“တင်ဇာ .. မိုးကောင်းကင်နဲ့ ဂျူလိုင်ပြတ်သွားတယ်ဆို …“
တင်ဇာလင်းသည်
မှုန်နံ့သာ၏ အမေးကို မဖြေခင် သူမစကားကို ဘေးပတ်ဝန်းကျင်က ကြားသွားမှာကို
စိုးရိမ်သည့်ဟန်နှင့် ဟိုကြည့်ဒီကြည့် အရင်လုပ်သည်။ ပြီးမှ ခေါင်းကလေးကို
ငုံ့ကာ လေသံတိုးတိုးဖြင့် ..“
“အေး .. ဟုတ်တယ် .. ငါ့ကို စံပယ်ပြောတာက ဟိုကိစ္စကြောင့်တဲ့ .. “
မှုန်နံ့သာ မျက်ခုံးလေးပင့်သွားသည်။ တင်ဇာလင်း၏ စကားကိုလဲ ပို၍ စိတ်ဝင်စားသွားမိသည်။
“နင်ပြောတာ
ဘာညာကိစ္စလား .. ဒါပေမယ့် သူတို့နှစ်ယောက်က အဲဒီလိုဖြစ်နေကြတာပဲ မှတ်လား ..
မူမူကတောင် ပြောသေး … မိုးကောင်းကင်တို့နှစ်ယောက်
ကျောင်းနောက်ဘက်ကချောင်ထဲမှာ ကားရပ်ထားပြီးဖြစ်နေကြတာ ..
ကားကိုကိုင်လှုပ်နေသလားတောင် မှတ်ရတယ်ဆို ..“
“ဟဲ့ .. အဲဒါက
လူတိုင်းသိတာပဲ .. ဒါပေမယ့် စံပယ်ပြောတာကျတော့ အဲဒီလိုမဟုတ်ဘူး ..
ဂျူလိုင်က မိုးကောင်းကင်လိုချင်တာကို မပေးဘူးတဲ့ .. အဲဒါကြောင့်
မိုးကောင်းကင်က စိတ်ပျက်ပြီး ဖြတ်လိုက်တာလို့ ပြောတယ် ..“
“ဟင် .. နင်ပြောတာက မရှင်းပါလား .. မိုးကောင်းကင်က ဘာများတောင်းဆိုလို့လဲ .. ဟို ..ဟို .. ဦးထုပ်မဆောင်းပဲလုပ်ချင်တာမျိုးလား ..“
“ဟာ .. မှုန်ကလဲ .. အဲဒါမဟုတ်ပါဘူး .. ငါကြားတာက ဂျူလိုင်က ပုလွေမပေးဘူးဆိုပဲ ..“
“ဘာ !!! ဂျူလိုင်က ..“
“ဟဲ့ .. တိုးတိုးလုပ်ပါဟ . .နင့်အသံက တစ်ကားလုံးကြားတော့မယ် ..“
မှုန်နံ့သာ၏
အသံက အံ့သြမှုကြောင့် အနည်းငယ်ကျယ်သွားသဖြင့် အတင်းချနေသူ တင်ဇာလင်းက
သူမကို လှမ်းကာ သတိပေးရသည်။ မှုန်နံ့သာသည် သူမကိုယ်သူမပြန်ထိန်းလိုက်ပြီး
လေသံကို ပြန်နှိမ့်ကာ ..
“နင်ဆိုလိုချင်တာက .. ဂျူလိုင်က မိုးကောင်းကင်ကို မစုတ်ပေးလို့ ဟိုက ကန်ထုတ်လိုက်တာလို့ ဆိုလိုချင်တာလား ..“
“အေး
.. ဟုတ်တယ် .. ဒါပေမယ့် စံပယ်ပြောတာ အဲဒါတွင်မကဘူး .. မိုးကောင်းကင်က
ဘာဂျာကိုင်ပေးမယ်ဆိုတာလဲ ဂျူလိုင်ကလက်မခံဘူးလို့ ပြောတယ် ..“
“ဟာ ..
ဘာတွေလဲဟာ .. နင့်ဟာက ဟုတ်ကောဟုတ်ရဲ့ လား .. မှုန်ဖြင့် နားရှိလို့သာ
ကြားရတယ် .. နောက်ပြီး မိုးကောင်းကင်ကလဲ ဒီကိစ္စလေးကြောင့်နဲ့ပဲ ဂျူလိုင်နဲ့
ပြတ်ရတယ်လို့ .. အံ့ရောကွာ ..“
“မပြောတတ်ဘူး .. မှုန်ရေ .. ငါကြားတာတော့
အဲဒါ အကုန်ပဲ .. ဒါပေမယ့် ငါ့စိတ်ထင် ဒီထက်မက အကြောင်းအရာတွေလဲ
ရှိချင်ရှိမှာပါ .. ဘာပဲဖြစ်ဖြစ် ငါတို့က မိုးကောင်းကင်နဲ့ တစ်ကျောင်းတည်း
တက်ခဲ့တာပဲ .. သူ ဒီလောက်ဇီဇာမကြောင်ဘူးလို့တော့ ထင်တာပဲ .. ဂျူလိုင်ကလဲ
ဘ၀င် မဟုတ်လား …“
တင်ဇာလင်း ကောက်ချချသည့် ဒီအချက်ကိုတော့ မှုန်နံ့သာ
ခေါင်းညိတ်၍ ထောက်ခံလိုက်သည်။ သူမနှင့် မိုးကောင်းကင်၏ ဆက်ဆံရေးသည်
ဘယ်လောက်ပင်ကျဲသည်ဟု ဆိုဆို၊ သူမစိတ်ထဲတွင် မိုးကောင်းကင်ကို အရင်တုန်းကလို
ခင်မင်နေဆဲပင်ဖြစ်သည်။ ထို့အပြင် မိုးကောင်းကင်နှင့် တွဲနေသည့်
ဂျူလိုင်ဆိုသည့်ဟာမကိုလဲ ဆောင့်ကြွားကြွားနိုင်သည့် အမူအယာကြောင့်
အစတုန်းကတည်းက သူမ ကြည့်မရခဲ့။ သူမနှင့်ဘာမှမဆိုင်သည့်တိုင်
မိုးကောင်းကင်နှင့် ဂျူလိုင်ပြတ်သွားသည်ဆိုသည့် သတင်းကို ကြားတုန်းက
ဝမ်းသာနေခဲ့သည်ဆိုတာကို မှတ်မိနေသေးသည်။
“ကဲ .. တို့ရဲ့ 
ကျောင်းတော်မဟာတော့ ရောက်ပြီဟေ့ … မှုန်ရေ .. ငါတော့ စံပယ်တို့နဲ့
ချိန်းထားတာ ရှိလို့သွားလိုက်ဦးမယ် .. ဒီနေ့တော့ နင့်ဆီပြန်ရောက်ချင်မှ
ပြန်ရောက်မယ် …. အပြန်ကျရင် စောင့်မနေနဲ့. နင့်အတန်းပြီးရင် စောပြန်နှင့်
.. ငါ အတန်းထဲက ဟာတွေနဲ့ ဘောလီဘောပုတ်ဖို့ ချိန်းထားတယ် .. ဘောအစစ်မရခင် ..
ရတဲ့ဟာလေး ပုတ်ထားတဲ့သဘောပေါ့ .. ခစ် ..ခစ် ..“
“ကောင်မ .. ထရွနေတယ် … နင် အဲဒီလိုပုတ်ပုတ်ထုတ်နေလို့ အခုထက်ထိ မရသေးတာ ..“
သူငယ်ချင်းဖြစ်သူ၏
နောက်ပြောင်မှုကို အညံ့မခံ ပြန်လည်နောက်ပြောင်ပြောပြီးနောက် မှုန်နံ့သာ
တင်ဇာလင်းနှင့် လမ်းခွဲ၍ သူမအတန်းရှိရာသို့ ထွက်လာခဲ့သည်။ တင်ဇာလင်း
အတန်းမမှန်ပေမယ့် မှုန်နံ့သာကတော့ တက္ကသိုလ်စတက်သည့်နေ့တကည်းက
အတန်းပျက်လေ့မရှိပါ။ တစ်ယောက်တည်း ဖြစ်လဲ ကျောင်းရောက်လျှင်မူ သူမအတန်းကို
မှန်မှန်သွားလေ့ရှိပါသည်။ ထိုသို့ သူမတစ်ယောက်တည်း သွားရတာကိုလဲ တခါတလေ
ပို၍ သဘောကျပါသည်။ အဘယ်ကြောင့်ဆိုသော် သူမကို ကြည့်သော မျက်လုံးများသည်
ဘေးနားတွင်ပါလာမည့် သူငယ်ချင်းမကို ကြည့်တာ မဟုတ်ပဲ သူမကိုသာ
အဓိကပစ်မှတ်ထား၍ ကြည့်သည်ဆိုတာကို သိနေသောကြောင့်ဖြစ်သည်။ တစ်ခုပဲ
စိတ်ပျက်ဖို့ကောင်းသည်။ ထိုသို့ သူမလမ်းလျှောက်လာသည်ကို
အစအဆုံးလိုက်ကြည့်သော သူများတွင် သူမ စိတ်ဝင်စားနေသော ရွှေမင်းသားလေးများ
မပါခြင်း အချက်သာလျှင် ဖြစ်လေသည်။ မှုန်နံ့သာသည် ကျိန်စာသင့်နေသော
မင်းသမီးလေးများလား မသိ ..။
ဒီနေ့ အတန်းပြီးတာ အတော်စောသည်။
နေ့လည်ချိန်နှစ်ချိန်ရှိပေမယ့် ဒုတိယအချိန်က ဆရာ မလာဘူးဆိုသဖြင့် မှုန်နံ့သာ
အတန်းမှ ထွက်လာချိန်တွင် နှစ်နာရီတောင်မထိုးသေးချေ။ သူမတို့
အပြန်ဖယ်ရီချိန်က ညနေလေးနာရီထိုးမှ ဖြစ်သဖြင့်
အချိန်နှစ်နာရီကြီးများကုန်တဲ့အထိတော့ မှုန်နံ့သာကျောင်းမှာ
ထိုင်စောင့်မနေချင်ပါ။ တင်ဇာလင်းကလဲ ပြန်ချင်လျှင် သူမကို မစောင့်ပဲ
ပြန်ပါဟု ပြောထားခဲ့သည့်အတွက် နေပူပူကျဲတဲအချိန်မှာပင် ထီးဖွင့်၍
လိုင်းကားနှင့် ပြန်ရန် ထွက်လာခဲ့သည်။ ပလက်ဖောင်းပေါ်တွင် တစ်ယောက်တည်း
အတွေးတွေ ဟိုရောက်၊ဒီရောက်နှင့် လွင့်မျောကာ လျှောက်လာသဖြင့်
သူမနောက်နားသို့ ကားတစ်စီး ကပ်လာခဲ့သည်ကို မှုန်နံ့သာ သတိမထားမိခဲ့ပေ။
“တီ ..“
“အမလေး !!! ..“
“ဟေး .. လန့်သွားတာလား .. မှုန်နံ့သာ ..“
ဘယ်သူတောင်းစားက
သူမနောက်နားကပ်ကာ ကားဟွန်းတီးလိုက်တာလဲဟု ရန်တွေ့ဖို့ လှည့်ကြည့်စဉ်မှာပင်
ရင်းရင်းနှီးနှီး နှုတ်ဆက်လိုက်သည့် အသံကြောင့် မှုန်နံ့သာ မျက်လုံးလေးများ
ပုဇွန်မလေးအသွင်ပြောင်းသွားသည်။ ဘုရားရေ… ။ မိုးကောင်းကင်သည် သူမဘေးတွင်
ကားထိုးရပ်ကာ ထူးထူးဆန်းဆန်း လှမ်းနှုတ်ဆက်နေသည်။ သူ .. ငါ့ကို
သူငယ်ချင်းအဖြစ် မှတ်မိနေသေးတာပဲ။
“နင်လန့်သွားတာလား မှုန်နံ့သာ ..
ဆောရီး … တစ်ယောက်တည်းလမ်းလျှောက်လာတာတွေ့လို့လေ … ကားဂိတ်ကို
သွားမလို့မှတ်လား .. ငါလိုက်ပို့ပေးမယ် .. ငါ ရိုးရိုးသားသား ခေါ်တာနော် ..
တစ်မျိုးမထင်နဲ့ဦး ..“
“ကောင်းတာပေါ့ .. မှုန်လဲ နေပူကျဲတဲကြီးမှာ မလျှောက်ချင်တာနဲ့ အတော်ပဲ …“
မှုန်နံ့သာ
ဘာဘာညာညာတွေးမနေတော့ပဲ ဖွင့်ထားသည့် ထီးကို ရုတ်ကာ ပိတ်လိုက်သည်။
ကားရှေ့မှပတ်ကာ ပါစင်ဂျာခုံဘက်သို့လျှောက်သွားသည်တွင် မိုးကောင်းကင်သည်
တံခါးကို အသင့်ဖွင့်ပေးထားတာတွေ့သည်။ လေအေးစက် ဖွင့်ထားသည်မို့
ကားထဲဝင်ထိုင်လိုက်သည်နှင့် မျက်နှာကို ရိုက်ခတ်လာသည့် အေးမြသည့်
အငွေ့အသက်က သူမစိတ်ကို ကြည်နူးသွားစေသည်။ မှုန်နံ့သာ ကားတံခါး
ပြန်ပိတ်လိုက်သည်နှင့် မိုးကောင်းကင်က ကားကို လမ်းဘေးတွင် ကပ်ရပ်ထားရာမှ
မောင်းထွက်လိုက်သည်။
“ဘယ်လို စိတ်ကူးပေါက်ပြီး တစ်ယောက်ထဲ လမ်းလျှောက်ပြန်လာတာလဲ ..“
“ဒီနေ့
နောက်အချိန်တစ်ချိန်က ဆရာမလာဘူးလေ .. ခါတိုင်းဆိုရင်တော့ ဖယ်ရီနဲ့
ပြန်နေကြပဲ .. ဒီနေ့တော့ ဖယ်ရီကို မစောင့်ချင်တော့တာနဲ့ လိုင်းကားနဲ့
ပြန်မယ်ဆိုပြီး ထွက်လာတာ …“
“သြော် .. အဲဒီလိုလား .. နေပါဦး .. နင့်အိမ်က xxxx မှာ မှတ်လား ..“
“ဟုတ်တယ်လေ .. ဘာဖြစ်လို့လဲ .. “
“ဘာမှမဖြစ်ပါဘူး
… ငါလဲ အဲဒီဘက်ကို ဖြတ်သွားမှာပဲလား … နင် ငါ့ကို တစ်မျိုးမထင်ဘူးဆိုရင်
ငါလိုက်ပို့ပေးပါ့မယ် .. ဒီနေရာကနေ လိုင်းကားစီးရင် နင် ငါးခြောက်ပြား
ဖြစ်သွားနေမယ် ..“
“အမယ် .. နင်လို သူဌေးသားက လိုင်းကားစီးတဲ့ ကိစ္စကို
သိလို့လား ကိုယ်တော်ရယ် .. မှုန်တို့လို ဆင်းရဲသားလူတန်းစားတွေ ပြောဖို့
ထားပါဦး .. “
မှုန်နံ့သာ ချက်ချင်းဆိုသလို ပြန်ခွပ်လိုက်သောအခါ
မိုးကောင်းကင်၏ မျက်နှာလေးက တည်သွားသည်။ ရှေ့တည်ရှုကို စိုက်ကြည့်ပြီး
မောင်းနေရာမှ သူမဘက်သို့ လှည့်ကြည့်ပြီး ..
“ဆောရီး .. မှုန်နံ့သာ ..
ငါပြောတာ တစ်မျိုးဖြစ်သွားရင် … အခုရက်ပိုင်း ငါ့စိတ်တွေ
တစ်မျိုးဖြစ်နေလို့ စကားပြောတာတွေ တစ်မျိုးဖြစ်နေတယ်ဟာ ..“
“ဘာလဲ .. ဂျူလိုင်နဲ့ ပြတ်သွားတဲ့ ကိစ္စကြောင့်လား .. ကြားရတာ မှုန် စိတ်မကောင်းပါဘူး …“
“အမ် .. စိတ်မကောင်းဘူး .. ငါသိတာက ဂျူလိုင်နဲ့ နင်တို့ သိပ်မတည့်ဘူးဆို ..“
“အဲဒီဟာမကို ပြောတာ မဟုတ်ဘူး .. နင့်အတွက်ပြောတာ ..“
“ငါ့အတွက်လား .. စိတ်မပူစမ်းပါနဲ့ဟာ …“
“ဘာလဲ .. နောက်ထပ် တစ်ယောက်က အဆင်သင့်ရှိနေပြီလား .. မိုးကောင်းကင်တို့ကတော့ စွံတယ်ဟေ့ ..“
မိုးကောင်းကင်
ဒီတစ်ခါတော့ မှုန်နံ့သာ၏ နောက်ပြောင်မှုကို သဘောကျစွာ ရယ်ပါသည်။
ရယ်လိုက်လျှင် သွားဖြူတန်းလေးတွေ ပေါ်လာသည့် မိုးကောင်းကင်၏ မျက်နှာကို
ကြည့်ရင်း မှုန်နံ့သာ မျက်နှာလေး ညိုးသွားရှာသည်။ မှုန်နံ့သာဘက်က
ဘာမှဆက်မပြောပဲ အသံတိတ်သွားလို့ ထင်သည်။ မိုးကောင်းကင် သူမကို
လှည့်ကြည့်သည်။
“မှုန် … ဘာဖြစ်သွားတာလဲဟ … “
“ဘာမှ မဟုတ်ပါဘူးဟာ
.. ယောက်ျားလေးတွေ ဖြစ်ရတာ ကံကောင်းတယ်လို့ စဉ်းစားနေတာ .. ကိုယ်ကြိုက်တဲ့
ဘယ်ကောင်မလေးမဆိုကို ကြိုက်တဲ့အကြောင်း လွတ်လွတ်လပ်လပ်ပြောနိုင်တယ် …
နင်ဆို ပိုတောင် ကံကောင်းသေးတယ် … နင့်ဘေးနားမှာ ကောင်မလေးတွေ ၀ိုင်းနေကြတာ
ဟိုက်စကူးထဲက မဟုတ်လား ..မှုန်တို့လို မိန်းကလေးတွေသာ ..“
“အာ … မှုန်ကလဲ .. ငါက အဲဒီလောက်လဲ မဟုတ်ပါဘူးဟာ … ဒါနဲ့ နေပါဦး … နင် စိတ်မဆိုးရင် တစ်ခုမေးချင်တယ် … နင် ဘဲမရသေးဘူးလား ..“
“မရသေးလို့ ဒီလေသံတွေ ထွက်နေတာပေါ့ဟ .. မိုးကောင်းကင်ရယ် .. နင် တုံးလှချည်လား ..“
“အိုကေ
.. အိုကေ … ငါ နားလည်ပြီ … ဒါပေမယ့် နင် ဘဲမရဘူးဆိုတာ ငါနားမလည်ဘူး ..
ငါ့အမြင်တော့ နင်မှာ ယောက်ျားလေးတွေ စိတ်ဝင်စားစရာ ပစ္စည်းပစ္စယ အပြည့်အစုံ
ရှိနေတာပဲ .. ဟီး ..“
“မိုးကောင်းကင်နော် .. ငါ အကောင်းပြောနေရင်
ဖောက်မလာနဲ့ … ဘဲရပြီးရော ထားရင်တော့ ဖြစ်တာပေါ့ဟ .. ဒါပေမယ့် မှုန်က
တော်ယုံတန်ယုံလောက်လူကိုလဲ စိတ်မ၀င်စားဘူး .. တတ်နိုင်ရင် သူရိန်တို့၊
ရဲမင်းတို့လိုမျိုး ကောင်လေးတွေနဲ့သာ ရည်းစားဖြစ်ချင်တာ ..“
“၀ိုး ..
နင့် standard က မြင့်လှချည်လား … သူရိန်တို့၊ ရဲမင်းတို့ဆိုတာ
တစ်ကျောင်းလုံးက ကောင်မလေးတွေ စိတ်ဝင်စားနေကြတာ … နင့်ဟာက
တစ်ရွာလုံးနဲ့တစ်ယောက်ကိစ္စပဲ .. ဒါပေမယ့် နင် စိတ်မပူပါနဲ့ ..
အဲဒီကောင်နှစ်ကောင်စလုံးနဲ့ ငါခင်ပါတယ် .. နင် သဘောတူတယ်ဆိုရင်
ငါပြောပေးပါ့မယ် ..“
“မ .. မလုပ်နဲ့ .. မိုးကောင်းကင် ..
အဲဒီလိုမျိုးကြတော့ ရှက်စရာကြီး .. မှုန် သိချင်တာက ဘာဖြစ်လို့ သူတို့လို
ယောက်ျားလေးတွေက မှုန့်ကို စိတ်မ၀င်စားကြတယ်ဆိုတဲ့ အချက်ကိုပဲ ..“
“နင် တကယ်သိချင်တာလား ..“
“သိချင်လို့ပေါ့ဟ
.. မသိချင်ရင် ထုတ်တောင်ပြောပါ့တော့မလား .. မှုန် ဒီအကြောင်းကို
ပြောမိတာဆိုလို့ နင်ရယ်၊ မှုန့်သူငယ်ချင်း တင်ဇာရယ်ပဲ ရှိသေးတယ် ..“
မိုးကောင်းကင်
မှုန်နံ့သာကို ချက်ချင်း ပြန်အဖြေမပေးပဲ ခေတ္တခဏမျှ ငြိမ်သက်သွားသည်။
သူ့မျက်နှာသည် တစ်စုံတစ်ခုကို တွေးနေဟန်ရှိသည်။ မှုန်နံ့သာခမျာသာ
မိုးကောင်းကင် ပါးစပ်မှ ထွက်ကျလာမည့် စကားများကို စက်ရှင်တရားသူကြီး၏
အမိန့်ကို စောင့်မျှော်နေသည့် တရားခံနှယ် ရင်တထိတ်ထိတ်နှင့်
စောင့်မျှော်နေရရှာသည်။ စက္ကန့်ပိုင်းမျှကြာအောင် တိတ်ဆိတ်နေပြီးမှ
မိုးကောင်းကင်ဆီမှ စကားသံထွက်လာသည်။
“ယောက်ျားလေး မျက်လုံးနဲ့
ငါကြည့်ပြီး ပြောမယ်နော် .. နင် စိတ်မဆိုးနဲ့ … မှုန် .. နင် ၀ိတ်ချရမယ်..
အနည်းဆုံးတော့ ဆယ်ပေါင်လောက်ကျသွားဖို့ လိုတယ် .. နောက်ပြီး ဘယ်လိုပြောရမလဲ
.. ကိုယ့်ကိုယ်လုံးကိုပေါ်တဲ့ အ၀တ်အစားမျိုးဝတ်ရမယ်ဟာ ..နဲနဲ ဆက်ဆီကျရမယ် …
ငါပြောတာ သဘောပေါက်လား ..“
“အင်း .. ၀ိတ်ချရမယ်ဆိုတာကတော့ မှုန်လဲ
စဉ်းစားမိပါတယ် .. ဒါပေမယ့် ငါအ၀တ်အစားတွေကြောင့်ဆိုတာကိုတော့
သဘောမပေါက်ဘူးဟာ .. ရည်းစားတစ်ယောက်ရဖို့အတွက် ဟိုဖော်၊
ဒီဖော်လုပ်ရမယ်ဆိုတာကတော့ မဟုတ်သေးဘူးထင်တယ် ..“
မိုးကောင်းကင်
စိတ်ပျက်လက်ပျက် အမူအယာနှင့် “ကျွတ်“ခနဲ စုပ်သပ်သည်။ ခေါင်းကိုလဲ
နှစ်ချက်လောက်ခါသည်။ စက္ကန့်ပိုင်းမျှကြာအောင် ဘာမှမပြောပဲ သူမကို
စူးစူးရဲရဲ စိုက်ကြည့်ကာ ငြိမ်နေသည်။ မှုန်နံ့သာ သူမကိုယ်သူမတောင်
မလုံမလဲဖြစ်သည်။ စိတ်ထဲမငြိမ်မသက်ဖြစ်မှုကြောင့် ခါးစပ်နားက အင်္ကျီစကို
လက်နှင့်ဆွဲချဟန် ပြုစဉ်မှာ မိုးကောင်းကင်သည် သူမ ထင်မှတ်မထားသည့်
စကားတစ်ခွန်းကို ထုတ်ဖော်ကာ မေးလေသည်။
“မှုန် .. ငါတစ်ခုမေးမယ်နော် .. နင် အခုထက်ထိ အပျိုပဲ ရှိသေးတာလား ..“
No comments:
Post a Comment