Monday 24 June 2013

Content Warning Sign ဖယ်ရှားနည်း

ကျနော့်ဘလော့လေးကို လာကြည့်ကြတဲ့ အရေအတွက်က တစ်ထောင်ကျော်သွားတဲ့ ဒီနေ့မှာတော့ ကျနော် adult warning sign ကို activate လုပ်လိုက်ပါပြီ။ ဒါကလဲ လိုရမယ်ရသာ ကျနော်လုပ်ထားတာပါ။ တော်ကြာနေ တစ်ယောက်ယောက်က တိုင်လိုက်ရင် ဘလော့လေး ပျောက်သွားမှာ စိုလို့ပါ။ ဒီလိုမျိုး warning sign ပေါ်လာပေမယ့် ကျနော်ပြောခဲ့သလို ဘလော့ကို နေရာပေါင်းစုံကနေ ဖွင့်လို့ရအောင် လုပ်ထားမှာဖြစ်တဲ့အတွက် အထဲမှာ မြန်မာလိုရေးထားတဲ့ စာတွေကလွဲရင် တခြားဟာတွေ့မှာ မဟုတ်ပါဘူး။ စိတ်ချလက်ချ လာရောက်လည်ပတ်၊ ကြည့်ရှုလို့ရပါတယ်။

ဒါပေမယ့် ခင်ဗျားတို့စိတ်ထဲမှာ ဒီလိုမျိုး warning sign ကြီး ပေါ်နေတာကို တစ်မျိုးဖြစ်တယ်ဆိုရင် အဲဒါကို skip လုပ်လို့ရတဲ့ နည်းရှိပါတယ်။ အဲဒါကတော့ တခြားမဟုတ်ပါဘူး။ Mozilla Firefox သုံးတဲ့သူတွေ Add-on ထဲမှာ Greasemonkey ဆိုတာကို အင်စတောလုပ်လိုက်ရင် ရပါတယ်။ အဲဒီကောင်က script ကို သွားပြောင်းပေးတဲ့အတွက် ဘလော့ကို ဖွင့်လိုက်ရင် warning sign ကို မြင်ရမှာ မဟုတ်တော့ပါဘူး။ chrome သုံးတဲ့သူတွေကတော့ တိုက်ရိုက်အင်စတောလုပ်လို့ရတယ်လို့ ဆိုထားပါတယ်။ အောက်ကလင့်မှာတော့ ဒီadd-on ကို ဒေါင်းလို့ရမယ့် လင့်နဲ့အတူ အင်စတောလုပ်ပြီးသွားရင် ဘယ်လို change ရမယ်ဆိုတာ ပြထားပေးလိုက်ပါတယ်။

https://addons.mozilla.org/en-US/firefox/addon/greasemonkey/



တခြားသော နည်းလမ်းတွေများ ရှိခဲ့လို့ လာရောက်လည်ပတ်တဲ့သူအထဲက သိရင် ၀င်ရောက်ဆွေးနွေး၊ အကြံပြုလို့ ရပါတယ်။

အားလုံးကို ခင်မင်စွာ ကြိုဆိုပါတယ်ဗျား
နတ်သား

No comments:

Post a Comment