Saturday 29 June 2013

The Lover (1992)

http://www.imdb.com/title/tt0101316/
 
ကျနော် ဒီတစ်ခါတော့ ရုပ်ရှင်ကားလေး တစ်ခုရှယ်လိုက်မယ်ဗျာ။ အခုလောက်နေရင်တော့ ကျနော့်အကြောင်းလဲ အနည်းငယ်တော့ ရိပ်မိကြပြီ ထင်ပါရဲ့ ။ ကျနော့်မိတ်ဆွေ ကိုillusion ကတော့ ကျနော့်ကို စွယ်စုံရတယ်လို့ ချီးကျူးထားတယ်။ ဒါပေမယ့် ကျနော်ကတော့ ကျနော့်ကိုယ်ကျနော် ဟိုစပ်စပ်၊ ဒီစပ်စပ် ပါလေရာ ငါးပိချက်သမားလို့ပဲ မြင်တယ်ဗျာ .. ဟီး

အခုလဲပဲ ရုပ်ရှင်ကားကောင်းလေးတွေဘက် လှည့်လိုက်ရအောင်။ ကျနော် စဉ်းစားထားတာက ဒီဘလော့လေးမှာ အပတ်စဉ် weekend ရောက်ရင် အပျင်းပြေ ကြည့်လို့ရအောင် ဇာတ်ကားတစ်ခု ညွှန်းသွားမယ်။ ခင်ဗျားတို့ ကြည့်ဖူးသား ဖြစ်ချင်လဲဖြစ်မယ်၊ မကြည့်ရသေးတာ ဖြစ်ချင်လဲဖြစ်မယ်ပေါ့။ ကြည့်ဖူးသားဆိုလဲ ပြန်ပြီးနွှေးလိုက်ပေါ့ဗျာ။ မကြည့်ရသေးရင်တော့ အသစ်ပေါ့။ အဆင်ပြေမယ်ဟုတ် ..

ကဲ စပြောပြီ .. အတွေးပင်လယ်ပြာက လာတဲ့သူတွေတော့ သိကြမှာပါ။ ကျနော်လက်ရှိ အာဆီယံချစ်ကြည်ရေးဆိုပြီး ဇာတ်လမ်းတစ်ခု ရေးနေတယ် ခင်ဗျ။ အခုလောလောဆယ် တစ်ပိုင်းတစ်စနဲ့ ရပ်ထားတဲ့အထိ ဆိုရင်တော့ စလုံးရယ်၊ ထိုင်းရယ်၊ အင်ဒိုရယ် အပိုင်းကဏ္ဍပြီးသွားပြီပေါ့။ နောက်ထပ်ကျန်သေးတာ အာဆီယံဖြစ်ဖို့ဆိုတော့ ခုနှစ်နိုင်ငံပေါ့။ အဲဒီထဲမှာ လက်တို့ပြီး သတင်းပေးရမယ်ဆိုရင်တော့ ကျနော် ထပ်ရေးမှာ ဗီယက်နမ်အကြောင်းပါပဲ။

အဲဒီတော့ ဗီယက်နမ်အကြောင်းကို ပြောချင်လို့ အဲဒါနဲ့ နွယ်မယ့် ဇာတ်လမ်းကောင်းလေးတစ်ခုကို ရှယ်ချင်တာပါ။ ဗီယက်နမ်ဆိုတာကို ပြောလိုက်တာနဲ့ ခင်ဗျားတို့ ကျနော်တို့အတွေးထဲမှာ ဗီယက်နမ်စစ်ဆိုတာ အလိုလိုပေါ်မှာဗျာ။ အဲဒီမှာမှ ရုပ်ရှင်ကြည့်ပရိတ်သတ်ဆို စတာလုံးရဲ့ ရမ်ဘိုကို မြင်ယောင်မှာ သေချာတယ်ဗျာ။ ဟုတ်တယ်ဟုတ်။ အဲဒီနောက်တော့ ဟိုချီမင်းစီတီးတို့၊ ဆိုင်ဂုံမြစ်တို့ ဘာတို့ ဒါတွေကို တွေးမြင်လာကြမှာပေါ့။

အခု ကျနော်ပြောမယ့် ကားလေးကလဲ ဗီယက်နမ်နောက်ခံ ကားလေးဗျ။ ဇာတ်ညွှန်းကို ပြောရမယ်ဆိုရင်တော့ ပြင်သစ်ကောင်မလေးတစ်ယောက်နဲ့ တရုတ်သူဌေးတစ်ယောက် ဆိုင်ဂုံမြစ်ကူးဖယ်ရီပေါ်မှာ တွေ့ရာက စတယ်ဆိုပါတော့။ ကောင်မလေးက ကျောင်းပိတ်ထားတာပြီးသွားလို့ နယ်ကိုသွားနေရာက မြို့ကိုပြန်လာတာ။ ဟိုသူဌေးသားကတော့ ပဲရစ်ကနေ ကျောင်းထွက်ပြီး(drop out) ပြန်လာတာပေါ့။ အဲဒါ မြစ်ကူးတဲ့ သင်္ဘောပေါ်မှာ သံပန်းလက်ရမ်းကို မှီပြီး ကြည့်နေတဲ့ ဒီကောင်မလေးကို ကြည့်ပြီး သူဌေးသားက ကြွေသွားတယ်။ ခင်ဗျားတို့ ကြည့်ဖြစ်ရင် အဲဒီအခန်းလေးကို သေချာကြည့်။ တော်တော်မိုက်တယ်။ အဲဒီမှာ သူက သွားပြီး မိတ်ဖွဲ့ စကားပြောပါလေရော။ ကောင်မလေးက ပြောရရင်တော့ ကိုဂျင်ရဲ့  သူစိမ်းတစ်ယောက်လိပ်ပြာထဲက ဇာတ်ကောင်နဲ့တူမယ်ထင်တယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ မိသားစုထဲမှာ Loner ဖြစ်နေတဲ့သူပေါ့။ နောက်ပြီး စာရေးဆရာဖြစ်ချင်နေသူ။ စိတ်ကူးရွက်လွှင့်နေတဲ့အချိန်ပေါ့။ အဲဒါနဲ့ပဲ သူ့ကို အရေးပေးတဲ့ တရုတ်သူဌေးနဲ့တွေ့ပြီးနောက်မှာ စိတ်ကစားတဲ့အရွယ်လေးဆိုတော့ ပြန်ကြိုက်သွားတယ်ပဲ ဆိုကြပါစို့။ နောက်တစ်နေ့ ကျောင်းဆင်းချိန်ရောက်တော့ ကျောင်းရှေ့မှာ ဟိုသူဌေးက လာစောင့်နေပါရော။ အဲဒီမှာ ကောက်ကောက်ပါသွားတယ်။ ဒီနောက်တော့ ဒန့်တန့်တန့် ဇာတ်လမ်းက စတာပဲ။

ကျနော့်အကြိုက်ဆုံး ဇာတ်ဝင်ခန်းကတော့ အပြင်ဘက်မှာ လူသွားလူလာတွေ ရှိနေလျက်သားနဲ့ အခန်းထဲမှာ ချစ်ပွဲနွှဲနေတာကိုပဲ။ အဲဒီလိုဟာမျိုးက ပြောရရင် ဖီလင်ဗျ။ ကိုယ်တိုင်ကြုံဖူးတဲ့သူတွေ ပိုသိပါလိမ့်မယ်။ ဥပမာဗျာ .. အပြင်ဘက် ထမင်းစားပွဲမှာ ယောက္ခမနဲ့ ယောက္ခထီးက ထမင်းစားပြီး၊ စကားထိုင်ပြောနေကြချိန်မှာ ကိုယ်က အဲဒီဘေးနားကအခန်းထဲမှာ မိန်းမနဲ့ ဆွဲနေတာလိုမျိုးပေါ့။ ဒါက ကျနော် အကြမ်းဖျင်း တင်စားပြီးပြောတာ။ ဒီထက်မကဟာတွေလဲ ဥပမာအနေနဲ့ ရှိဦးမှာပါ။ ဒီကားထဲက ဟာကတော့ ပိုမိုက်တယ်။ နောက်ပြီး ကောင်မလေးက စာရေးဆရာမဖြစ်ချင်သူမို့လို့လား မသိဘူး။ အဲဒီအခန်းမှာ သူမရဲ့ ခံစားမှု ဖီလင်ကို ပြောပြတဲ့နေရာမှာ ဒိုင်ယာလော့တွေက တအားမိုက်တယ်။ ခင်ဗျားတို့ သေချာကြည့်ကြည့်လိုက်ပါ။ တော်တော့်ကို ကောင်းလို့ ညွှန်းလိုက်ရခြင်းသာ ဖြစ်ပါတယ်ဗျား ...

http://www.youtube.com/watch?v=POeNS1lbe60

2 comments: