည်း
သွက်သွက်ညိတ်ပြီးကတိပေးလိုက်သည်တွင် မိုးကောင်းကင် ထပ်မပြောတော့ပါ။
ကောင်မလေး စိတ်ကြည်နူးနေသည်ကိုပင် ပြုံးစစနှင့်ကြည့်ရင်း ကားကို
မောင်းထွက်လိုက်ပါတော့သည်။
No comments:
Post a Comment