Sunday 28 July 2013

Lust, Caution (2007)

http://www.imdb.com/title/tt0808357/

ကျနော် ဒီကားလေးကို ပြောချင်နေတာတော့ ကြာပြီ။ ယူကျုမှာများ လွယ်လွယ်ကူကူနဲ့ အစအဆုံးကြည့်လို့ ရနိုင်မလားလို့ လိုက်ရှာနေတာ မတွေ့သေးတာနဲ့ မပြောဖြစ်တာ။ အခုတော့ viooz.co ကနေ အလွယ်ကြည့်လို့ရတယ်လို့ ပြောနေကြလို့ အဲဒီကပဲ ရှာပေးလိုက်တယ်။

ဒီကားကို ရိုက်တဲ့သူကတော့ နာမည်ကြီး ဒါရိုက်တာ Ang Lee ပါ။ ဒီလူက တော်တော်ကြီးကို တော်ပါတယ်။ သူရိုက်တဲ့ကားတွေက တကယ့်နာမည်ကြီးကားတွေများတယ်။ ဒရမ်မာကားတွေ ဖြစ်တာများပြီး၊ တခါတလေ အဲဒီထဲမှာ ခပ်ကြမ်းကြမ်းဆက်စ်အခန်းတွေလည်း ပါတယ်ပေါ့ဗျာ။ ဂေးအကြောင်း ရုပ်ရှင်ကားရိုက်ပြီး အော်စကာဆုရတယ်ဆိုတာ သူပါပဲ။ Brokeback Mountain လို့ပြောလိုက်ရင် ရုပ်ရှင်ကြည့်ပရိတ်သတ်သိကြမှာပါ။ 

အခုလည်း Lust, Caution က ဒရမ်မာကားမှာ ခပ်ကြမ်းကြမ်း ဆက်စ်အခန်းတွေ ရောပြွန်းပြီး ထည့်ထားတဲ့ ရုပ်ရှင်ကားပါ။ ဘယ်လောက်တောင် ရိုက်ချက်တွေက မိုက်သလည်း ဆိုရင်တော့ လူကိုပါးစပ်အဟောင်းသား ဖြစ်လောက်အောင်ကို ကြမ်းတယ်လို့ပြောရမှာပဲ .. ဟီး။ ကျနော်တောင်မှ ဒီထဲမှာ မင်းသားလုပ်တဲ့ Tony Leung နေရာက ငါသာဝင်သရုပ်ဆောင်ချင်တော့တယ်ဆိုပြီး အားကျစိတ်တွေ ဖြစ်မိသေးတယ် . ခွီး။ မဖြစ်ခံနိုင်ရိုးလား။ အဲဒီထဲမှာ သူပေါ်တင် ကြိတ်လိုက်ရတဲ့ မင်းသမီးက တော်တော်မိုက်တယ်။ Tang Wei ဆိုတဲ့ မင်းသမီးလေး၊ အဲဒီမင်းသမီးကလည်း အခုလိုသရုပ်ဆောင်ပြီးနောက်ပိုင်း တရုတ်ရုပ်ရှင်လောကမှာ တော်တော်တောင် သူမနာမည်က ပြောစမှတ် ပြုသွားတယ်။ ကျနော် ဟိုအပတ်တွေက ပြောခဲ့တဲ့ ရှရွန်စတုန်းလိုပေါ့။ တစ်ချက်ထဲနဲ့တင် ကျွင်းဝင်သွားတယ်ပေါ့ဗျာ .. ဒီလိုဆိုရမယ်။

ဇာတ်လမ်းအညွှန်းကတော့ အင်တာနက်မှာလည်း ဖတ်လို့ရနေမယ်ဆိုတော့ ကျနော် သိပ်အကျယ်တ၀င့်ပြောမနေတော့ပါဘူး။ ရှန်ဟိုင်းကို ဂျပန်တွေ သိမ်းပိုက်ကြီးစိုးထားတဲ့အချိန်မှာ၊ ဂျပန်အလိုတော်ရိ အစိုးရအဖွဲ့ထဲက ကြီးကြီးမာစတာတစ်ယောက်ကို လုပ်ကြံဖို့ ကြိုးစားတဲ့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတစ်စုရဲ့  ဇာတ်လမ်းကို ရိုက်ပြထားတာပါ။ ကိုယ့်အတွေးနဲ့ကိုယ် (own version) တွေးကြည့်မယ်ဆိုရင် ကျနော်တို့ ဂျပန်ခေတ်မှာ ကိုယ့်အမျိုးကိုယ်သစ္စာဖောက်ပြီး ထင်တိုင်းကြဲနေတဲ့ ၀ိသမလောဘသမားတစ်ယောက်ကို သတ်ဖို့ကြိုးစားတာနဲ့ တူချင်တူမယ်လို့တောင် မြင်လို့ရပါတယ်။ ကျနော်တောင် ပွင့်ပွင့်လင်းလင်းပြောရရင် အောဇာတ်လမ်းရေးရင် ကောင်းမလားလို့တောင် တွေးနေမိသေးတယ်။ အဲဒီလို အကြောင်းကို ရေးထားတာ လောလောလတ်လတ် ဖတ်ချင်ရင်တော့ ကင်ပေစခန်းမှ ငရဲခန်းဆိုတဲ့ အောစာအုပ်ရှိတယ်။ အင်တာနက်မှာ ရှာဖတ်လို့ရမှာပါ ..။

လောလောဆယ်တော့ တက္ကသိုလ်ကျောင်းသူမလေး (Tang Wei) နဲ့ ဂျပန်အလိုတော်ရိ (Tony Leung) တို့ရဲ့ ကြားက အချစ်၊ အလွမ်း၊ အကြမ်း၊ အရမ်း တွေကို ရှုချင်လျှင် အောက်ကလင့်မှာ အားပေးကြပါလို့သာ ညွှန်းဆိုပါရစေ။ ဆော့ဖ်ကိုးကားလို့ ပြောလို့မရပဲ၊ ဒရမ်မာ စာရင်းဝင်တဲ့ ဒီကားဟာ ဒါရိုက်တာ အစွမ်းနဲ့ သင့်ကို ရင်တဒိန်းဒိန်းခုန်၊ မျက်လုံးအစွမ်းကုန် ပြူးလာအောင် စွမ်းဆောင်နိုင်မှာ သေချာပါတယ်ဗျာ ..။

http://viooz.co/movies/19048-lust-caution-se-jie-2007.html

12 comments:

  1. ဒေါင်းထားလိုက်ပြဗျာ ကြိုက်တယ် အလို soft လေးတွေကနေ Hard ဖက် ကူးကူးလာပြီးမှ ဖြစ်သွားတာလေးတွေ

    ReplyDelete
  2. ဒီကားက ကောင်းတယ်ဗျ။ တကယ်ဆို သူတို့က ဒရမ်မာအနေနဲ့ ရိုက်တာပါ။ ပြောချင်တာက ဟို sex and chopsticks တို့လို အပြာကားမဟုတ်ဘူးလေ။ ဒါပေမယ့် ဘာဖြစ်လို့ ခပ်ကြမ်းကြမ်း ဆက်စ်အခန်းတွေထည့်လဲဆိုတာတော့ ကျနော်လည်း သိပ်သဘောမပေါက်ဘူး။ မင်းသမီးလုပ်တဲ့ ကောလိပ်ကျောင်းသူလေးက ဟိုဘဲကြီးကို စွဲသွားတာကိုပဲ ပြချင်တာမို့လို့လားတော့ မသိဘူး။

    နာမည်ကြီးမင်းသားတွေနဲ့ ရိုက်တာ နောက်တစ်ကားရှိသေးတယ်။ dangerous liasions ကို တရုတ်ဗားရှင်းနဲ့ ပြန်ရိုက်ထားတာ။ သူကတော့ ဘာညာအခန်းသိပ်မပါဘူး။ ဇာတ်လမ်းကတော့ ကောင်းတယ်။ ကြည့်ချင်ရင် ကြည့်လို့ရအောင် ယူကျုကလင့်ကို ရှာပေးလိုက်တယ်။ အင်္ဂလိပ်စာတန်းလည်း ထိုးတယ်။
    http://www.youtube.com/watch?v=GYOGtY2kgYE

    ReplyDelete
  3. 1:34 မိနစ်က အခန်းလေး ကြည့်လို့ရအောင် တင်ပေးတဲ့ ကိုနတ်သားကြီးကို ကျေးဇူးသိပ်တင်တာပဲ မေမေ :P

    ReplyDelete
  4. အစ်ကိုရေ The Dreamers ဇာတ်ကားလေးရှိရင်လုပ်ပါဦး
    မင်းသမီးက Casino Royal ထဲကမင်းသမီးထင်တယ်
    ကြည့်ဖူးတာတော့ကြာပြီဗျ ပြန်ရှာတွေ့တော့တွေ့တယ်.....
    ဒေါင်းရတာမလွယ်လို့.....
    မကြည့်ရသေးတဲ့သူတွေလည်းအဆင်ပြေအောင်ပါ......

    ReplyDelete
  5. how.to download??

    ReplyDelete
  6. ကြိုက်တယါဗျာ

    ReplyDelete