Friday 13 September 2013

The Dreamers (2003)

http://www.imdb.com/title/tt0309987

ကျနော်လည်း ရုပ်ရှင်တွေဘက်ကို မလှည့်နိုင်တာ တော်တော်ကြာသွားတယ်ဗျာ။ ဆောရီးပါပဲ .. ။ ဒီနေ့တော့ ကျနော့်ရဲ့ ဘလော့လေးကို လာရောက်လာပတ်သွားတဲ့ မိတ်ဆွေတစ်ယောက်က Lust, Caution အောက်မှာ ရေးထားခဲ့တဲ့ ကောမန့်လေးတွေ့လို့ ခေါင်းစဉ်တင်ထားတဲ့ ကားလေးကို သတိရသွားတယ်။ အဲဒါနဲ့ပဲ ဒါလေးကို စိတ်ဝင်စားသူများ ကြည့်လို့ရအောင် ညွှန်းလိုက်ပါမယ်ဗျာ ..။

အရင်ဆုံး ဒီကားအကြောင်း မပြောခင် အခုကားထဲမှာပါတဲ့ မင်းသမီးအကြောင်းပဲ ပြောမယ်ဗျာ။ ခင်ဗျားတို့ ဘယ်သူထင်လဲ ... ။ Eva Green ဗျ။ အဲဒီ Eva Green ဆိုတာ ဘယ်သူလဲလို့ ပြောရမယ်ဆိုရင် အခုနောက်ဆုံး ဂျိမ်းစ်ဘွန်းဇာတ်လမ်းတွဲ စမယ်ဆိုတော့ ပထမဆုံးကားအဖြစ် ပြန်ရိုက်တဲ့ Casino Royale ထဲက မင်းသမီးဗျာ။ ဒါဆိုရင်တော့ မျက်လုံးဝါ၀ါ ခပ်မိုက်မိုက် အကြည့်စူးစူးနဲ့ ပြင်သစ်သူ ဒီမင်းသမီးကို ခင်ဗျားတို့ မျက်လုံးထဲ မြင်လာမှာပါ။ နာမည်ကျော် မင်းသားကြီး ပလေးဘွိုင်းဖြစ်တဲ့ ဂျိမ်းစ်ဘွန်းရဲ့ အသည်းကို ခွဲပြီး ကိုင်လှုပ်ခဲ့တာ သူလေးလေ။ အဲဒီလိုသူလေးရဲ့ အဖော်အချွတ်တွေကို တွေ့ရမယ့်ကားက ကျနော် အခုပြောနေတဲ့ကားဗျာ။ ဟဲ .. ဟဲ ။ ဒီလောက်ညွှန်းလိုက်ပြီဆို ကြည့်ချင်သွားပြီ မှတ်လား ..။

ဇာတ်လမ်းသဘောကို အကျဉ်းပြောရမယ်ဆိုရင်တော့ Theo နဲ့ Issabelle ဆိုတဲ့ အမွှာပူးမောင်နှမ နှစ်ယောက်ကြားကို၊ ဇာတ်လိုက် မင်းသားအဖြစ် သရုပ်ဆောင်တဲ့ Matthew ၀င်လာတာကို ရိုက်ပြထားတာပါ။ Matthew က exchange student အနေနဲ့ ဟိုမောင်နှမရှိရာ ပြင်သစ်ကို ရောက်လာရာကနေ တွေ့သွားကြတာ။ အမှန်က ဒီကားက နည်းနည်းတော့ အင်းစက်သဘောမျိုး ဆန်တာကလွဲလို့ မဆိုးပါဘူး။ အဓိက သူပြချင်တာက ကျနော် နားလည်သလို ရိုးရိုးလေး ပြောရရင် ၁၅၀၀ နဲ့ ၅၂၈ မေတ္တာ လွန်ဆွဲကြတဲ့အကြောင်းပါ။ ၅၂၈ (မောင်ချစ်၊ နှမချစ်) သံယောဇဉ်ဆိုပေမယ့် သူက အင်းစက်သဘောမျိုး ရိုက်ပြထားတော့ ၅၂၈ ကချင်မှလည်း ကမှာပေါ့နော်။ ဘာပဲဖြစ်ဖြစ် ဒီဇာတ်ဆောင် သုံးယောက်ရဲ့  တြိဂံပုံစံ ဆက်ဆံရေးဟာ ဘာဖြစ်မလဲ၊ ဘာဖြစ်မလဲနဲ့ ဇာတ်လမ်းဆုံးတဲ့အထိတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။ မျက်လုံးကျယ်စေနိုင်တဲ့ အခန်းတွေလည်း ပါတာပေါ့နော်။ ကျနော်ကတော့ ဇာတ်လိုက်မ မင်းသမီးနဲ့တင် တန်တယ်လို့ ခံစားရပါတယ် .. ဟီး။ ဒါတောင် ကျနော်ကြည့်ဖူးတဲ့အချိန်တုန်းက Eva Green ဆိုတာ သိပ်နာမည်မကြီးသေးဘူးလို့ ပြောလို့ရတယ်။ ဂျိမ်းစ်ဘွန်းကားထဲက မင်းသမီးဖြစ်လာမယ်လို့ မသိသေးဘူးလေ .. အဲဒီတုန်းက ..။

စိတ်ဝင်စားတဲ့သူတွေ ကြည့်ချင်ရင်တော့ ယူကျုလင့်မရှိလို့ streaming ကြည့်လို့ရမယ့် လင့်တစ်ခုအောက်မှာ ရှာပေးလိုက်ပါတယ်။ ကျနော် ပြောထားခဲ့တဲ့ ဆိုက်ကပါပဲ။ ဒီဆိုက်လေးက ကောင်းလို့ တော်တော်နှေးတဲ့ အင်တာနက်လိုင်းမှာတောင် ကြည့်လို့ရမယ်လို့တော့ ထင်ပါတယ်ဗျာ

http://viooz.co/movies/2878-the-dreamers-2003.html

10 comments:

  1. ကျနော့်ရဲ့ မေးလ်ထဲမှာ ကောမန့်တစ်ခု ၀င်လာလို့ ဖြေပေးလိုက်မယ်ဗျာ။ ကိုရီးယားကားလေးတွေ ကြည့်ချင်တယ်ဆိုရင်တော့ koreanfan.com မှာ ကြည့်လို့ရတယ်ဗျ။ အဲဒီဆိုက်က မဆိုးပါဘူး။ နောက်ပြီး ကိုရီးယားကားတွေက ယူကျုမှာလဲ ရှိတတ်ပါတယ်။ တစ်ချို့ဆို အစအဆုံးတောင် ကြည့်လို့ရတယ်

    ReplyDelete
  2. l like your post

    ReplyDelete
  3. I want my shit bigger! How to?

    ReplyDelete
  4. Very interestring

    ReplyDelete
  5. အကိုကျ​နော်​က အကိုတင်​တဲ့စာသား​တွေ ဇာတ်​လမ်းဆန်​ဆန်​​လေး​တွေကိုသိပ်​ကြိုက်​တဲ့စာဖတ်​ပရိပ်​သတ်​တစ်​​ယောက်​ video​တွေကိုdownမရဘူးဘယ်​လိုdownloadမလည်းဆိုတာ​ဖြေ​ပေးပါ နတ်​ဆိုး

    ReplyDelete
  6. ကောင်းပါတယ်

    ReplyDelete