http://www.imdb.com/title/tt2071441/
အိုကေ ..
ခေါင်းစဉ် တင်ထားတဲ့ ဒီကားအကြောင်း မပြောခင် အခု ဇာတ်လမ်းရဲ
့နောက်ခံကို အရင် ပြောပြမယ်ဗျာ။ တကယ်တော့ ဒီကားဟာ ကမ္ဘာကျော် နာမည်ကြီး ပြင်သစ် ၀တ္ထုတစ်ခုဖြစ်တဲ့
Les Liaisons dangereuses ဆိုတာကို အခြေခံထားတာပါ။
1782 မှာ ထုတ်ဝေခဲ့တဲ့ ပြင်သစ်စာရေးဆရာ Pierre Choderlos de Laclos ရဲ့ ဒီဇာတ်လမ်းဟာ ကျော်ကြားလွန်းအားကြီးလို့
ပြဇာတ်အဖြစ်နဲ့တောင် အကြိမ်ကြိမ် ကပြခဲ့ကြရပါတယ်။ အဲဒီနောက်မှာတော့ ပြဇာတ်ပေါ်ကနေပြီး
ငွေရောင်ပိတ်ကားနဲ့ ပြသတဲ့ ရုပ်ရှင်အဖြစ်သို့ အသွင်ပြောင်းလာခဲ့တယ်။ အဲဒီမှာလည်း ဒီဇာတ်လမ်းရဲ
့ကျော်ကြားမှု အရှိန်အ၀ါဟာ မသေးခဲ့လေတာမို့ နှစ်တွေ၊ ကာလတွေသာ ပြောင်းသွားတယ်။ ဒီဇာတ်လမ်းကိုပဲ
version အမျိုးမျိုးနဲ့ ရိုက်ပြတာက မရိုးနိုင်ခဲ့ပါဘူး။
အခု ကျနော် ခေါင်းစဉ်တင်ပြီး
ပြောထားတဲ့ ကားဟာ ဒီဝတ္ထုကို အခြေခံထားတဲ့၊ နောက်ဆုံးဗားရှင်းဖြစ်တဲ့ ဟောင်ကောင်ကားပါ။
သူ့ရှေ့မှာ ဒါမျိုး ရိုက်ထားတာတွေ လေး၊ ငါးကား ထက် မနည်းပါဘူး။ ဒီပို့စ်မှာပဲ ကျနော်သိသလောက်
List လုပ်ပြီး ကြည့်လို့ရတဲ့ လင့်တွေပါ ပေးထားပါ့မယ်။ စိတ်ဝင်စားရင် ကြည့်လို့ရအောင်ပါ။
မူရင်း ဇာတ်လမ်းရဲ့ သဘောကတော့
အဓိကဇာတ်ဆောင် မင်းသားနဲ့ မင်းသမီး ကာမကို အသုံးချပြီး သူတို့ရဲ့ ပါတနာတွေကို
လွှမ်းမိုးအနိုင်ယူ၊ ချိုးနှိမ်နှိပ်ကွပ်တာကို ဖော်ပြထားတာပါ။ ဇာတ်လမ်းနာမည်ကို ဘာသာပြန်လိုက်တာနဲ့
ကြောက်စရာကောင်းတဲ့ ပူးပေါင်းမှုဆိုတဲ့ meaning ကိုရနေတော့ ဘယ်လို ပူးပေါင်းလုပ်ဆောင်ကြတယ်ဆိုတာ
ခင်ဗျားတို့ စိတ်ဝင်စားမှာပါ။ အဲဒီ အမျိုးသားနဲ့ အမျိုးသမီးက ဇာတ်လမ်းရဲ့ စစချင်းမှာ
ပြိုင်ဘက်တွေလိုလို ပြထားခဲ့ပေမယ့်၊ အရင်တုန်းကတော့ အဆက်ဟောင်းတွေလို့ ဆိုထားပါတယ်။
အခုကျနော် ပြောမယ့် နောက်ဆုံးဗားရှင်းကားမှာတော့ Cecilia Cheung နဲ့ Jang
Dong Gun က အဲဒီ ဘွားတော်နဲ့ လူရှုပ်ငပွေး (အဓိက မင်းသားနဲ့ မင်းသမီး) အဖြစ် ၀င်သရုပ်ဆောင်ထားတယ်။ Cecilia
Cheung ဆိုတာ ခင်ဗျားတို့ မမှတ်မိလို့၊ သိအောင် ပြန်ပြောပြရမယ်ဆိုရင် ကျနော်တင်ခဲ့တဲ့
အက်ဒီဆင်ချန်း အရှုပ်တော်ပုံထဲက ခပ်မိုက်မိုက် မင်းသမီးလေဗျာ။ ဒီတော့ စိတ်ဝင်စားရင်
ရုပ်ရှင်ကိုကြည့်၊ ပြီးရင် ဓါတ်ပုံလေးတွေ ပြန်ကြည့်ကြည့်ပေါ့။ ဖီလင်ပိုတက်မယ် ထင်တာပဲ။
ဇာတ်လမ်းရဲ
့သဘော အကြမ်းဖျဉ်းကို ပြောရမယ်ဆိုရင် Cecilia က Jang ကို အကူအညီတောင်းရာက စတာပါ။ ပြောခဲ့သလို
သူတို့နှစ်ယောက်က ရည်းစားဟောင်းတွေပေါ့။ အကူအညီကရော ဘာထင်လို့လဲ။ နာမည်ကြီး ဘွားတော်တစ်ယောက်ရဲ
့ သမီးအပျိုလေးကို အပျိုရည်ဖျက်ခိုင်းတာ။ ဒီလိုပြောလိုက်တော့ နည်းနည်းများ ရိုင်းသွားလား
မသိဘူး။ နားဝင်ချိုအောင် ပြောရရင်တော့ အချစ်သင်တန်းပေးခိုင်းတာလို့ ပြောလို့ရမှာပါ။
ဒါပေမယ့် ဟိုကောင်က အဲဒီ ပေါက်စနဟာလေးကို စိတ်မ၀င်စားပဲ မုဆိုးမ Madam Du Fenyu
(Ziyi Zhang) မြင်သွားပြီး သူမှသူ ဖြစ်သွားတော့ Cecilia ရဲ့ ကမ်းလှမ်းချက်ကို လက်မခံနိုင်ဘူး
ဖြစ်သွားတယ်။ အဲဒီမှာ Cecilia က ဘာပြောလဲဆိုရင် “မင်း တကယ်ပဲ .. မင်းအစွမ်းနဲ့ အဲဒီမုဆိုးမကို ရရင် ငါ့ကိုယ်ငါပါ
အလိုက်ပေးမယ်“ ဆိုပြီး လောင်းကြေးထပ် ကမ်းလှမ်းလိုက်တယ်။ ဇာတ်လမ်းက အဲဒီကနေ စတော့တာပါပဲ။
ကျန်တာကတော့ ကျနော်ပြောတဲ့ ပြင်သစ် novel အကြောင်း ကြားဖူးရင် သိမှာပါ။ မသိသေးလည်း
ဒီကားကို ကြည့်လိုက်ရင် သိသွားမှာပါ။ ယူကျုကလင့်ကတော့ အောက်မှာပါ
http://www.youtube.com/watch?v=frC8ZHZKjkw
အဲ
.. ပြောဖို့ တစ်ခုမေ့နေတာက .. အခုကားမှာ ဘာညာခန်း မပါဘူးဗျ။ အဲဒီတော့ ဘာညာအခန်းလေးမှ
ကြည့်ချင်တယ်ဆိုရင်တော့ ဒါကို မကြည့်နဲ့။ အောက်က စာရင်းမှာ ဘာညာခန်းပါပါတဲ့ ရုပ်ရှင်ကား
နှစ်ကားရှိတယ်။ အဲဒီကားတွေကိုပဲ ကြည့်လိုက်။ ကျနော်ပြောခဲ့သလို ဇာတ်လမ်းတွေ အားလုံးက
ထူးမခြားနားပါ။ အားလုံး ဒီဝတ္ထုကိုပဲ အခြေခံတာဆိုတဲ့အတွက် တစ်ကားကြည့်လိုက်တာနဲ့ သဘောပေါက်သွားမှာပါ။
အဲဒီထဲမှာတော့ ကိုရီးယားကားတစ်ကားဖြစ်တဲ့ untold scandal ဆိုတာနဲ့ အမေရိကန်ကားဖြစ်တဲ့
cruel intentions ဆိုတာကိုတော့ အကြိုက်ဆုံးပါပဲ။ cruel intentions ကလဲ ဘယ်လောက် အောင်မြင်သလဲ
မမေးနဲ့။ ၂ နဲ့ ၃ တောင် ဆက်ရိုက်ရတဲ့ အထိ ပရိတ်သတ်တွေလက်ခံခဲ့တယ်။ စိတ်ဝင်စားတယ်ဆိုရင်တော့
ဒီအောက်မှာ ကောမန့်လေးတွေ ရေးခဲ့လို့ရပါတယ်။ ကျနော် ဆက်ရှာပြီး ပြောပြထားပါ့မယ်။
ကျနော့်အနေနဲ့တော့ ဒီဝတ္ထုအောင်မြင်တယ်ဆိုတာကို တကယ်လက်ခံတယ်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့
ကျနော်ဆို ဒီကားဟာ ဘာဇာတ်လမ်းလည်းဆိုတာ သိနေခဲ့သည့်အတိုင် အဲဒီဗားရှင်းပေါင်းမျိုးစုံနဲ့
ကားတွေကို တစ်ကားမကျန် အကုန်ကြည့်ဖြစ်တယ် .. အ ဟီး။ ဇာတ်လမ်းကပဲ ကောင်းလို့လား၊ ၀ါသနာကြောင့်ပဲလားတော့
မသိပါဘူးဗျာ ..
မူရင်း Dangerous Liaisons (1988)
http://viooz.co/movies/4777-dangerous-liaisons-1988.html
Cruel Intentions (1999)
http://viooz.co/movies/3587-cruel-intentions-1999.html
Untold Scandal
http://www.youtube.com/watch?v=PAn3H88IKD4