Wednesday 19 June 2013

ဆရာကောင်း တပည့် .. (၃)

မေးပြီးပြီးခြင်း မိုးကောင်းကင်သည် သူမှားသွားပြီမှန်း သိသည်။ အပြင်မှာ ကျဲကျဲတောက်ပူနေသည့်နေရောင်နှင့် ဆန့်ကျင်ဘက်အဖြစ် မှုန်နံ့သာ၏ မျက်နှာလေးသည် ချက်ချင်းဆိုသလို မှိုင်းညိုသွားရှာသည်။ သူ့စကားလွန်သွားမှုအတွက် မိုးကောင်းကင် တောင်းပန်မည်အပြုမှာပင် မှုန်နံ့သာဆီမှ စကားသံက အရင်ထွက်လာသည်။

“ဟုတ်တယ် .. မှုန် ဗါဂျင်ပဲ ရှိသေးတယ် .. ဒါပေမယ့် အဲဒီကိစ္စနဲ့ ငါ ရည်းစားမရတာ ဘာဆိုင်လို့လဲ မိုးကောင်းကင် !! “

မိုးကောင်းကင်သည် မှုန်နံ့သာ၏ ခပ်မာမာတုံ့ပြန်မှုကြောင့် ရုတ်တရက် ဘာပြန်ပြောရမှန်းမသိ။ အခုမှ သူတို့ ပြန်လည်ဆုံမိတာဖြစ်သည့်တိုင် တစ်ကျောင်းတည်းထွက် သူငယ်ချင်းဆိုသော အသိနှင့် မှုန်နံ့သာ စိတ်ဆိုးသွားမှာကို သူမလိုလားပါ။ သို့သော် သူ မရည်ရွယ်ပဲ စကားစထားမိချေပြီ။ မပြောလို့က မဖြစ်တော့ပြီမို့ သူ့စကားကိုသာ ဆက်လက်ရှင်းပြရရှာသည်။

“ငါပြောမယ် မှုန် .. နင် ယုံချင်မှာလဲယုံ .. သူရိန်တို့၊ နေမင်းတို့လိုမျိုး .. မိန်းကလေးတွေနဲ့ ယဉ်ပါးနေတဲ့ကောင်တွေဟာ ကောင်မလေးတစ်ယောက်ကို ကြိုက်ပြီဆိုမှတော့ ဘာလိုချင်လဲဆိုတာ နင်လဲ စဉ်းစားမိမှာပါ .. အဲဒီတော့ သူတို့ရွေးချယ်မယ့် ကောင်မလေးဟာ ဘာဆိုဘာမှ မသိနားမလည်တဲ့ ခပ်တုံးတုံး၊ ခပ်ရိုးရိုး မိန်းကလေးတစ်ယောက်ဖြစ်နိုင်ပါ့မလား ..  အချစ်တွေ၊ မေတ္တာတွေ၊ သံယောဇဉ်တွေ သွားပြောနေလို့ ဟိုကောင်တွေက ဟားတိုက်ပြီးတောင် ရယ်နေဦးမယ် … ငါ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ် .. သူရိန်တို့ ငါတို့ဆိုတာက ရည်းစားကိစ္စကို ခေါင်းနဲ့စဉ်းစားတာ မဟုတ်ဘူး .. ဒုတ်နဲ့စဉ်းစားတာ မှုန် ..“
“ဟုတ်တာပေါ့ .. အဲဒါကြောင့်လဲ နင်နဲ့ ဂျူလိုင် ပြတ်သွားတာ မှတ်လား ..“

ထင်မှတ်မထားသည့် မှုန်နံ့သာ၏ အမေးနှင့် တုံ့ပြန်မှုကြောင့် မိုးကောင်းကင် ကြောင်သွားသည်။ ဂျူလိုင်နှင့်ကိစ္စကို ပြန်အစဖော်ကာ ပြောလာမှုအတွက် သူအနည်းငယ် စိတ်ကွက်သွားသလိုလဲ ဖြစ်မိသည်။ သို့သော် တစ်ဖက်ကမူ မှုန်နံ့သာ၏ ဆတ်ဆတ်ထိမခံ တုံ့ပြန်မှုကို သဘောကျသည်။ သူပြောနေသည့် အကြောင်းအရာတွေက မှုန်နံ့သာ မဟုတ်ပဲ တခြားမိန်းကလေး တစ်ယောက်သာဆို နေရာမှာတင် ပါးထရိုက်တာ ခံရမည့် အကွက်ဖြစ်သည်။ သို့သော် မှုန်နံ့သာသည် တကယ်ပင် သူမ၏ လိုအပ်ချက်ကို သိချင်နေရှာဟန်နှင့် လိုက်လိုက်လျောလျော၊ ပွင့်ပွင့်လင်းလင်း ပြောနေရှာသည် မဟုတ်လား။ မိုးကောင်းကင် သက်ပြင်းတစ်ချက်ကို ရှိုက်ထုတ်လိုက်ပြီးမှ ..

“ငါ့အကြောင်းတွေကို ခေါက်ထားလိုက်စမ်းပါဟာ ..  နင့် ကိစ္စကိုပဲ ပြောကြရအောင် ..“
“ခေါက်ထားလို့ မရဘူး  မိုးကောင်းကင် .. နင်ပြောတာတွေက အဓိပ္ပါယ်မရှိဘူး .. မှုန် ခပ်ရှင်းရှင်းပဲ ပြောမယ် .. ဂျူလိုင်လိုမျိုး ငါ့ထက် ခပ်ကဲကဲကောင်မလေးကိုတောင် နင်ထားခဲ့သေးတာပဲ ... သူရိန်တို့ကရော သူတို့လိုချင်တာ ရပြီးသွားရင် ငါ့ကို မထားခဲ့ဘူးလို့ နင်ပြောနိုင်မလား ... နင့်စကားက မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်ဖြစ်နေပြီ ..“
“အာ .. မှုန်ကလဲ .. ငါနဲ့ ဂျူလိုင်ကိစ္စက နင်ထင်ထားသလို မဟုတ်ဘူး .. ဘယ်လိုပြောရမလဲ .. နင့်ကို အရှင်းဆုံးပြောရမယ်ဆိုရင် ... ဂျူလိုင်က ငါဖြစ်ချင်တဲ့အတိုင်း ဖြစ်မလာဘူး .. အဲဒါကြောင့်ပဲ ..“
“သြော် ... သြော်  .. ဒါကြောင့်လား ... ဒါဆို မှုန်တို့ကြားတဲ့ ကောလာဟလက မှန်နေတာပေါ့ .. ဂျူလိုင်က နင့်ကို မစုတ်ပေးလို့ နင်ဖြတ်လိုက်တာ မှတ်လား ... နင်တို့ယောက်ျားတွေဟာလေ ... တကယ်ပဲ ဦးနှောက်နဲ့ မတွေးကြတော့ဘူးလား ... မိုးကောင်းကင်ရယ် ..“
မိုးကောင်းကင် မှုန်နံ့သာ၏ စကားကို မငြင်းဆန်ပဲ ပခုံးနှစ်ဖက်ကို တွန့်ပြသည်။ မခိုးမခန့်နှင့် “ဟက်“ခနဲ တစ်ချက်ရယ်ပြီး ..

“မှုန် .. နင် နားလည်အောင် ငါဘယ်လိုပြောရမလဲ .. နင်လဲ သိမှာပါ .. ငါ ဂျူလိုင်ရှေ့မှာ ကောင်မလေးတွေ ရှိခဲ့သေးတယ်ဆိုတာကို .. နင်ပဲ စဉ်းစားကြည့် .. ငါ့လောက်အတွေ့အကြုံ ရှိပြီး အချစ်ကိစ္စကို ကျွမ်းကျင်နေတဲ့သူက ကောင်မလေးတစ်ယောက် ပေါင်ကားပေးတာနဲ့တင် ကျေနပ်နိုင်ပါ့မလား .. ငါ့ကို ထန်တဲ့ကောင်၊ တဏှာကောင်လို့ ထင်ချင်လဲထင်၊ ကုတင်ပေါ်တက် ပက်လက်လှန် ပေါင်ကားပေးတာလောက်နဲ့တော့ မိန်းမတစ်ယောက်ကို ငါ လက်မတွဲနိုင်ဘူး .. မှုန် .. ဆောရီးပဲ ..“
“အဲဒီလောက်တောင်ပဲလား မိုးကောင်းကင်ရယ် .. ပါးစပ်နဲ့ စုတ်ပေးတာ ခံရတာ အဲဒီလောက်ကောင်းလို့လား ဟင် ..“
“နင် မေးတာကို ဖြေရရင် ၁၁၀% ဟုတ်တယ်လို့ ပြောရမှာပဲ ..“
“တကယ် !!! ..“
“တကယ်ပေါ့ .. ထပ်ပြီး ဖြည့်စွက်ပြောရမယ်ဆိုရင် ယောက်ျားလေးဖြစ်တဲ့သူပဲ ကောင်းတာ မဟုတ်ဘူးနော် .. မိန်းကလေး ဖြစ်တဲ့သူလဲ ကောင်းတာပဲ …“
“နင် .. နင် ပြောချင်တာ ဘာဂျာမှုတ်ပေးတယ်ဆိုတာကိုလား ..“

မှုန်နံ့သာ၏ အသံက ပုံမှန်သံ မဟုတ်တော့ပဲ မ၀ံ့မရဲအသံသို့ အလိုလို ကူးပြောင်းသွားသည်။ အစောတုန်းက ကားထဲထိုင်ရသည်မှာ အဲယာကွန်းကြောင့် အေးမြနေသည်ဟုခံစားခဲ့ရသော်လည်း အခုတော့ သူမ ကိုယ်ကလေးက နွေးလာသလို ဖြစ်သည်။ အထူးသဖြင့် ပန်းနုရောင်သွေးပြေးနေပြီဖြစ်သည့် သူမ မျက်နှာတစ်ဝိုက်က အဆိုးဆုံးဖြစ်သည်။ သူတို့နှစ်ဦးပြောနေသည့်အကြောင်းအရာတွေက ဘယ်ကို ဦးတည်နေပြီလဲဆိုတာကို မှုန်နံ့သာ သတိထားမိသည်။ သို့သော် သိချင်စိတ်၊ စူးစမ်းချင်စိတ်က လွှမ်းမိုးထားသဖြင့် မှုန်နံ့သာ စကားလမ်းကြောင်းပြောင်းဖို့တော့ မစဉ်းစားမိပါ။ ဘာရယ်ကြောင့်မှန်း မသိ။ မိုးကောင်းကင်ပြောပြသည့် စကားတွေကို သူမ စိတ်ဝင်စားနေမိသည်။

“ဟုတ်တယ် .. ငါပြောပြမယ် .. နင် .. မျိုးသိင်္ဂီဆိုတဲ့ အစ်မကြီးကို သိလား ..  ဒုတိယနှစ် xxx မေဂျာကလေ … “
“သိတယ် … ကျောင်းလာရင် အကြပ်တွေပဲ ၀တ်လာတဲ့ အစ်မကြီးမှတ်လား .. ဘာလဲ နင်နဲ့ ညိဖူးလို့လား ..“
“အေး … ငါ ဒဲ့တိုးပဲပြောတော့မယ် .. အဲဒီ မျိုးသိင်္ဂီနဲ့ ငါနဲ့ လုပ်ဖြစ်ကြတိုင်း သူက ငါ့ကို စုတ်ပေးတယ် .. စုတ်နေရင်းနဲ့လဲ သူက သူ့ဖာသာသူပြန်ပွတ်နေတတ်တယ် .. သူပြောတာကို ပြန်ပြောရမယ်ဆိုရင် .. အဲဒီလို လုပ်ရတာ ပိုအရသာရှိတယ်ဆိုပဲ .. သူငါ့ကို တစ်ခါစုတ်ပေးတိုင်း အနည်းဆုံး နှစ်ချီလောက်တော့ ပြီးတယ်ပြောတာပဲ … နောက်ပြီး ငါကုန်ကုန်ပဲပြောမယ်ဟာ .. မထူးတော့ဘူး .. ငါပြီးသွားတဲ့ အခါမျိုးမှာလဲ .. သူက အရည်တွေကို မျိုချသေးတယ် …“

မိုးကောင်းကင်၏ စကားတစ်ခွန်းချင်းစီသည် မှုန်နံ့သာ၏ စိတ်ကို အကြီးအကျယ် လှုပ်ရှားစေသည်။ မလိုအပ်ပဲ သူမ အသက်ရှူမှုတွေ မြန်လာရသည်။ တစ်လမ်းလုံး တောက်လျှောက်ထိုင်လာသည့် ကူရှင်ထိုင်ခုံသည်လဲ အခုကျတော့မှပဲ သူမအသားနှင့်မတည့်သလို၊ တစ်ခုခုထူးခြားနေသလို ခံစားလာရသည်။ ဘုရားရေ..။ မိုးကောင်းကင်၏ အပြောနှင့်ပင် သူမ စိတ်ထလာတာများလား။ ဒါမျိုးဆက်စ်နှင့်ပတ်သက်သည့် ကိစ္စကို သူမနှင့်တင်ဇာလင်း နှစ်ယောက်တည်း သီးသန့် တွေ့သည်အခါမျိုးတွင် ပြောမိကြသော်လည်း အခုလိုမျိုး တစ်ခါမှ မဖြစ်ဖူးပါ။ မျိုးသိင်္ဂီဆိုသည့် အစ်မကြီးက သူ့ဟာကြီးကို စုတ်ပေးရင်းနှင့် ပြီးသွားသည်ဆိုတာကို မှုန်နံ့သာ ဒီအချက်နှင့်ပင် ပစ်ကာ ယုံလိုက်ရတော့သည်။

“မှုန် …“
“ရှန် ..“

ငြိမ်ကျသွားသည့် မှုန်နံ့သာကို မိုးကောင်းကင် တိုးညင်းစွာနှင့် လှမ်းခေါ်သည်။ သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦး စိုက်ကြည့်မိကြသည်။ စက္ကန့်ပိုင်းမျှကြာအောင် မျက်လုံးချင်းဆုံမိကြသော်လဲ နှစ်ယောက်စလုံးကို အကြည့်ကိုလွှဲဖယ်နေဖို့ မေ့နေကြသည်။ တအောင့်လောက်ကြာမှ မှုန်နံ့သာသည် မိန်းကလေးဗီဇအလျှောက် မိုးကောင်းကင်ကို ရဲရဲမကြည့်ရဲတော့ပဲ မျက်လွှာအသာလေးချသည်။

“မှုန် .. နင် စိတ်မဆိုးဘူးဆိုရင် တို့နှစ်ယောက်စလုံး အကျိုးရှိမယ့် ကိစ္စတစ်ခုကို ငါပြောပါရစေလား ..“
“အင်း .. ပြောလေ ..“
“ဟို .. ဟိုလေ.. နင့်ရဲ့ ပြသနာရော၊ ငါရဲ့ ပြသနာရော တပြိုင်တဲပြေလည်မယ့် နည်းလမ်းဟာ ..“
“ဘယ်.. လို .. မိုးကောင်းကင် .. နင်ပြောချင်တာကို မှုန်နားမလည်ဘူး .. ရှင်းရှင်းလင်းလင်းပြောစမ်းဟာ ..“
“ဒီလိုဟာ .. ငါ နင့်ကိုယောက်ျားလေးတွေ စိတ်ဝင်စားလာအောင် ဘယ်လိုနေရမယ်၊ ဘယ်လိုဆက်ဆီကျကျပြင်ရမယ် သင်ပေးမယ် .. ဆက်စ်နဲ့ပတ်သက်ပြီး နင်အစိမ်းသက်သက်မဖြစ်အောင် ငါလုပ်ပေးမယ် .. သဘောကတော့ နင့်ကို သူရိန်တို့၊ ရဲမင်းတို့ အလိုလိုကျလာအောင် ပြုပြင်ပေးမယ်ဟာ ..“
“အယ် … ဒါ .. ဒါ ..“
“ဟုတ်တယ် .. ဒါပေမယ့် အသွားအပြန်တော့ ရှိရမယ် .. နင်လဲ ငါ နောက်ထပ် ကောင်မလေးတစ်ယောက် မရခင်စပ်ကြားမှာ ငါ့ဆန္ဒကို တစ်ဖက်တစ်လမ်းက ပြန်ကူညီပေးပေါ့ …“
“မိုးကောင်ကင် .. နင့် .. ငါ့ကို ငတုံးမများ အောင့်မေ့နေလား … နင် ငါအပျိုလေးဆိုတာနဲ့ ငါနဲ့ အိပ်ဖို့အကြံအဖန် လာထုနေတာလား ..  “

မိုးကောင်းကင်သည် ကျွီခနဲမြည်အောင်ပင် ဘရိတ်ဆွဲပြီး ကားကိုလမ်းဘေးတွင် ထိုးရပ်သည်။ တည့်တည့်ထိုင်နေရာမှ ကိုယ်ကို မှုန်နံ့သာဘက်သို့ စောင်းထိုင်လိုက်ပြီးမှ ..
“မှုန် .. ငါပြောချင်တာ အဲဒါမဟုတ်ပါဘူး .. ငါ ရှင်းပြပါ့မယ် .. နင် အပျိုဘ၀ကို တန်ဖိုးထားတယ်ဆိုတာကို ငါဘာမှ မပြောလိုဘူး .. အဲဒါကတော့ နင့်သဘောပဲ .. ငါဆိုလိုချင်တာ နင်လဲအပျိုရည်မပျက်၊ ငါလဲအဆင်ပြေအောင် ဖြေရှင်းနိုင်မယ့် တခြားနည်းလမ်းကို ပြောတာ ..“
မှုန်နံ့သာ ဒီလောက်တော့ မအသေးပါ။ မိုးကောင်းကင် ဘာကိုဆိုလိုချင်တာကို သူမ သဘောပေါက်သွားသည်။ သူမ ရင်ခုန်မြန်လာသည်။
“နင်ပြောချင်တာ .. ငါက နင့်ကို ပုလွေမှုတ်ပေးရမယ်လို့ ဆိုလိုတာလား ..“
“ဟုတ်တယ် .. မှုန် .. ဒါပေမယ့် ငါ့အကြံက ယောက်ျားတွေ မိန်းမတစ်ယောက်ကို အရူးအမူးစွဲလန်းသွားအောင် ဘယ်လိုလုပ်ရတယ်ဆိုတာ နင့်ကို သင်ပြဖို့ပဲ .. နင့်ကို ပုလွေကိုနည်းစနစ်ကျကျနဲ့ အဆင့်မြင့်မြင့်မှုတ်တတ်အောင် ငါပြပေးနိုင်တယ် “
“ဟုတ်မှလဲလုပ်ပါ မိုးကောင်းကင်ရယ် .. နင်အကြံက နင့်ဘက်ကချည်းပဲ အားသာနေသလိုပဲ ..“

မိုးကောင်းကင် ဆက်မပြောတော့ပါ။ သူမနှင့်မျက်နှာချင်းဆိုင်ထိုင်နေရာမှ ကိုယ်ကိုပြန်လှည့်သွားပြီး ကားကို ပြန်မောင်းထွက်ဖို့ ပြင်သည်။
“မှုန် .. နင်စိတ်ထဲ အဲဒီလိုထင်နေလဲ ငါ ဆက်မပြောတော့ဘူးဟာ .. ငါ ပြောခဲ့တာတွေ အားလုံးက နင့်ရဲ့ အခြေအနေပေါ် သုံးသပ်ပြီး ငါလုပ်ပေးနိုင်တာကို ပြောပြတာ … နင်ငါ့ကို ပြန်လုပ်ပေးရတယ်ဆိုတာကလဲ နင့်ကို ငါကူညီဖို့ကိစ္စထဲက လုပ်ငန်းဆောင်တာတစ်ခုပဲ ... ဒါပေမယ့် နင့်သဘောပါ .. နင်ကြိုက်သလို ဆုံးဖြတ်..  ပြသနာမရှိဘူး .. နင်နဲ့ငါရဲ့  ခင်မင်မှုကို ငါ ပိုတန်ဖိုးထားပါတယ် .. မှုန် ..“

မိုးကောင်းကင်၏ စကားက မှုန်နံ့သာကို တွေဝေသွားစေသည်။ ဟုတ်တော့လဲဟုတ်သည်။ မိုးကောင်းကင်လိုမျိုးသူက ဘလိုးဂျော့လို့ခေါ်ကြသည့် ပါးစပ်နှင့်လုပ်ပေးတာကို သူမဆီမှရမှ ဖြစ်မည်တဲ့လား။ ဂျူလိုင်က မပေးဘူးဆိုလျှင် လုပ်ပေးသည့် နောက်ထပ်တစ်ယောက်ကို ရှာလိုက်ယုံပဲ ဖြစ်သည်။ ငှက်ပျောသီး အခွံနွှာစားရသည်ကမှ သူ့လိုလူမျိုးအတွက် ခက်နေဦးမည်။ ဒီလိုတွေးလိုက်တော့ မိုးကောင်းကင် ပြောနေတာတွေက ဟုတ်သလိုလို ဖြစ်လာသည်။ သူမကို တကယ်ပဲ ခပ်ချောချော၊ ခပ်မိုက်မိုက်ကောင်လေးတွေ စိတ်ဝင်စားလာအောင် မိုးကောင်းကင် တကယ်လုပ်ပေးနိုင်မှာလား။ သူပြောတာသာ တကယ်ဆိုလျှင် သူမအတွက် နစ်နာစရာ ဘာမှသိပ်ရှိလှသည်မဟုတ်။ သူမ၏ အပျိုရည်ကို သူကတောင်းနေတာမှ မဟုတ်။ မိုးကောင်းကင်ရော၊ သူမရော လျှို့ဝှက်ထားလျှင် ဒီအကြောင်းကို တခြားသူတောင် သိမှာမဟုတ်ပေ။

“မှုန် .. စဉ်းစားပါရစေဦး .. မိုးကောင်းကင်ရယ် .. နင်ပြောတဲ့ ကိစ္စကြီးက တမျိုးကြီးလို ဖြစ်နေပါတယ် .. ငါနောက်နေ့မှ အကြောင်းပြန်လို့ မရဘူးလားဟင် ...“
“အေးပါ .. ငါသိပါတယ် .. နင့်လို အစိမ်းသက်သက် အပျိုလေးအတွက် ကြားရတာ တမျိုးကြီးဖြစ်နေမှန်း ငါသဘောပေါက်ပါတယ် .. ရတယ် .. နင် ကြိုက်သလောက်သာ အချိန်ယူ .. နင်ဘက်က လက်ခံခဲ့ရင်သာ တို့တွေ သောကြာနေ့လိုမျိုးတစ်ရက်ရက်ချိန်းပြီး ညနေဘက်ရုပ်ရှင်သွားကြည့်ကြတာပေါ့ ..“
“ဟုတ်ပါပြီတဲ့ ရှင် .. တကယ်တဲ .. ဆွဲဆောင်မှုကတော့ တကယ်ကိုကောင်းတယ် .. ကျမ စဉ်းစားပြီး အဖြေပေးပါ့မယ် .. ဟွန်း ..“

နှစ်ဦးသား စကားကောင်းလာကြသဖြင့် မှုန်နံ့သာတို့ ရပ်ကွက်နားသို့ ရောက်မှန်းမသိရောက်လာကြသည်။ မှုန်နံ့သာ၏ အိမ်က သူမတို့တက်ခဲ့သည့် အထက်တန်းကျောင်းရှိရာ လမ်းထဲမှာပင် ရှိသည်။ ထို့ကြောင့် မိုးကောင်းကင်သည် သူမကို လမ်းမေးနေစရာမလိုပဲနှင့် တန်းတန်းမတ်မတ် မောင်းလာနိုင်ခဲ့တာဖြစ်သည်။ မိုးကောင်းကင်တို့ကမူ သူမတို့ နေရာကနေ နောက်ထပ်ဆယ့်ငါးမိနစ်လောက် မောင်းလျှင် ရောက်နိုင်သည့် လူကုံထံအပိုင်းတွင် နေသည်ဟု မှုန်နံ့သာသိထားသည်။ လမ်းမကြီးမှနေ၍ သူမတို့လမ်းထဲသို့ မိုးကောင်းကင် ချိုးကွေ့မည်အပြုတွင် မှုန်နံ့သာက မ၀င်ခိုင်းတော့ပဲ လမ်းမကြီးဘေးမှာတင် ကားကို ရပ်ခိုင်းလိုက်သည်။ မိုးကောင်းကင်က ဘာမှမပြော။ သူမ တောင်းဆိုသည့်အတိုင်း ကားကို ကပ်ရပ်ပေးရှာသည်။ ထို့နောက်တွင် မှုန်နံ့သာကို လက်ပြနှုတ်ဆက်ပြီး ကားနီလေးကို မောင်းကာ ထွက်သွားသည်။ မှုန်နံ့သာတစ်ယောက်သာ မိုးကောင်းကင်၏ ကားနီလေးကို မျက်စိတစ်ဆုံးငေးကြည့်နေမိပြီး သူမမြင်ကွင်းမှ လုံးလုံးပျောက်ကွယ်သွားမှ အိမ်ဘက်သို့ ပြန်လာခဲ့လေတော့သည်။

No comments:

Post a Comment