Wednesday 19 June 2013

ဆရာကောင်း တပည့် .. (၅)

အဆိုတောင် ဇော်ပိုင်၏ “ ရင်ခုန်ရလွန်းလို့ ရူးမှာပဲ“ ဆိုသည့် သီချင်းစာသားသည် သောကြာနေ့သို့ ရောက်လာပြီဖြစ်သည့် မှုန်နံ့သာအတွက် သီးသန့်ရေးစပ်ထားသလားတောင် ထင်ရလေသည်။ အသက်ရှိသော မည်သူမဆို စက္ကန့်နှင့်အမျှ ရင်ခုန်ရသည်ဆိုသည်မှာ ဓမ္မတာတရားတစ်ခုဖြစ်သော်လည်း ထိုရင်ခုန်သံ၏ စည်းချက်တိုင်းကို မှုန်နံ့သာ အခုကျမှ သတိထားမိသည်။ ဘယ်လောက်တောင်မှ သူမ၏ ရင်ခုန်သံတွေကို သူမ မယုံမရဲဖြစ်ရသည်မသိ။ မှုန်နံ့သာ ကျောင်းလာတော့ နေမကောင်းတာမဟုတ်သည့်တိုင် ဆွယ်တာကို အပေါ်ကနေ ထပ်ဝတ်လာမိသည်။ တဒိတ်ဒိတ်ခုန်နေသည့် သူမ၏ ရင်ခုန်သံတွေကို တခြားသူကြားသွားမှာ စိုးလှသည့်အတွက် ဖြစ်ပါသည်။

အချိန်နာရီဆိုသည်မှာ လူသားတိုင်းကို တပြေးညီတည်း ဆက်ဆံသည့် ဘက်မလိုက်တတ်သော တရားရှင်မို့ မှုန်နံ့သာ ညနေငါးနာရီထိုးဖို့ကို ဘယ်လောက်ပင် စိတ်ဆောနေနေ၊ သူကတော့ အချိန်တန်မှ ရောက်လာပါသည်။ တစ်ခုတော့ မှုန်နံ့သာအတွက် ဖြေသာလို့ ရသည်။ မိုးကောင်းကင်သည်လဲ ညနေငါးနာရီနှင့်အတူ သူမအိမ်ရှေ့သို့ ဆိုက်ဆိုက်မြောက်မြောက် ရောက်လာသောကြောင့် ဖြစ်ပါသည်။ အိမ်ရှေ့အထိတိုင်အောင် ကားရပ်ပြီးရောက်လာမှတော့ အိမ်ထဲဝင်ဖို့ မဖိတ်ခေါ်လျှင်မကောင်းသည်မို့ မိုးကောင်းကင်ကို အိမ်ပေါ်တက်ဖို့ ခေါ်လာခဲ့သည်။ အမေဖြစ်သူကလဲ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှ အလုပ်က စောပြန်ရောက်နေသည့်အတွက် မလွဲမရှောင်သာပင် မိုးကောင်းကင်နှင့် မိတ်ဆက်ပေးရပြန်သည်။ မိုးကောင်းကင်က ပြုံးပြုံးရွှင်ရွှင်၊ ယဉ်ယဉ်ကျေးကျေးနှင့် စကားပြောနေသည့်တိုင် မှုန်နံ့သာ စိတ်ထဲမလုံမလဲ အလိုလို ဖြစ်မိသည်။ မနေနိုင်တော့သည့်အဆုံး သူမကပင် ရုပ်ရှင်ကြည့်ဖို့ နောက်ကျနေမည်ဆိုပြီး စကားစဖြတ်ကာ ထထွက်လာခဲ့သည်။ ထိုရောအခါမှ မိုးကောင်းကင်လဲ ဒေါ်ကေသီကို နှုတ်ဆက်ကာ သူမနောက်မှပါလာခဲ့သည်။ သူမတို့အိမ်ကနေ ရုပ်ရှင်ရုံက သိပ်ဝေးသည် မဟုတ်သည့်အပြင် မိုးကောင်းကင်က ကားပါလာသည်မို့ ဆယ်မိနစ်တောင် မကြာလိုက်၊ ရုပ်ရှင်ရုံရောက်လာကြသည်။ လက်မှတ် ကြိုဝယ်ထားပြီးပြီဟု မိုးကောင်းကင်ကဆိုသဖြင့် သူမတို့ အပြင်မှာထိုင်မနေတော့ပဲ ရုံထဲသို့ တန်းလျှောက်လာခဲ့သည်။

“မိုးကောင်းကင် .. လက်မှတ်က ဒီနေရာမှာ ၀ယ်ထားတာလား ..“
နောက်ဆုံးတန်းရှိ အတွဲခုံသို့ ဦးတည်ကာ သွားနေသည်ကို မြင်သည်မို့ မှုန်နံ့သာ မ၀န့်မရဲနှင့် မိုးကောင်းကင်ကို လှမ်းမေးမိသည်။ မိုးကောင်းကင် ရှေ့ကသွားနေရာမှ ရပ်ကာ ကျန်ခဲ့သော မှုန်နံ့သာကို လှည့်ကြည့်သည်။
“ဟုတ်တယ် .. မှုန် .. ဘာဖြစ်လို့လဲ .. နောက်ဆုံးတန်းမှာ မထိုင်ဖူးလို့လား ..“
“မဟုတ်ပါဘူး .. ဟို .. ဟိုလေ .. ရုပ်ရှင်စပြရင် မှုန့်ကို တစ်ခုခုများ လုပ်ခိုင်းမလားလို့လေ..“
မှုန်နံ့သာကို ကြည့်ပြီး မိုးကောင်းကင် ဟက်ဟက်ပက်ပက်ရယ်သည်။ သို့သော် သူရယ်နေတာကို မှုန်နံ့သာက နားမလည်သည့်ဟန်နှင့် ကြောင်တောင်တောင်လေး ငေးကြည့်နေသည်ကို တွေ့သောအခါ ချက်ချင်းအရယ်ရပ်သည်။ မရယ်တော့ပဲ ပြုံးယုံသာပြုံးပြီး မှုန်နံ့သာကို လက်ကမ်းပေးသည်။
“စိတ်မပူပါနဲ့ မှုန်ရယ် .. မှုန့်ကို ဘာမှ မလုပ်ခိုင်းပါဘူး .. တစ်ခုပဲ တောင်းဆိုချင်တယ်… မှုန်ခွင့်ပြုမယ်ဆိုရင် မှုန်လက်လေးကို ကိုင်ထားပါရစေ …“

မှုန်နံ့သာ ကျေကျေနပ်နပ်ပင် ပြုံးပါသည်။ ကမ်းပေးထားသည့် မိုးကောင်းကင်၏ လက်ထဲတွင် သူမ၏ လက်ကလေးက အလိုလိုထပ်ကာ ပါသွားသည်။ ထို့နောက်တွင်မူ သူတို့နှစ်ယောက်သည် ရုပ်ရှင်ကားစသည့်အချိန်မှ ပြီးသည့်အချိန်ထိ တောက်လျှောက်လက်တွဲမဖြုတ်ခဲ့ပေ။ ပြသသည့် ကားက ရယ်စရာကားဖြစ်သဖြင့် ဟာသခန်းများတွင် ရယ်မောမိသည့်တိုင် မှုန်နံ့သာသည် သူမ၏ ပါးစပ်ကို လွတ်နေသည့် ကျန်လက်တစ်ဖက်နှင့်သာ ပိတ်၍ ရယ်ခဲ့လေသည်။ တစ်ချက်တစ်ချက်တွင်လဲ တစ်ဦးကိုတစ်ဦး စိုက်ကြည့်၍ ရယ်မိကြသေးသည်။

အချိန်နှစ်နာရီနီးပါးမျှကြာအောင် ရုပ်ရှင်ကြည့်ပြီးသည့်အချိန်တွင်မူ မှုန်နံ့သာ၏ စိတ်သည် အတော်လေး ငြိမ်ငြိမ်သက်သက်ဖြစ်လာသလို အရွှင်ဓါတ်လးလဲ ရှိလာပြီဖြစ်သည်။ လွန်ခဲ့သော နှစ်နာရီကလို သူမသည် မိုးကောင်းကင်နားမှာ ရှိနေရတာကို စိုးရွံသလိုလို၊ မ၀န့်မရဲသလိုလို မဖြစ်တော့။ ရုပ်ရှင်ရုံထဲမှ အထွက်တွင် မိုးကောင်းကင်၏ လက်ကိုဆွဲ၍ပင် သူမထွက်လာခဲ့သည်။ ရပ်ထားသည့် ကားနားရောက်မှပဲ သူမတို့ လက်တွဲဖြုတ်ဖြစ်ကြသည်။

“မှုန် .. ဗိုက်ဆာပြီလား .. ဗိုက်ဆာရင် တစ်ခုခုဝင်စားမယ်လေ ..“
“မှုန် အရမ်းကြီးတော့ မဆာသေးဘူး .. နောက်ပြီး မုန့်ဝင်စားရင် အချိန်တွေကုန်သွားလိမ့်မယ် .. နှမျောစရာကြီး .. ဟိ .. ဟိ..“
ဒီတစ်ခါတော့ မိုးကောင်းကင်သည် သူမကို ကြည့်ပြီး မရယ်တော့ပါ။ မှုန်နံ့သာ၏ မျက်နှာလေးကို စူးစူးစိုက်စိုက် ငေးကာ ကြည့်နေသည်။ မှုန်နံ့သာ မိုးကောင်းကင်၏ အကြည့်စူးစူးဒဏ်ကို မခံနိုင်။ မျက်လွှာလေး အလိုလိုချသွားရသည်။
“ဒါဆိုလဲ .. မှုန် .. အိမ်လိုက်ခဲ့ပါလား … အဲဒီမှာပဲ ထိုင်စကားပြောကြမယ်လေ .. ပြီးမှ ပြန်လိုက်ပို့ပေးမယ် ..“
“သွားလေ .. ရတယ် .. သူ့အိမ်လဲ မှုန်ရောက်ဖူးသွားတာပေါ့ ..“

မိုးကောင်းကင်၏အိမ် ဘယ်မှာရှိသည်တာကို မှုန်နံ့သာသိပေမယ့် တစ်ခါမှ ထိုဖက်သို့ သူမ မရောက်ဖူးပါ။ အဆိုပါအခြမ်းသည် ခြံကြီးဝင်းကြီးနှင့် နေကြသည့် လူကုံထံများ၏ အပိုင်းမို့ ထိုသို့ ဒိတ်ဒိတ်ကျဲ သူငယ်ချင်း အပေါင်းအသင်းတစ်ယောက်မှ မရှိသူ မှုန်နံ့သာအဖို့ ယောင်လို့တောင် ခြေဦးမလှည့်ခဲ့သော နေရာဖြစ်သည်။ သို့ဖြစ်၍ မိုးကောင်းကင်က သူ့အိမ်သို့ သွားရာလမ်းဆိုသော လမ်းကြားလေးတလျှောက် ကားမောင်းဝင်လာသည်တွင် လမ်းဘေးဝဲယာရှိ အိမ်ကြီးအိမ်ကောင်းတွေကို ငေးမောကာကြည့်နေမိသည်။ မိုးကောင်းကင်သည် တော်တော်လေး မောင်းဝင်လာပြီး ကျယ်ဝန်းသည့် ခြံကြီးတစ်ခုရှေ့အရောက်တွင်မှ ကားကိုရပ်သည်။ ပြီးလျှင် ဟွန်းကို တီခနဲနှစ်ခါတီးသည်။ မှုန်နံ့သာ ခြံတခါးဖွင့်ပေးမည့် တစ်စုံတစ်ယောက်ပေါ်လာမည် ထင်သော်လဲ လူတစ်ယောက်မှ မတွေ့ပဲ ခြံတံခါးက အလိုလိုပွင့်သွားသည်။

“တံခါးက ရီမို့နဲ့ဖွင့်လို့ရအောင် လုပ်ထားတာလေ.. ဟွန်းတီးလိုက်လို့ အိမ်ထဲကနေ လှမ်းဖွင့်ပေးတာ .. ခြံထိပ်က တိုင်မှာ ဘယ်သူ့ကားလဲဆိုတာ သိရအောင် CCTV တပ်ထားတယ် ..“
မိုးကောင်းကင်က ခြံထဲသို့ ကားကို ဖြေးညင်းစွာ မောင်းဝင်လာရင်း အံ့အားသင့်နေသော မှုန်နံ့သာကို ရှင်းပြသည်။ မှုန်နံ့သာ ခေါင်းလေးကို မသိမသာညိတ်လိုက်ယုံကလွဲလို့ ဘာမှပြန်မပြောဖြစ်။ သူမ မျက်စိရှေ့တည့်တည့်တွင် လှမ်းမြင်နေရသည့် နှစ်ထပ်လား၊ သုံးထပ်လား မသိသည့် တိုက်အိမ်ကြီးကိုသာ လှမ်းကြည့်နေမိသည်။ သြော် .. ဆင်ဆိုတာလဲ အစွယ်နှင့်ပါလားဟုသာ သူမ သဘောပေါက်ရပြန်သည်။

ဆင်ဝင်ရှေ့တွင် ကားရပ်မည်ထင်သော်လဲ မိုးကောင်းကင် မရပ်ပဲ ဆက်မောင်းလာသဖြင့် မှုန်နံ့သာစိတ်ထဲ အထူးအဆန်း ဖြစ်ရသည်။ ဘယ်သွားမလို့လဲဟု မေးမည်အပြုတွင် လမ်း၏ ညာဘက်အခြမ်း၌ အဆောက်အဦးပုပုလေးတစ်လုံးကို တွေ့လိုက်သည်။ မိုးကောင်းကင်သည် ဘန်ဂလိုလိုပုံစံရှိသော ထိုအိမ်လေးရှေ့တွင် ကားကိုရပ်သည်။

“လာ .. မှုန် .. တို့တွေ ဒီထဲမှာပဲ ထိုင် စကားပြောကြရအောင် …“
“ဒါ .. ဘာလဲ .. မိုးကောင်းကင် ..“
“သြော် .. ဒါလား .. မေမေက ရေကူးတာ ၀ါသနာပါတယ်လေ .. အဲဒါနဲ့ ဒီဘက်မှာ အိမ်ဝယ်မယ်လုပ်တော့ ရေကူးကန်ပါတဲ့ အိမ်လိုက်ရှာတာ ဒီနေရာမှာ အခန့်သင့်တွေ့တယ် .. ဒါလေးက အဲဒီတုန်းက ရေကူးရင် အ၀တ်အစားလဲဖို့ဆိုပြီး ဆောက်ထားတဲ့အိမ်လေး .. နောက်တော့ မေမေက အိမ်မကြီးထဲမှာ စိတ်ရှုပ်တဲ့အခါမှာ အနားယူတဲ့သဘောမျိုးနဲ့ လာနေချင်တယ်ဆိုပြီး ပြောလို့ ဖေဖေက ပြင်ဆောက်ပေးထားတာ .. အခုတော့ မေမေကသိပ်မလာတော့ဘူး .. အဲဒါနဲ့ တို့အပိုင်စားယူထားတယ် ဆိုပါတော့ ..“

 မိုးကောင်းကင်သည် ပိတ်ထားသည့် တံခါးကို သူ့လက်ထဲပါလာသည့် သော့နှင့်ဖွင့်လိုက်ရင်း ရှင်းပြသည်။ မှုန်နံ့သာ အထဲကို စူးစမ်းရင်း လိုက်ဝင်လာခဲ့သည်။ မိုးကောင်းကင်၏ အမေ လာအနားယူတတ်သော နေရာဖြစ်သည်လို့ ပြောထားလို့ထင်သည်။ ဧည့်ခန်းလို့ဆိုရမည့် သူမတို့ရောက်နေသော နေရာသည် ရှင်းလင်းသပ်ရပ်နေတာကို တွေ့ရသည့်အပြင် အိမ်ထောင်ပရိဘောဂ အစုံရှိသည်ကိုလဲ တွေ့ရသည်။ အကောင်းစားဆိုဖာခုံ၊ အပေါ်စက်၊ အောက်စက် ရေခဲသေတ္တာ၊ မိုက်ကရိုဝေ့ အစရှိသဖြင့် အသုံးအဆောင်ပစ္စည်းများအားလုံး အစီအရီ ရှိနေလေသည်။ မိုးကောင်းကင်သည် မှုန်နံ့သာကို အခန်းအလယ်ရှိ ဆိုဖာခုံသို့ လက်ညိုးထိုးကာ ညွှန်ပြပြီးနောက် သူကမူ ခန်းမအလယ်ကတိုင်တွင် ချိတ်ထားသည့် ဖုန်းကိုကောက်ကာဆက်သည်။ အိမ်မကြီးဆီသို့ လှမ်းဆက်တာဖြစ်ပြီး သူဒီမှာ ရှိနေသည့်အကြောင်း သူ့အမေကို လှမ်းပြောနေမှန်း မှုန်နံ့သာ ကြားသိရသည်။

“ဟို .. ဟို .. နင့်အမေက .. မှုန်တို့တွေ ဒီမှာ ရှိနေတာအတွက် အဆင်ပြေရဲ့ လား ..“
“ပြေပါတယ် … စိတ်မပူပါနဲ့ .. မှုန် .. ခါတိုင်းလဲ ငါ ဒီမှာ ဒီလိုနေနေကြပဲ .. မေမေက ဘာမှ မပြောပါဘူး …“

မှုန်နံ့သာ ဆက်မပြောတော့။ မိုးကောင်းကင်ဆိုတာ ဘယ်လိုယောက်ျားလေးဆိုတာ သိနေသည့်အတွက် ဆက်မေးစရာလဲ မလိုတော့ဟု သူမ သဘောပေါက်ထားလိုက်သည်။ ထို့နောက်တွင် မိုးကောင်းကင်သည် သူမအနားသို့ လျှောက်လာပြီး သူမထိုင်နေသောဆိုဖာ၏ လွတ်နေသည့်အခြားဘက်ခြမ်းတွင် ၀င်ထိုင်သည်။ ထိုသို့ ၀င်ထိုက်လိုက်သည်နှင့် မှုန်နံ့သာခမျာ ရုတ်ချည်းဆိုသလို ရင်ခုန်နှုန်းမြန်လာပြန်သည်။ မိုးကောင်းကင်ကမူ သူမကို ဘာမှမပြောသေးပဲနှင့် ရှေ့က စားပွဲပုလေးပေါ်တွင် တင်ထားသည့် ရီမို့နှင့် တီဗီကိုလှမ်းဖွင့်သည်။ လက်မဘယ်လောက်လဲ မသိသော်လဲ အတော်ပင် ကြီးမားသည့် တီဗီစကရင်တွင် MTV channel မှ သီချင်းတစ်ပုဒ်လာနေတာကို တွေ့သည်။ သို့သော် မှုန်နံ့သာ၏ စိတ်က ဘာတွေဆိုနေမှန်းမသိသည့် ထိုနိုင်ငံခြားသီချင်းထံတွင် ရှိမနေပါ။

“မှုန် .. တစ်ခုခုသောက်ပါလား …“
“ဟင့်အင်း .. မသောက်ချင်ဘူး …“
“အော် … မှုန်  … စိတ်လှုပ်ရှားနေတာလား …“
“ဟုတ် .. ဟုတ်တယ် ..“
“စိတ်လျော့ထားလေ .. မှုန် .. အရမ်းမတွေးနဲ့ … ဒီမှာကြည့် … ကောင်းဘက်ကို လှည့် ..“

မိုးကောင်းကင်၏ အပြောက နူးညံ့ညင်သာလှသလို သူ့ကိုယ်သူ “ကောင်း“လို့ သုံးလိုက်သည့် အသုံးအနှုန်းကြောင့်ထင်သည်။ မှုန်နံ့သာ သူခိုင်းသလိုပင် နှစ်ဦးသား မျက်နှာချင်းဆိုင် ဖြစ်အောင် လှည့်ထိုင်မိသည်။ စိတ်လျော့ထားပါဟု ဆိုသည့်တိုင် သူမသည် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ပဲ မှုန်နံ့သာ၏ မျက်နှာလေးသည် ငိုမဲ့မဲ့ မျက်နှာပေးလေးနှင့်ဖြစ်နေလေသည်။ အတွေ့အကြုံမရှိသည့် မှုန်နံ့သာ၏ အခြေအနေကို မိုးကောင်းကင် ရိပ်မိဟန်ရှိသည်။ ပေါင်ပေါ်တင်ထားသည့် သူမ၏ လက်ကို အသာဆွဲကိုင်ပြီး ဖွဖွလေး ပွတ်သပ်ပေးနေသည်။ အချိန်နှစ်မိနစ်လောက် ကြာသည့်အထိ သူဘာစကားမှမပြော။ ခဏကြာမှ ..

“မှုန် .. ကောင်းတစ်ခုမေးမယ်နော် … အရင်တုန်းက ယောက်ျားလေးတစ်ယောက်ကို နမ်းဖူးလား ..“
“မ… မနမ်းဖူးဘူး .. ကောင်း ... ဟို မောင်လေးတစ်ယောက်ကို ပါးပြင်မှာ နမ်းဖူးတာပဲ ရှိတယ် .. တခြား ရွယ်တူ ဘယ်ယောက်ျားလေးကိုမှ မနမ်းဖူးဘူး ..“
မိုးကောင်းကင်၏ အမေးကို မ၀ံ့မရဲနှင့် ဖြေပြီးနောက် သူ့မျက်နှာအမူအယာများ တစ်ခုခုပြောင်းသွားမလားလို့ မှုန်နံ့သာ စိုးရိမ်တကြီးနှင့် ကြည့်မိသည်။ မိုးကောင်းကင် မျက်နှာပေါ်တွင် ဘာအမူအယာမှ မတွေ့။ သူမ၏ မျက်ဝန်းတည့်တည့်ကို စိုက်ကြည့်ရင်းသာ မှုန်နံ့သာကို စကားတစ်ခွန်းနှင့် တုံ့ပြန်သည်။
“ကောင်းကိုနမ်း ..“
“အယ် .. နမ်းရမယ် ..“
“အင်း .. နမ်းလေ …“
မှုန်နံ့သာ ဘာလုပ်ရမှန်းမသိ။ လက်ချင်းဆုပ်ကာ ကိုင်ထားသည့် သူမ၏ လက်ကလေးတွေသည် သိသိသာတုန်ယင်လို့နေသည်။
“ဟို .. ဟိုလေ .. မှုန် .. ဘယ်လိုနမ်းရမယ်ဆိုတာ မသိဘူး ..“
“သိစရာ မလိုပါဘူး .. ဘာမှတွေးမနေနဲ့ မှုန် .. ဒါက စာမေးပွဲစစ်နေတာမှ မဟုတ်တာ .. မှုန်အဆင်ပြေသလိုသာလုပ် ..“

မိုးကောင်းကင်က တိုက်တွန်းပေမယ့် မှုန်နံ့သာ စစချင်းတော့ ဘယ်လိုမှ မနမ်းရဲပါ။ သူမ ချီတုံချီချ ဖြစ်နေသည်။ တော်တော်လေးကြာမှ အားတင်းလိုက်ရဟန်နှင့် ရင်ကလေးမို့တက်လာသည်အထိ အသက်ရှူရင်း သူမကို စိုက်ကြည့်နေသည့် မိုးကောင်းကင်၏ နှုတ်ခမ်းကို ဆတ်ခနဲဖိနမ်းသည်။ နမ်းပြီးပြီးချင်းလဲ ပြန်ခွာမိသည်။ သူမကသာ မ၀ံ့မရဲဖြစ်နေပေမယ့် မိုးကောင်းကင်က ဘယ်လိုမှ ထူးခြားဟန်မှ မပြပါ။ မှုန်နံ့သာ စိတ်ပျက်သွားသလို ဖြစ်မိချိန်တွင် မိုးကောင်းကင်သည် မထင်မှတ်ပဲ ရှေ့တိုးကာ သူမကို နမ်းသည်။ သူ၏ အနမ်းကလဲ သူမအတိုင်းပင်။ ဖွဖွလေး ထိယုံသာ နမ်းတာဖြစ်ပြီး နမ်းပြီးသည်နှင့် သူမ နှုတ်ခမ်းတွေဆီက ပြန်ခွာသွားသည်။ ထို့နောက် သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦး စိုက်ကြည့်မိကြသည်။ နှစ်ဦးစလုံး၏ မျက်ဝန်းတွေသည် အနည်းငယ် ရီဝေစ ပြုလာနေပြီဆိုတာကို အကြည့်တွေမှတဆင့် ရှာဖွေတွေ့ရှိသွားသည်။ မိုးကောင်းကင်ကပင် ရှေ့ပြန်တိုး၍ သူမကို ထပ်နမ်းသည်။ ဒီတစ်ခါတော့ ထိယုံတင်ထိတာ မဟုတ်တော့ပဲ နှုတ်ခမ်းပါးလေးများကို စုတ်ယူသည်အထိ အားပါလာသည်။ မှုန်နံ့သာ၏ မျက်ဝန်းတွေသည် အခုအချိန်တွင်မူ သူမတောင် မသိလိုက်ရပဲ အလိုလို မှိတ်ကျသွားပြီဖြစ်သည်။ သူတို့နှစ်ဦး၏ နှုတ်ခမ်းတွေသည် နေရာမလပ် ထိတွေ့မိကြသလို၊ နမ်းရှိုက်မှုကလဲ တစတစတ ပို၍ အားပြင်းလာသည်။ အနမ်းများက အရှိန်ရလာသည့်အလျှောက် အသက်ရှူထုတ်လိုက်တိုင်းလဲ တစ်ဦး၏ နှာသီးဖျားဆီမှလေကို တစ်ယောက်က ရရှိနေသည်။ မှုန်နံ့သာ ကိုယ်ကလေးသည်လဲ တဖြေးဖြေး ပူနွေးလာသည်။ အချိန်တော်တော်လေးကြာသည့်တိုင် နှစ်ဦးသား မေ့မေ့မောမော နမ်းနေကြပြီးနောက် မိုးကောင်းကင်ကပင် အရင်ဆုံး သူ့နှုတ်ခမ်းတွေကို ပြန်ခွာသွားသည်။ သူမ နှုတ်ခမ်းတွေပေါ်သက်ရောက်နေသည့်အားက မရှိတော့သည့်တိုင် မှုန်နံ့သာသည် ထိုဆွဲငင်အား၏ အရှိန်ကြောင့် မျက်လုံးကို မဖွင့်ကြည့်နိုင်သေးချေ။ သူမ မျက်ခွံတွေကို အားယူကာဖွင့်လိုက်ချိန်တွင်မူ မိုးကောင်းကင်သည် သူမကို ပြုံးကာ စိုက်ကြည့်နေသည်ကို တွေ့ရသည်။

“မှုန် နမ်းတာ အရမ်းကောင်းတယ် … ထင်တောင် မထင်ရဘူး ..“
“တကယ် ?? .“
“တကယ်ပေါ့ … ဒီလိုမျိုးသာ နမ်းရမယ်ဆိုရင် တစ်ညလုံးတောင် မှုန်ကို နမ်းနေနိုင်တယ် ..“
“သွားပါ … မှုန်စိတ်ချမ်းသာအောင် ပြောနေတာ မှတ်လား ..“
“အာ .. မဟုတ်ပါဘူး .. တကယ်ပြောတာ .. မှုန် နှုတ်ခမ်းလေးတွေက အရမ်းနူးညံ့တာပဲ .. တကယ်ကို နမ်းလို့ကောင်းတာပါ .. ထပ်နမ်းမယ်နော် .. ဒီတစ်ခါနမ်းတဲ့အခါကျရင် မှုန် ကောင်းလည်ပင်းကို ဖက်ထား .. ပြီးတော့ လက်တစ်ဖက်နဲ့ ကောင်းခေါင်းကို ကိုင်ထား .. နမ်းနေတဲ့အချိန်မှာ ကောင်းဆံပင်တွေကို သပ်ချင်လဲသပ်နေ .. ဒါမှမဟုတ် ကောင်းကိုဖက်ချင်လဲဖက်ထား ....“
“အင်း ..“

မှုန်နံ့သာဆီက နားလည်သည့်အကြောင်း တုံ့ပြန်မှုရသည်နှင့် မိုးကောင်းကင်သည် ကင်းကွာခဲ့သည့် အနမ်းတွေကို သူကပင် ပြန်စ၍ဆက်သည်။ ငါးမိနစ်လောက်ကြာသည်အထိ နဂိုအတိုင်း နမ်းမိပြီးနောက် မိုးကောင်းကင်၏ လျှာက သူမနှုတ်ခမ်းတွေကိုတွန်းကာ အထဲသို့ ၀င်လာမှန်း မှုန်နံ့သာ သိလိုက်သည်။ သူ့လျှာကြီးသည့် သူမပါးစပ်ထဲသို့ ၀င်လာပြီးနောက် မှုန်နံ့သာ၏ လျှာလေးကို မထိတထိနှင့် လာစသည်။ မှုန်နံ့သာ မနေနိုင်။ သူမ၏လျှာလေးနှင့် အထဲကို ၀င်လာသည့် မိုးကောင်းကင်၏လျှာကို ပြန်လည်၍ ပွတ်ကာဆွဲမိသည်။ ထိုသို့ သူတို့နှစ်ယောက်လျှာချင်းကစားနေရာမှ တစ်ကြိမ်တွင်မူ မိုးကောင်းကင်လျှာကြီး၏ ဆွဲခေါ်မှုကြောင့် သူမ၏ လျှာလေးသည် သူ့ပါးစပ်ထဲသို့ လိုက်ကာသွားမိသည်။ သူ့ပါးစပ်ထဲသို့ သူမလျှာလေး ရောက်သွားချိန်တွင်မူ မိုးကောင်းကင်က အလွတ်မပေးပဲ မျှင်း၍စုတ်ယူမှုကို သူမခံလိုက်ရသည်။ မှုန်နံ့သာ အသွေးအသားတွေသည် ထိန်းမနိုင်သိမ်းမရကို ဖြစ်လာကြသည်။ ထိုသို့ဖြင့် တစ်ဦးနှင့်တစ်ဦး အနမ်းလွန်ဆွဲပွဲ ကျင်းပနေကြရာ အချိန်မည်မျှ ကြာသွားသည် သူတို့သတိမထားမိ။ နှစ်ဦးသား နှုတ်ခမ်းချင်းကွာသည့်အချိန်တွင် မိုးကောင်းကင်ရော၊ သူမပါ အသက်ကို အလုအယက်ရှူရသည်။

“မှုန်ရယ် .. နမ်းလို့ အရမ်းကောင်းတာပဲ …“
“တကယ် .. မှုန်လဲ ကောင်းကိုနမ်းရတာ ကောင်းတယ် .. တစ်ညလုံးတောင် နမ်းနေနိုင်တယ် ..“
သူ့စကားနှင့်သူပြန်အပြောခံရသည့်အတွက် မိုးကောင်းကင် ကျေကျေနပ်နပ်ကို ရယ်ပါသည်။ မျက်ဝန်းတွေထဲတွင် အရည်လဲ့နေသည့် ကောင်မလေးကို စိုက်ကြည့်ပြီး ..
“မှုန် .. ကောင်းတို့တွေ နောက်ထပ် အဆင့်ကို တက်ကြရအောင်လား .. မှုန် ဘက်က အဆင်ပြေရင် ပြောတာပါ ..“

ပြောပြီးသည်နှင့် မိုးကောင်းကင်သည် မှုန်နံ့သာဆီက တုံ့ပြန်မှုတစ်ခုခုများ ပေါ်လာမလားလို့ သူမမျက်နှာလေးကို ကြည့်သည်။ ဘာအမူအယာမှ မပြောင်းပဲ သူ့ကို တွေတွေလေးစိုက်ကြည့်နေသည်ကို အတွေ့တွင် မှုန်နံ့သာလက်ကလေးကို ဆွဲ၍ ယူလိုက်သည်။ သို့သော် ဒီတစ်ကြိမ်တွင် သူမ၏ လက်ကလေးကို ကိုင်ယုံကိုင်ထားသည် မဟုတ်။ သူ၏ ဂျင်းဘောင်းဘီတလျှောက် ပေါင်ပေါ်တွင်ထပ်ကာ တဖြေးဖြေးချင်း ဆွဲယူလာပြီး ပေါင်ရင်းခွကြားသို့ ဦးတည်ကာ ရွှေ့သွားလေသည်။ အနမ်းခံရတာ မဟုတ်သည့်တိုင် မှုန်နံ့သာ ရင်ခုန်နှုန်းသည် ခုနကထက်တောင် ပို၍ မြန်လာသလို ခံစားရသည်။

No comments:

Post a Comment